ဂုတ်ထိပ်တံတား: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး Robot: Cosmetic changes
အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - en:Goteik viaduct
စာကြောင်း ၇၂ - စာကြောင်း ၇၂ -
[[Category:ဒေသ]]
[[Category:ဒေသ]]
[[Category:သမိုင်း]]
[[Category:သမိုင်း]]

[[en:Goteik viaduct]]

၁၄:၄၆၊ ၁၂ ဖေဖော်ဝါရီ ၂၀၁၂ ရက်နေ့က မူ

ဂုတ်ထိပ်တံတား(Photo by-Shiro Shimamura, Keizo Okuma)

ဂုတ်ထိပ်တံတား

မန္တလေး-လားရှိုးလမ်း၊ နောင်ချိုဘူတာအလွန် (၇)မိုင်အကွာတွင် တည်ရှိသည်။ ၁၉၀၃-ခုနှစ်တွင် ဆောက်လုပ်ပြီးစီးသည်။ အခြား မီးရထားလမ်း တံတားကြီးများကဲ့သို့ မြစ်ချောင်းများကို ဖြတ်ကျော် တည်ဆောက်ထားခြင်း မဟုတ်ပေ။ ဂုတ်တွင်းခေါ် ဒေသကြီးရှိ ပေ ၃၀၀-ကျော် မတ်စောက်သည့် လျှိုကြီးနှစ်ဘက်ကို ဖြတ်ကျော် တည်ဆောက်ထားခြင်း ဖြစ်သည်။ ပေ ၁၂၀-ရှည်သော အလျားကူး သံဘောင်ကြီး ၁၀-ခု၊ ပေ ၆၀-ရှည်သော အလျားကူး သံဘောင်ကြီး ၁၆-ခုတို့ဖြင့် သံမဏိတိုင်ကြီး ၁၆-တိုင်ပေါ်၌ ခဲရာခဲဆစ် တည်ဆောက်ခားသည်။ ဂုတ်ထိပ်တံတားကြီး၏ အရှည်မှာ ၂၂၆၀-ပေ ရှိသည်။ တံတားကြီး အောက်ခြေရှိ ရေမြောင်းကလေး၏ ရေမျက်နှာပြင်မှ တိုင်းတာလျှင် ပေပေါင်း ၁၁၀၀-မြင့်သည်။ ဂုတ်တွင်းကြီးထိပ်၌ တည်ဆောက်ထား၍ ဂုတ်ထိပ်တံတားဟု ခေါ်ခြင်းဖြစ်သည်။ ရှမ်းဘာသာဖြင့် ““ငုပ်ထိပ်” ဟု ခေါ်ရာမှ ဂုတ်ထိပ် ဖြစ်လာသည်ဟုလည်းဆိုသည်။ [၁]

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနယ်တွင် ရှမ်းဘာသာဖြင့် ဟိုကွတ်ဟုခေါ်သောရွာရှိသည်။ ဗြိတိသျှတို့က ရှမ်းပြည်နယ်၏ အုပ်ချုပ်ရေးကို စီမံခန့်ခွဲသော ခရစ် ၁၈၉၈ ခုနှစ်လောက်က ထိုရွာမှ ရွာပေါင်း ၄၈ ရွာကို ကြီးမှူးရသည့် တိုက်နယ်ဗဟို ဌာန ဖြစ်သည်။ ထိုရွာကို မြန်မာတို့က ငုတ်ထိပ်ဟု ခေါ်ကြ သည်။ ဟိုကွတ်နှင့် ငုတ်ထိပ်ဟူသော အခေါ်မှာ ထိုနေရာ ဒေသတွင် မြစ်ချောင်းများ ငုပ်လျှိုးကွယ်ပျောက်၍ သွားသည်ကို အစွဲပြု၍ ခေါ်ခြင်းဖြစ်သည်။ ထိုရွာနားတွင် နမ်းပဆေးမြစ် သည် မြေကြီးထဲသို့ ထိုးဝင်စီးဆင်းပြီးနောက် အခြားတစ်နေရာ တွင် မြစ်ကြောင်းပေါ်သည်။ ကာလရွေ့လျောလာ သောအခါ ငုပ်ထိပ်ကို ဂုတ်ထိပ်ဟု အများက ခေါ်ဝေါ်လာကြသည်။

ဂုတ်ထိပ်သည် ထိုနမ်းပဆေးမြစ်ကြောင့်သာ ထင်ရှားခဲ့သည် မဟုတ်။ ကမ္ဘာပေါ်တွင် အမြင့်အားဖြင့် ဒုတိယဖြစ်သော တံတားဟူ၍ ကျော်ကြားသော ဂုတ်ထိပ်တံတားကြောင့်လည်း ပို၍ထင်ရှားသည်။ ခရစ် ၁၈၉၇ ခုနှစ်တွင် ဗြိတိသျှအစိုးရ သည် မန္တလေးမှ ဗန်းမော်သို့ မီးရထားလမ်း ဖောက်လုပ်ရာ မန္တလေးမှ ကွမ်းလုံသို့ မီးရထားလမ်း ဖောက်လုပ်ရန်လည်း လိုအပ်သည်ကို တွေ့ရှိလာကြသည်။ ထို့ကြောင့် ဂုတ်ထိပ် တံတားကို စတင်ဆောက်လုပ်ရန် မြန်မာပြည်အစိုးရက စီမံ လေသည်။

ဂုတ်ထိပ်တံတားမှာ မန္တလေးမှ ကွမ်းလုံ မီးရထားလမ်းရှိ နောင်ချိုဘူတာ အလွန်တွင် မီးရထားမိုင်တိုင်အမှတ် ၄၆၃ / ဝ-၉ ရှိသော ကျောက်ဂူကြီးအပေါ်သို့ဖြတ်၍ တောင်ထိပ် ၂ ခုကို ဆက်သွယ်ထားသည်။ ဂုတ်ထိပ်တံတားကို မြန်မာပြည် အစိုးရသည် အမေရိကန်နိုင်ငံ ပင်ဆီလဗေးနီးယားနှင့် မေရီလန် တံတား ဆောက်လုပ်ရေးကုမ္ပဏီအား ငှါးရမ်းကာ ဆောက်လုပ် စေသည်။ ဆောက်လုပ်၍ ကုန်ကျငွေမှာ ၁၆၉၈၂ဝဝ ကျပ် ဖြစ်သည်။ ဂုတ်ထိပ်တံတား၏ အလျားမှာ ပေ ပေါင်း ၂၂၆ဝ ဖြစ်၍ တံတားသံခြေတိုင်အချို့မှာ အနိမ့်ဆုံး ချောင်းမြောင်း ချိုင့်ဝှမ်းမှသည် မီးရထားသံလမ်းအထိ ပေ ၁၁ဝဝ အထိ မြင့်သည်ဟု ဆိုသည်။

ထိုတံတားကို ဆောက်လုပ်ရာ၌ သံနှင့် သံမဏိတန်ချိန် ၄၃၁၁ တန်နှင့် သံမှိုပေါင်း ၁ဝဝဝဝဝဝ ကို သုံးစွဲရသည်။ ထိုတံတားသည် နမ္မတူသတ္တုတွင်း တူးဖော်ရေးလုပ်ငန်း၏ သယ်ယူပို့ဆောင်ရေးတွင် အရေးပါလေသည်။ မြန်မာနိုင်ငံ စီးပွားရေးကိုလည်း များစွာ အထောက်အပံ့ပြုသည်။ ထို အကြောင်းတို့ကြောင့် ဒုတိယကမ္ဘာစစ်ကြီးတွင် မဟာမိတ်တို့၏ မြေလှန်စနစ်အရ ဂုတ်ထိပ်တံတားသည် ဖျက်ဆီးခြင်းခံရသည်။ သို့သော် သံတိုင်အမှတ် ၂ နှင့် ၅ သာ ပျက်စီးခဲ့သည်။ ထို့နောက်တစ်ဖန် မြန်မာနိုင်ငံမှ ဆုတ်ခွာပေးရသော ဂျပန်တို့ သည် တံတား၏ အမြင့်ဆုံးတိုင်များ သံတိုင်အမှတ် ၉၊ ၁ဝ၊ ၁၁ နှင့် ၁၂ တို့ကို အောက်ခြေမှစ၍ ဗုံးဖောက်ခွဲကာ ဖျက်ဆီး ခဲ့ပြန်သည်။ ထို့ကြောင့် သံတိုင်အမှတ် ၉ မှာ အနည်းငယ် ပျက်စီးသည်။ အမှတ် ၁ဝ နှင့် ၁၂ တို့မှာ ပြို၍လဲလေသည်။ အမှတ် ၁၁ မှာမူ အောက်ခြေပြတ်သော်လည်း မလဲချေ။ ထို တိုင်များပေါ်ရှိ ပေပေါင်း ၁၂ဝ စီရှည်သော ပေါင်းကူးသံဘောင် ၄ ခုမှာမူ မြေသို့ လျှောကျရလေသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးခေတ်၌ ထိုတံတားကို နိုင်ငံခြားကုမ္ပဏီများ ငှားရမ်း၍ပြင်ရန် စီစဉ်ခဲ့သော်လည်း ထို ကုမ္ပဏီများက တင်ဒါတင်သွင်းသော အဖိုးနှုန်းမှာ ကြီးလေးလှ သဖြင့် မြန်မာနိုင်ငံ မီးရထားဌာနကပင် ဦးစီး၍ ပြင်ဆင်ခဲ့ လေသည်။ ယင်းသို့ ပြင်ဆင်သောလုပ်ငန်း ၁၉၄၈ ခု၊ မေလက စတင်ခဲ့သော်လည်း ပစ္စည်းရှားပါး၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့် ၁၉၅၁ ခု၊ ဩဂုတ်လအတွင်း၌သာ ပြီးစီး ခဲ့လေသည်။ ပြန်လည် ပြုပြင်တည်ဆောက်ရသည့် စရိတ်မှာ ၃၂ သိန်းခန့် ဖြစ်သည်။[၂]

ကိုးကား

  1. မောင်ကြည်သန့် ရေး မြန်မာမြို့ရွာဒေသ ဝေါဟာရ(၂၀၀) စာအုပ်မှ
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)