ဂျွန် ဂေါဇွာသီ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.5.2) (ရိုဘော့က ပေါင်းထည့်နေသည် - nn:John Galsworthy
အရေးမကြီး r2.7.2) (ရိုဘော့က ပေါင်းထည့်နေသည် - eu:John Galsworthy
စာကြောင်း ၆၀ - စာကြောင်း ၆၀ -
[[es:John Galsworthy]]
[[es:John Galsworthy]]
[[et:John Galsworthy]]
[[et:John Galsworthy]]
[[eu:John Galsworthy]]
[[fa:جان گلسورتی]]
[[fa:جان گلسورتی]]
[[fi:John Galsworthy]]
[[fi:John Galsworthy]]

၁၁:၃၉၊ ၁၄ မတ် ၂၀၁၂ ရက်နေ့က မူ

ဂျွန် ဂေါဇွာသီ

ဂေါဇွာသီ ဂျေ(ခရစ် ၁၈၆၇-၁၉၃၃)

ဂျွန်ဂေါဇွာသီမှာ အင်္ဂလိပ်လူမျိုး ဝတ္ထုရေးဆရာနှင့် ပြဇာတ် ရေး ဆရာကြီး ဖြစ်၏။ ၁၈၆၇ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့ တွင် အင်္ဂလန်ပြည် ဆာရီခရိုင်၊ ကင်းစတန်မြို့၌ ဖွားမြင်သည်။ ဂေါဇွာသီသည် လူချမ်းသာ၏ သားဖြစ်သည့်အားလျော်စွာ လူကုံ သားသမီးများသာ သွားရောက်သင်ကြားနိုင်သော ဟယ်ရို ကျောင်းနှင့် အောက်စဖို့တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သည်။ သူသည် ဝတ်လုံစာမေးပွဲကို အောင်မြင်ခဲ့သော်လည်း ရှေ့နေ အလုပ်ဖြင့် အသက်မွေးရန် ရည်ရွယ်ရင်း မရှိခဲ့ပေ။ သို့ဖြစ်ရ ကား သူသည် ကျောင်းမှထွက်သောအခါ ဥရောပနိုင်ငံများသို့ လှည့်လည်သွားရောက်ကာ ဒေသန္တရဗဟုသုတများ ရှာမှီးခဲ့ သည်။

အင်္ဂလန်ပြည်သို့ ပြန်ရောက်သောအခါ ဂေါဇွာသီသည် စာရေးခြင်းအလုပ်ကို စတင်လုပ်ကိုင်သည်။ သူသည် ဝတ္ထုများ ကို အများဆုံး ရေးခဲ့သည်။ ၁၉ဝ၆ ခုနှစ်တွင် ထုတ်ဝေသော 'ပစ္စည်းရှင်' ဝတ္ထုမှာ ဂေါဇွာသီ၏ ပွဲဦးထွက် ဝတ္ထုဖြစ်သည်။ ထိုဝတ္ထု၏ဇာတ်လိုက်မှာ ဆုမ်းဖောဆိုက်ဖြစ်၍ ထိုဇာတ်လိုက် ပါဝင်သော ဝတ္ထုများကို တစ်ခုပြီးတစ်ခု ဆက်လက် ရေးသား ခဲ့သည်။

ဂေါဇွာသီသည် သူရေးသားသော ဝတ္ထုများတွင် ၂ဝ ရာစု နှစ်ဦးက အင်္ဂလန်ပြည်ရှိ လူလတ်တန်းစားတို့၏ ဘဝကို ဖော်ပြခဲ့သည်။သူ့ခေတ်က လူနေမှုစနစ်ကို ပြုပြင် ပြောင်းလဲပစ် လိုသော ဆန္ဒကို ဖော်ပြပြီးလျှင် လူချင်းမတူဝါဒစွဲကို ပြင်းထန် စွာ တိုက်ဖျက်လေသည်။

ဂေါဇွာသီသည် ဝတ္ထုများကိုသာမဟုတ် ပြဇာတ်များနှင့် ကဗျာများကိုလည်း ရေးသားခဲ့သည်။ 'ငွေသေတ္တာ' ပြဇာတ် တစ်ခုတည်းနှင့်ပင် နာမည်ကျော်ကြားခဲ့သည်။ ထိုနောက် ပြဇာတ်များကို ဆက်ကာဆက်ကာ ရေးသားခဲ့၏။ ထိုပြဇာတ် များတွင် လူ၏ စာရိတ္တမဏ္ဍိုင် ပျက်စီးမှုကို ဝေဖန်ထား၏။ ၁၉၂၉ ခုနှစ်တွင် ဂေါဇွာသီသည် အို၊ အမ် (အော်ဒါအော့ မဲရစ်)ဘွဲ့ထူးကို ရရှိခဲ့၏။ ၁၉၃၂ ခုနှစ်တွင် စာပေအတွက် နိုဘယ်ဆု ချီးမြှင့်ခြင်း ခံရပြန်သည်။ ထိုနောက် ၁၉၃၃ ခုနှစ် အသက် ၆၆ နှစ်တွင် ကမ္ဘာကျော် စာရေးဆရာကြီး ဂေါဇွာသီ သည် ကွယ်လွန်သွားလေသည်။

[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)