အာဘီယမ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.6.5) (ရိုဘော့က ပေါင်းထည့်နေသည် - ga:Eirbiam
အရေးမကြီး r2.5.4) (ရိုဘော့က ပေါင်းထည့်နေသည် - ka:ერბიუმი
စာကြောင်း ၈၂ - စာကြောင်း ၈၂ -
[[jbo:jinmrberbi]]
[[jbo:jinmrberbi]]
[[jv:Erbium]]
[[jv:Erbium]]
[[ka:ერბიუმი]]
[[ko:어븀]]
[[ko:어븀]]
[[kv:Эрбий]]
[[kv:Эрбий]]

၀၇:၁၉၊ ၆ မတ် ၂၀၁၂ ရက်နေ့က မူ

အာဘီယမ် (Erbium)
နူးညံ့ပျော့ပြောင်းပြီး ငွေရောင်သတ္တု
အက်တမ် အမှတ်စဉ်၆၈
အက်တမ် အလေးချိန်167.26 g.mol -1
သိပ်သည်းဆ9.2 g.cm-3 at 20°C
အီလက်ထရို နက်ဂတစ်ဗတီး၁.၂
အရည်ပျော်မှတ်1522 °C
ဗင်န်ဒါဝေါလ် အချင်းဝက်မသိ
အိုင်ယွန်နစ် အချင်းဝက်မသိ
အိုင်ဆိုတုပ် မျိုးကွဲပေါင်း
အီလက်ထရွန်းနစ် ရှဲလ်[ Xe ] 4f12 6s2
ပထမ အိုင်ရွန်နိုင်ဇေးရှင်း
ဖြစ်ရန် လိုသောစွမ်းအင်
587.6 kJ.mol -1
ရှာဖွေတွေ့ရှိသူCarl Mosander
တွေ့ရှိသည့် ခုနှစ်၁၈၄၃ ခုနှစ်


အာဘီယမ်သည် နူးညံ့ပျော့ပြောင်းပြီး တောက်ပသော ငွေရောင်ရှိ သတ္တု တစ်မျိုးဖြစ်သည်။ ၎င်း၏ အင်္ဂလိပ်စာလုံးပေါင်းမှာ Erbium ဖြစ်ပြီး ဓာတုသင်္ကေတမှာ Er ဖြစ်သည်။ ၎င်းသတ္တုသည် လေထဲတွင် အလွန်တည်ငြိမ်ပြီး ရေ၊ အောက်ဆီဂျင်တို့နှင့် အလွန်နှေးကွေးစွာ ဓာတ်ပြုပါသည်။ အက်ဆစ်များထဲတွင် ပျော်ဝင်သည်။ ၎င်း၏ဆားများသည် ပန်းရောင်ရှိသည်။

အသုံးပြုခြင်း

အာဘီယမ်ကို Vanadium နှင့်ပေါင်းပြီး ပိုမိုခိုင်မာသော သတ္တုစပ်အဖြစ် ပြုလုပ်အသုံးပြုကြသည်။ အာဘီယမ်သည် အနီအောက်ရောင်ခြည်ကို တားဆီးနိုင်သည့်အတွက် ဖန်ထည်ပုံသွင်းသူများနှင့် ဂဟေဆက်အလုပ်သမားများအတွက် မျက်ကာမှန်များတွင် ထည့်သွင်းအသုံးပြုသည်။ ဓာတ်ပုံကင်မရာများတွင် ရှေ့ကာမှန်များတွင်လည်း ပိုတိုဂရပ်ဖစ် အကာများအဖြစ် အသုံးပြုကြသည်။ အာဘီယမ်သည် ပန်းရောင်ရှိခြင်းကြောင့် ကြွေထည်ပစ္စည်းများတွင် အရောင်တင် ကြွေရည်အဖြစ်လည်း အသုံးပြုသည်။

ပတ်ဝန်းကျင်တွင် တွေ့ရှိရမှု

အာဘီယမ်ကို သဘာဝတွင် လွတ်လပ်သော ဒြပ်စင်အဖြစ် မတွေ့ရပါ။ ၎င်းကို ရှားပါးဒြပ်စင်များနှင့်သာ ပေါင်းစပ်တွေ့ရှိရသည်။ ရှားပါးဒြပ်စင်များထဲတွင် ပိုမိုပေါများသော ဒြပ်စင်တစ်ခုဖြစ်သည်။ အဓိကသတ္တုတွင်းနေရာများမှာ တရုတ်နှင့် အမေရိကန်တို့ဖြစ်သည်။ အဓိက သတ္တုရိုင်းများမှာ Monazite and Bastanite တို့ဖြစ်သည်။ ၎င်းသတ္တုရိုင်းများတွင် ပိုမိုများပြားသော အာဘီယမ် ပမာဏ ပါရှိသည်ကို တွေ့ရသည်။ ၎င်းဒြပ်စင်အတွက် ပိုကောင်းသော အရင်းအမြစ်များမှာ Xenotime and Euxenite တို့ဖြစ်သည်။ ကမ္ဘာ့ထုတ်လုပ်မှုနှုန်းမှာ တစ်နှစ်လျှင် တန်ပေါင်း ၅၀၀ ရှိပါသည်။

နေရောင်ခံပြီး ရရှိလာသောအာဘီယမ် ၃ ကလိုရိုက်ဒ်ဆား
အာဘီယမ်အား အရောင်တင်ကြွေရည်အဖြစ်အသုံးပြုထားသော ဖန်ပန်းကန်လုံးတစ်ခု

ကျန်းမာရေးဆိုင်ရာအကျိုးသက်ရောက်မှုများ

အာဘီယမ်သည် ခန္ဓာကိုယ်အတွက် ဇီဝဖြစ်ပျက်မှုကို လှုံ့ဆော်ပေးသည်ဟု သတ်မှတ်ထားရှိသော်လည်း ဇီဝဗေဒအခန်းကဏ္ဍတွင် ပါဝင်မှု မရှိပါ။ လူ့ခန္ဓာကိုယ်ထဲတွင် အာဘီယမ်ပါဝင်မှု ပမာဏကို သိရှိရန်အတွက်ကား ခက်ခဲလှသည်။ အရိုးထဲတွင် ပါဝင်မှုအမြင့်ဆုံးဖြစ်ပြီး အသည်းနှင့် ကျောက်ကပ်ထဲတွင် ပါဝင်မှု နည်းပါသည်။

ပတ်ဝန်ကျင်သို့ အကျိုးသက်ရောက်မှု

အာဘီယမ်သည် အပင်များနှင့် သတ္တဝါများကို ပတ်ဝန်းကျင်ဆိုင်ရာ မည်သည့် ထိခိုက်မှုမျှ မဖြစ်စေပါ။ [၁]

ကိုးကား

  1. ဒြပ်စင်အလှည့်ကျဇယား ရေးဆွဲမှုပရောဂျက်တွင် ပါဝင်သူ ကိုအောင်မျိုးသူမှ ဘာသာပြန်ဆိုသည်။