ကြောင်မြီးတို: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - av:ЦӀиркъ
အရေးမကြီး r2.7.2) (ရိုဘော့က ပေါင်းထည့်နေသည် - eu:Katamotz
စာကြောင်း ၈၆ - စာကြောင်း ၈၆ -
[[es:Lynx (animal)]]
[[es:Lynx (animal)]]
[[et:Ilves (perekond)]]
[[et:Ilves (perekond)]]
[[eu:Katamotz]]
[[fa:وشق]]
[[fa:وشق]]
[[fi:Ilvekset]]
[[fi:Ilvekset]]

၂၂:၄၆၊ ၁၄ မတ် ၂၀၁၂ ရက်နေ့က မူ

Lynx[၁]
Eurasian Lynx (Lynx lynx)
မျိုးရိုးခွဲခြားခြင်း
လောက:
မျိုးပေါင်းစု:
မျိုးပေါင်း:
မျိုးစဉ်:
မျိုးရင်း:
မျိုးရင်းသေး:
မျိုးစု:
Lynx

Kerr, 1792
အမျိုးအစား မျိုးစိတ်
Lynx lynx
Linnaeus, 1758
Species

Lynx lynx
Lynx canadensis
Lynx pardinus
Lynx rufus

Lynx ranges

ကြောင်မြီးတိုသည် ကြောင်မျိုးရင်းဝင် ဖြစ်သည်။ ဥရောပ တိုက်၊ အာရှတိုက်နှင့် မြောက်အမေရိကတိုက်တို့၏ မြောက် ဖက်ပိုင်းတွင် နေသည်။ ထိုဒေသများတွင် ယင်းကို လင့်ဟူ၍ ခေါ်သည်။ ကြောင်မြီးတိုတွင် အမြီးငုတ်တို၊ ရှည်လျားသော ခြေတံ လက်တံ၊ ထောင်နေသောနားရွက်များ ရှိ၏။ ကြောင် မျက်စိသူငယ်အိမ်ကဲ့သို့ပင် ကြောင်မြီးတိုမျက်စိသူငယ်အိမ်သည် နေ့ဖက်အလင်းများချိန်တွင် မျှင်⁠မျှင်ကလေး သေးသွယ် ကျဉ်းမြောင်းသွား၍၊ ညဥ့်ဖက်မှောင်ချိန်ရောက်မှ ကြီးမား ဝိုင်းဝန်းလာသည်။

ကြောင်မြီးတိုသည် အလွန်မျက်စိရှင်လေသည်။ ယုန်ပေါ သော အချိန်များတွင် ယုန်ကို ဖမ်းယူစားသောက်၏။ ယုန် မရသောအခါတွင် ကြက်ငှက်နှင့် တိရစ္ဆာန်ငယ်တို့ကို သတ်ဖြတ်စားသည်။ သစ်ပင်အတက်၊ ရှဉ့်အလိုက် အလွန် ကောင်းလှသည်။ အသိုက်တွင်း ငှက်ငယ်များကို သတ်ဖြတ် ရာ၌၄င်း၊ တောကောင်ကလေးများကို ချောင်းမြောင်း ခုတ်ဖမ်း ရာ၌၄င်း၊ ကြောင်မြီးတိုသည် ကျင်လည်သည်။

ဆောင်းရာကျရောက်၍ ရေခဲများဖုံးလွှမ်းသောအခါ အစာ ငတ်ပြတ်နေသည့် သတ္တဝါကလေးများကို ခုတ်ဖမ်း၏။ အစာ အလွန်ရှားပါးသောအခါများ၌ ငှက်သေများကိုပင် စားတတ် သည်။ အအေးဒဏ်ကို ခံနိုင်ရန် ကြောင်မြီးတို၌ ထူထဲသော သားမွေးရှိ၏။ ဆောင်းတွင်းအခါ ထိုသားမွေးသည် ပို၍ရှည် လာသည်။ ကြောင်မြီးတိုကို အချို့လူများက သားမွေးရလို၍ ဖမ်းဆီးကြ၏။ သို့သော် ယင်းကိုဖမ်းရန်မှာ မလွယ်ကူလှပေ။ အခုန်အပေါက် အပြေးအလွှားကလည်းမြန်၊ ရေကူးကလည်း သန်သောကြောင့် ကြောင်မြီးတိုသည် တမဟုတ်ခြင်း ပျောက် ကွယ်သွားတတ်သည်။

ညအခါ ကြောင်မြီးတို အော်လိုက်သောအသံသည် ကြောက်မက်ဖွယ်ကောင်း၏။ စူးရှစွာ တစ်ချက်အော်လိုက်ပြီး နောက် တိတ်ဆိတ်သွားတော့သည်။ ထိုသို့အော်ရာတွင် အကြောင်းရှိ၏။ ကြောင်မြီးတိုသည် သားကောင် ကလေးများ ကို လိုက်လံဖမ်းဆီးသောအခါ သားကောင်ကလေးများသည် ရန်သူမမြင်နိုင်အောင် ငြိမ်သက်စွာ ဝပ်နေတတ်ကြ၏။ ကြောင် မြီးတိုသည် ခုတ်ရန်ချိန်ရွယ်ထားပြီးနောက် စူးရှစွာ အော်လိုက် သည်။ ထိုအခါ သားကောင်ကလေးတို့သည် ကြောက်လန့်၍ ထခုန်လိုက်သည်နှင့် တပြိုင်နက် ခုတ်ဖမ်းလိုက်သည်။ ကနေဒါနိုင်ငံ၌ရှိသော ကြောင်မြီးတို၏ သားမွေးသည် မီးခိုးရောင်အောက်ခံတွင် အညိုပြောက်များ ရှိ၍ အလွန် အဖိုး တန်သည်။ [၂]

ကိုးကား

  1. Wozencraft၊ W.C. (2005)။ "ကာနီဗိုရာ မျိုးစဉ်"။ in Wilson၊ D.E.; Reeder၊ D.M (eds.)။ ကမ္ဘာပေါ်တွင်ရှိသော နို့တိုက်သတ္တဝါမျိုးစိတ်များ: မျိုးရိုးခွဲခြားခြင်းနှင့် ပထဝီမြေမျက်နှာပြင်ဆိုင်ရာ ရည်ညွှန်းကျမ်း (3rd ed.)။ Johns Hopkins University Press။ pp. 541–542။ ISBN 978-0-8018-8221-0OCLC 62265494
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)