ရေနွေးငွေ့ အင်ဂျင်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.6.4) (ရိုဘော့က ပေါင်းထည့်နေသည် - ps:د بړاس ماشين
အရေးမကြီး r2.6.5) (ရိုဘော့က ပေါင်းထည့်နေသည် - kk:Бу машинасы
စာကြောင်း ၆၇ - စာကြောင်း ၆၇ -
[[ja:蒸気機関]]
[[ja:蒸気機関]]
[[jv:Mesin uwab]]
[[jv:Mesin uwab]]
[[kk:Бу машинасы]]
[[ko:증기 기관]]
[[ko:증기 기관]]
[[la:Machina vaporaria]]
[[la:Machina vaporaria]]

၁၈:၀၀၊ ၂ မတ် ၂၀၁၂ ရက်နေ့က မူ

ရေနွေးငွေ့အင်ဂျင် ပုံကြမ်း 1 - piston 2 - piston rod 3 - crosshead bearing 4 - connecting rod 5 - crank 6 - eccentric valve motion (valve that moves irregularly) 7 - flywheel (a special large wheel) 8 - sliding valve 9 - centrifugal governor

ရေနွေးငွေ့အင်ဂျင် သည် ပွက်ပွက်ဆူနေသော ရေမှ ထွက်လာသော အငွေ့ကို သုံးကာ လည်ပတ်သော အင်ဂျင် ဖြစ်သည်။ ရေနွေးငွေ့၏ အပူစွမ်းအင်မှ အရွေ့စွမ်းအင် သို့ ပြောင်းကာ စက်များလည်ပတ်စေခြင်းဖြင့် စက်ရုံများတွင်သော်လည်းကောင်း၊ ရထားများ၊ သင်္ဘောများတွင် သော်လည်းကောင်း သုံးသည်။

ရေနွေးငွေ့အင်ဂျင် ကို ဂျိမ်းစ်ဝပ် က ၁၇၇၆ ခုနှစ်လောက် တွင် တည်ထွင်ခဲ့ပြီး မြင်းများ၊ လေရဟတ်များ၊ ရေရဟတ်များ ကို အစားထိုးကာ စက်မှုတော်လှန်ရေး ၏ အရေးပါသော အခန်းမှ ပါဝင်ခဲ့သည်။

ပထမဆုံး ပေါ်သော ရေနွေးငွေ့အင်ဂျင် အမျိုးမှာ ပစ္စတင် အင်ဂျင်အမျိုးအစား ဖြစ်သည်။ ရေငွေ့၏ ဖိအားက ပစ္စတင် ကို ဆလင်ဒါ တလျှောက် တွန်းသောကြောင့် reciprocal ဟုခေါ်သော ရှေ့နောက် လှုပ်ရှားမှု ဖြစ်ပေါ်သည်။ ထိုမှ ပန့်များကို တိုက်ရိုက်သုံးခြင်း သို့မဟုတ် ကရိုင်းရှပ်မှ တဆင့် ဝိတ်ဘီးကို လည်စေခြင်းဖြင့် စက်များကို အလုပ်လုပ်စေသည်။

ရေနွေးငွေ့အင်ဂျင် များကို စက်ရုံများတွင် စက်များကို လည်စေရန် လည်းကောင်း မိုင်းတွင်းများတွင် ပန့်များကို အလုပ်လုပ်စေရန် လည်းကောင်း အသုံးပြုကြသည်။

နောက်ပိုင်းတွင် ပို၍ သေးငယ်သော အင်ဂျင်များကို တီထွင်လာကာ မီးရထားများ နှင့် မီးသင်္ဘောများတွင် အသုံးပြုကြသည်။

ရေနွေးငွေ့အင်ဂျင် တွင် ရေနွေးငွေ့စွမ်းအင် ကို ဘွိုင်လာ အိုးထဲတွင်စတင် ဖြစ်ပေါ်သည်။ ဘွိုင်လာထဲမှ ရေကို အပူပေး၍ ရေနွေးငွေ့ဖြစ်စေကာ ထို ရေနွေးငွေ့ မှ ပစ္စတင် သို့မဟုတ် တာဘိုင်ဒလက်ကို ရွေ့စေခြင်း ဖြစ်သည်။ ထိုအရွှေ့မှ အခြားဝိတ်ဘီးများ သို့မဟုတ် စက်များကို လည်စေခြင်း ဖြစ်သည်။ ရေကို အပူပေးရန် ထင်းကျောက်မီးသွေးလောင်စာဆီ စသော လောင်စာအမျိုးမျိုးကို အသုံးပြုသည်။

ယခုအခါတွင်မှု ရေနွေးငွေ့အင်ဂျင် အများစု သည် ပစ္စတင်များ မပါရှိသော တာဘိုင်အမျိုးအစားများ ဖြစ်ပြီး ဒလက်များကို ရေနွေးငွေ့ဖြင့် လည်စေခြင်း ဖြစ်သည်။ ၎င်းအမျိုးအစားသည် မူလ ပစ္စတင် ပါသောအမျိုးအစား ထက်များစွာ ကောင်းမွန်သည်။ ၎င်းတို့ကို လျှပ်စစ်ထုတ်လုပ်ရေး စက်ရုံများ တွင် သုံးသည်။ အချို့သော ကြီးမားသည့် စစ်သင်္ဘောများ တွင် လည်း သုံးကြသေးသည်။