တရုတ်စံကား: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - nl:Plumeria
အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - fi:Temppelipuut
စာကြောင်း ၄၉ - စာကြောင်း ၄၉ -
[[en:Plumeria]]
[[en:Plumeria]]
[[es:Plumeria]]
[[es:Plumeria]]
[[fi:Temppelipuut]]
[[fr:Plumeria]]
[[fr:Plumeria]]
[[he:פלומריה ריחנית]]
[[he:פלומריה ריחנית]]

၁၄:၂၇၊ ၁၂ ဖေဖော်ဝါရီ ၂၀၁၂ ရက်နေ့က မူ

တရုတ်စံကား
Plumeria sp.
မျိုးရိုးခွဲခြားခြင်း
လောက:
(unranked):
(unranked):
(unranked):
မျိုးစဉ်:
မျိုးရင်း:
မျိုးရင်းသေး:
မျိုးဇာတ်:
မျိုးစု:
Plumeria

Pagoda Tree (တရုတ်စံကား)

  • Botany Term : Plumeria acutifolia Poir
  • Species/Family : Apocynaceae

ဖိုင်:L pagoda tree.jpg

ပုံသဏ္ဌာန် : အပင်် -- အပင် ငယ်မျိုး ဖြစ်သည်။ အမြင့် ပေ ၂၀ ထိ မြင့်သည်။ အကိုင်း များတွင် နို့နှစ် ရောင် အစေး ထွက်သည့် အခေါက် ရှိသည်။အကိုင်း များ အောက် ခြေ မှ စ၍ ဖြာထွက်သည်။ အခေါက် မွဲပြာ ရောင် ရှိ၍ ချောမွတ် သော်လည်း အပွေး ရှိ၏ ။ အရွက်် -- အရွက် များ အကိုင်း ထိပ် တွင် စု၍ ပတ်လည် ထွက် သည်။ အလျား ၁ ပေ ခန့် ထိရှည် သည်။ ရွက်ပြား ချောသည်။ ရွက်ရင်း သိမ်၍ ရွက်ထိပ် တွင် ချွန်သည်။ ရွက်နား ညီသည်။ ရွက်ညှာ ရှည်၍ အလယ်တွင် မြောင်း တိမ် သို့မဟုတ် အစင်းကြောင်း ပါသည်။ အပွင့်---- အချင်း ၂ လက်မ ခန့် ရှိသည် ။ပွင့်ဖတ် ၅ ခု ပါရှိ သည်။ အနံ့ မွှေးကြိုင် သည် ။အလယ် တွင် အ၀ါနု ရောင် ၊ အစိမ်းရောင် ၊ ပန်းရောင် ၊ အမွေးနု ကလေးများ ရှိသည် ။ အပြင် ဘက်တွင် ပန်းရောင် သမ်းနေ တတ်သည်။ ကဆုန်လ၊ နယုန်လ များတွင် ပွင့်သည်။ အသီး--- ဦးချို သဏ္ဍာန် ရှိသော အသီး တောင့် ဖြစ်သည်။ နှစ်ခုတွဲ သီးသည်။ အလျား ၈ လက်မ ခန့် ရှိသည်။ တွဲလောင်း ကျနေသော အညှာတွင် အတွဲ လိုက်သီး သည် ။ အစေ့ကို တွေ့ရ ခဲသည်။ ၀ါခေါင် ၊ တော်သလင်း တွင် သီးသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အစေး ၊ အပွင့် ၊ အရွက်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : အလွန် အေးမြ သော တောင်ပေါ် ဒေသ မှ အပ မြန်မာ နိုင်ငံ နေရာ အနှံ့ အပြား တွင် ပေါက် ရောက်သည်။ သဘာ၀ အလျောက် ပေါက်ရောက် သည်။ အသုံး၀င်ပုံ : အာနိသင်။ ။ မြန်မာ ဆေးကျမ်း များ အလို အရ တရုတ် စံကား သည် စပ်၊ ခါး ၊ ဖန်သော အရသာ ရှိ၍ ပူသော သတ္တိ ရှိ၏ ။ ဆီး ၊ ၀မ်း ကို ရွှင် စေသည်။ သလိပ် လေကို ကြေစေသည်။ နူနာ ၊ အနာပေါက် ၊ ၀မ်းဗိုက် ရောဂါ တို့ကို ပျောက်ကင်း စေနိုင်သည်။ အသုံးပြုပုံ- အစေး ၁ ။ တရုတ် စံကား ပင်၏ အခေါက် နှင့် အကိုင်း မှ ထွက်သော နို့နှစ် ရောင် အစေးကို ၀မ်းနုတ် ဆေး အဖြစ် သုံးသည်။ ၂။ တရုတ် စံကား ပင်မှ ထွက်သော နို့နှစ် ရောင် အစေး သည် ၀မ်းဗိုက် ရောင် ရောဂါ ၊ ၀မ်းဗိုက် ထိုးအောင့် ရောဂါ ကို ပျောက်ကင်း စေ၏ ။ အပွင့် ၁ ။ တရုတ် စံကား ရွက်ကို စားခြင်း ဖြင့် လည်းကောင်း ၊ အပွင့် ကို ပြုတ်တို့ ခြင်းဖြင့် လည်းကောင်း ၊ မန်ကျည်း ရည်နှင့် ပြုတ်၍ သနပ် လက်သုပ် လုပ်စား ခြင်းဖြင့် လည်းကောင်း ဆီး၀မ်းကို ရွှင်စေ၍ သလိပ် လေကို ကြေစေသည်။ [၁]

ကိုးကား

  1. http://arogyamonline.com/commodity/materials/?raw=105