စထရက်ဖို့အက်ပွန်းဧဗွန်မြို့: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး r2.6.5) (ရိုဘော့က ပေါင်းထည့်နေသည် - ga:Stratford-upon-Avon
စာကြောင်း ၅၆ - စာကြောင်း ၅၆ -
[[fi:Stratford-upon-Avon]]
[[fi:Stratford-upon-Avon]]
[[fr:Stratford-upon-Avon]]
[[fr:Stratford-upon-Avon]]
[[ga:Stratford-upon-Avon]]
[[gl:Stratford-upon-Avon]]
[[gl:Stratford-upon-Avon]]
[[id:Stratford-upon-Avon]]
[[id:Stratford-upon-Avon]]

၁၄:၃၀၊ ၅ ဖေဖော်ဝါရီ ၂၀၁၂ ရက်နေ့က မူ

စထရက်ဖို့အွန်ဧဗွန်းမြို့

စထရက်ဖို့-အွန်-ဧဗွန်းမြို့သည် အင်္ဂလန်ပြည် ဝါဝစ်ရှိုင် ယာနယ်ရှိ အလွန်ရှေးကျသော ဈေးမြို့တစ်မြို့ ဖြစ်သည်။ ဧဗွန်း မြစ်၏ အနောက်ဖက်ကမ်းတွင် တည်ရှိသောကြောင့် စထရက် ဖို့အွန်-ဧဗွန်းမြို့ဟုခေါ်သည်။ လန်ဒန်မြို့မှ အနောက်မြောက် ဘက် ၉၃ မိုင်ကွာဝေးသည်။ ၁၉၅၂ ခုနှစ် သန်းခေါင်စာရင်း အရ လူဦးရေမှာ ၁၄၆၁ဝ ယောက်ခန့်ရှိ၍ မြို့ငယ်ကလေးပင် ဖြစ်သော်လည်း ကမ္ဘာကျော် အင်္ဂလန်ပြဇာတ်ဆရာကြီး ရှိတ် စပီးယား၏ ချက်မြှုပ်ဒေသ ဖြစ်သဖြင့် လူသိများကာ ထင်ရှား လေသည်။ ရှေးဟောင်းမြို့ ဖြစ်သဖြင့်လည်း မြင့်မားသော အဆောက်အအုံများနှင့် လမ်းကျဉ်းကလေးများမှာ ရှေးမူမပျက် ယခုတိုင်ရှိသည်။ အချို့သော လမ်းမကြီးအမည်များမှာ ရှေး ခေတ်က အခေါ်အတိုင်း တည်လျက်ရှိသည်။

ထိုမြို့ရှိ ရှိတ်စပီးယား၏ မွေးဖွားရာ အိမ်ကို အစိုးရက သိမ်း၍ ထိုအိမ်၌ ရှိတ်စပီးယား၏ဘဝနှင့် သက်ဆိုင်သော စာအုပ်စာတမ်း၊ ပန်းချီကားများ စသည်တို့ကို ပြတိုက်သဖွယ် ထားရှိကာ၊ ရှိတ်စပီးယား အထိမ်းအမှတ်အဖြစ် ပြသထား လေသည်။ ရှိတ်စပီးယားတို့ ဇနီးမောင်နှံအား သင်္ဂြိုဟ်ရာ ဟိုးလီးထရင်နီတီ ဘုရားရှိခိုးကျောင်းမှာလည်း ထိုမြို့၌ပင် ရှိသည်။ ၁၈၇၉ ခုနှစ်တွင် အဆိုပါ ဘုရားရှိခိုးကျောင်းအနီး ဧဗွန်းမြစ်ကမ်းပါး၌ ဇာတ်ရုံ၊ စာကြည့်တိုက်နှင့် ပြတိုက်များ ပါဝင်သော ရှိတ်စပီးယား အထိမ်းအမှတ် အဆောက်အအုံ တစ်ခုကို ဆောက်လုပ်ခဲ့၏။ ယင်းတို့အနက် ပြဇာတ်ရုံကြီး မီးသင့်သွားလေရာ ၁၉၂၆ ခုနျစ်တွင် ယခင်ကထက် ပိုမိုကြီး ကျယ်ခမ်းနား၍ ပရိသတ် ၁ဝဝဝ ဆံ့သော ပြဇာတ်ရုံသစ်တစ်ခု ကို ထပ်မံတည်ဆောက်ပြန်၏။ ဤကဲ့သို့ စထရက်ဖို့မြို့ရှိ ရှိတ် စပီးယားနှင့် သက်ဆိုင်သော အဆောက်အအုံ အသီးသီးတို့ အပြင် စထရက်ဖို့မြို့၏ ဆင်ခြေဖုံးအရပ်များဖြစ်သော ရှော့တရီ အရပ်ရှိ ရှိတ်စပီးယား၏ဇနီးအိမ်နှင့် ဝင်ကော့အရပ်ရှိ ရှိတ်စပီး ယား၏ မိခင်အိမ်များသို့ ကမ္ဘာအရပ်ရပ်မှ စာပေလိုက်စား သူများ လာရောက်လည်ပတ်ကြည့်ရှုကြသည်။

စထရက်ဖို့မြို့၏ ထင်ရှားသော ပွဲတော်မှာ ရှိတ်စပီးယား ပွဲတော်ဖြစ်၍ နှစ်စဉ်နွေရာသီ ၂ လခွဲကြာမျှ ခမ်းနားစွာကျင်းပ ကြသည်။ ထိုပွဲတော် ကျင်းပသောအခါ၌ အင်္ဂလန်ပြည်၏ ထိပ်သီးပြဇာတ် ပညာသည်များသည် စထရက်ဖို့မြို့သို့ လာ ရောက်၍ ရှိတ်စပီးယားရေးခဲ့သော ပြဇာတ်များကို တင်ပြအသုံး တော်ခံလေ့ ရှိကြသည်။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)