အိုဆာကာမြို့: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
အရေးမကြီး The file Image:Japan_Osaka.png has been removed, as it has been deleted by commons:User:Jameslwoodward: ''Per commons:Commons:Deletion requests/File:Japan Osaka.png''. ''Translate me!''
စာကြောင်း ၁ - စာကြောင်း ၁ -

[[File:Japan Osaka.png|thumb|အိုဆာကာမြို့]]
အိုဆာကာမြို့သည် [[ဂျပန်နိုင်ငံ]]၏ ပင်မကျွန်းဖြစ်သော [[ဟွန်ရှူးကျွန်း]]ပေါ်ရှိ မြို့တစ်မြို့ ဖြစ်ပြီး အိုဆာကာ ပရီဖက်ချာ၏ မြို့တော်ဖြစ်သည်။ [[ကျိုတိုမြို့]]၊ အိုဆာကာမြို့နှင့် [[ကိုဘေးမြို့]]တို့ ပါဝင်သော ကေဟန်ရှင်း ဧရိယာတွင် အကြီးဆုံးအပိုင်းလည်း ဖြစ်သည်။ အိုဆာကာ ပင်လယ်အော် ပေါ်ရှိ ယိုဒိုမြစ်ဝတွင် တည်ရှိပြီး ဂျပန်နိုင်ငံ အတွင်း [[တိုကျိုမြို့]] နှင့် [[ယိုကိုဟားမားမြို့]] တို့ပြီးလျှင် လူဦးရေ အများဆုံးမြို့ဖြစ်သည်။

၀၃:၄၅၊ ၉ မတ် ၂၀၁၂ ရက်နေ့က မူ

အိုဆာကာမြို့သည် ဂျပန်နိုင်ငံ၏ ပင်မကျွန်းဖြစ်သော ဟွန်ရှူးကျွန်းပေါ်ရှိ မြို့တစ်မြို့ ဖြစ်ပြီး အိုဆာကာ ပရီဖက်ချာ၏ မြို့တော်ဖြစ်သည်။ ကျိုတိုမြို့၊ အိုဆာကာမြို့နှင့် ကိုဘေးမြို့တို့ ပါဝင်သော ကေဟန်ရှင်း ဧရိယာတွင် အကြီးဆုံးအပိုင်းလည်း ဖြစ်သည်။ အိုဆာကာ ပင်လယ်အော် ပေါ်ရှိ ယိုဒိုမြစ်ဝတွင် တည်ရှိပြီး ဂျပန်နိုင်ငံ အတွင်း တိုကျိုမြို့ နှင့် ယိုကိုဟားမားမြို့ တို့ပြီးလျှင် လူဦးရေ အများဆုံးမြို့ဖြစ်သည်။

ကေဟန်ရှင်းသည် လူဦးရေ အားဖြင့် ကြည့်လျှင် ဂျပန်နိုင်ငံအတွင်း တိုကျိုမြို့ပြီးလျှင် ဒုတိယမြောက် အကြီးဆုံးဖြစ်ပြီး ကမ္ဘာပေါ်တွင်လည်း လူဦးရေ အားဖြင့် အများဆုံးသော မက်ထရိုပိုလစ်တန် ဒေသများတွင် တစ်ခု အပါအဝင်ဖြစ်၍ လူဦးရေ ၁၈ သန်းမျှ ရှိသည်။ ဂျီဒီပီ အနေဖြင့် ကြည့်လျှင် ဂျပန်နိုင်ငံအတွင်း ဒုတိယမြောက် အများဆုံး ဧရိယာဖြစ်ပြီး ကမ္ဘာပေါ်တွင် သတ္တမမြောက် အများဆုံး ဧရိယာ ဖြစ်သည်။

သမိုင်းကြောင်းအားဖြင့် အိုဆာကာမြို့သည် စီးပွားရေးမြို့တော် တစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံ စီးပွားရေးအား ထိန်ချုပ်မောင်းနှင်သည့် မြို့တော် တစ်ခုပင်ဖြစ်သည်။ နေ့ဘက် နှင့် ညဘက် လူဦးရေ အချိုး အစားမှာ ၁၄၁ % မျှ ရှိသဖြင့် ဂျပန်နိုင်ငံအတွင်း အချိုးအဆ အများဆုံးဖြစ်သည်။ ထိုအချက်က စီးပွားရေး အချက်အချာ ဒေသဖြစ်ရခြင်းကို ပိုမိုသိသာ ထင်ရှားစေသည်။ ညဘက် လူဦးရေ မှာ ၂.၆ သန်းမျှ ရှိပြီး ဂျပန်နိုင်ငံ အတွင်း အများဆုံးဖြစ်သည်။ နေ့ဘက်လူဦးရေမှာ ၃.၇ သန်းရှိပြီး တိုကျိုမြို့ ပြီးလျှင် အများဆုံး ဖြစ်သည်။ အိုဆာကာအား မြေရှင်ပဒေသရာဇ်ခေတ် ကာလအတွင်းက နိုင်ငံ၏ မီးဖိုဆောင်အဖြစ် တင်စားခေါ်ဝေါ်ကြသည်။ အကြောင်းမှာ ထိုအချိန်က ဆန်စပါး ရောင်းဝယ်မှု ပြုရာ ဒေသဖြစ်ခဲ့ပြီး အိုဆာကာသည် ကမ္ဘာပေါ်တွင် ပထမဆုံး ခေတ်သစ် ကုန်စည်ဖလှည်သည့် ဈေးကွက် ဒေသဖြစ်ခဲ့လေသည်။