စက်ရုံ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
အရေးမကြီး r2.6.5) (ရိုဘော့က ပေါင်းထည့်နေသည် - ga:Monarcha
စာကြောင်း ၄၂ - စာကြောင်း ၄၂ -
[[fi:Tehdas]]
[[fi:Tehdas]]
[[fr:Usine]]
[[fr:Usine]]
[[ga:Monarcha]]
[[gd:Factoraidh]]
[[gd:Factoraidh]]
[[he:בית חרושת]]
[[he:בית חרושת]]

၂၀:၄၇၊ ၄ ဖေဖော်ဝါရီ ၂၀၁၂ ရက်နေ့က မူ

ဗောက်ဆွ​ဂွန်​စက်​ရုံ​

စက်​ရုံ​ ဆို​သည်​မှာ​ ကုန်​ပစ္စည်းများ​ကို​ စက်​ပစ္စည်းများ​ဖြင့်​သော်​၄င်း၊ လူ​အား​ဖြင့်​သော်​၄င်း၊ ထုတ်​လုပ်​ရာ​ အ​ဆောက်​အ​ဦဖြစ်​သည်။​ ယနေ့ခေတ်ပေါ်​ စက်​ရုံ​များ​တွင် ​ဂို​ထောင်​ကဲ့သို့​ အ​ဆောက်​အ​ဦများ​ ပါဝင်ကာ ယင်း ဂို​ထောင်များ​တွင်​ စက်​ယန္တရားကြီး​များ​ တပ်ဆင်​ထား​ကာ​ လိုင်း​ထုတ်​လုပ်​မှု​ပုံစံ​ဖြင့်ထုတ်​လုပ်​သည်။ ​စက်​ရုံ​တစ်​ခု​ဖြစ်​ပေါ်​ရန်​ လုပ်​သား​အ​ရင်း​အ​နှီး၊​ ငွေ​​အ​ရင်း​အ​နှီး အ​စ​ရှိ​သည်​သို့​လို​အပ်​ပါ​သည်။​စက်​ရုံ​တစ်​ခု​ အ​တွက်​မြေ​နေ​ရာ​နှင့်​ ပတ်ဝန်းကျင်​သည်လည်း​ အ​လွန်​အ​ရေး​ကြီး​ပါ​သည်။​

စက်ရုံများ​ဖြစ်​ပေါ်​လာ​ပုံ သ​မိုင်း​အ​ကျဉ်း​​

ကမ္ဘာ့ အ​စော​ဆုံး ထုတ်​လုပ်​မှု​ပြု​လုပ်​သည့် အ​ဆောက်​အ​ဦ ​ကို​ တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့အရှေ့​မိုင်​နှစ်​ရာ​ ဝန်း​ကျင်​တွင်​ရှိ​သော​ ​ဘ​လွန်း​(မ်)ဘို့စ် လှိုဏ်ဂူ​ တွင်​တွေ့​ရှိ​ခဲ့​သည်။ ယင်း​နေ​ရာ​တွင်​ လွန်​ခဲ့​သော​ နှစ်​တစ်​သောင်း​ခန့်​မှ​ အ​သုံး​ပြု​ခဲ့​သော​ ကိ​ရိ​ယာ​ တန်​ဆာ​ပ​လာ​ အ​ပြင်​ မြေ​စေး​ ပန်းချီ များ​ကို​ပါ​ ​တွေ့​ရှိ​ခဲ့​သည်။ သီး​နှံကြိတ်​စက်​များ၊​ အ​လုပ်​ရုံ​များ​ကို​ ရှေး​ခေတ်​ တရုတ်ပြည်​တွင်​လည်းကောင်း၊ ရော​မ​တွင်​လည်းကောင်း၊ အ​ရှေ့​အ​လယ်​ပိုင်း​ အာရပ်​ဒေ​သ​ များ​တွင်​လည်းကောင်း တွေ့ရှိ​ခဲ့​ရ​သော်​လဲ၊​ ယ​နေ့​ခေတ်​ကဲ့သို့​ စ​နစ်​ကျ​သော​စက်​ရုံ​ကို​ ဗင်း​နစ်​သမ္မတနိုင်ငံ၊​ ဗင်း​နစ်​မြို့​ တွင်​ရှိ​သော​ ဗင်း​နစ်​အာစင်​နယ် လက်နက်တိုက်​နှင့်​ သင်္ဘောကျင်း​တွင်​ စက်မှုတော်လှန်ရေး မ​တိုင်မီ​ နှစ်​တစ်​ရာ​ဝန်း​ကျင်​က​ပင်​ တည်ရှိ​ခဲ့​ကြောင်း​ မှတ်တမ်း​များ​အ​ရ​ သိ​ရှိ​ခဲ့​ရ​ပါ​သည်။​

ဗင်း​နစ်​အာစင်​နယ်သို့​ဝင်​ပေါက်​၊ ၁၇၃၂

အ​ထောက်​အ​ထား​များ​အ​ရ​ ဗင်း​နစ်​အာစင်​နယ် တွင်​ ပစ္စည်းတပ်ဆင်​သည့်လိုင်း​များ​ဖြင့်​ သင်္ဘောများ​ကို​ အ​လုံး​အ​ရင်း​နှင့်​ ထုတ်​လုပ်​ခဲ့​ဟန်​ရှိ​ကာ၊ ​လူအင်​အား​ ၁၆၀၀၀ လောက်အ​သုံး​ပြု​ခဲ့​ဟန်​ရှိ​သည်။​

စက်​မှု​တော်​လှန်​ရေး​

သ​မိုင်း​သု​တေ​သီ​ အ​တော်​များ​များ​သည်​ မက်တူးဘောင်လ်တန် ၏က​လေး​က​စား​စ​ရာ​စက်​ရုံ​​ Soho Manufactory ကို​ ကမ္ဘာ့ပ​ထ​မ​ဆုံး​ မော်​ဒန်​ စက်​ရုံ​ အ​နေ​ဖြင့်​သတ်​မှတ်ကျ​သည်။​ တ​ချို့​ပ​ညာ​ရှင်​များ​က​မူ​ ၁၇၂၁ တွင်​ အင်္ဂလန်နိုင်ငံဒါ​ဘီမြို့​​ အ​ရပ်​တွင်​တည်​ရှိ​ခဲ့​သော၊​ ဂျွန်​လွန်​ဘေး​ ၏​ ပိုး​ခြည်​မျှင်​စက်​ရုံ ကို​​ ​​ ကမ္ဘာ့ပ​ထ​မ​ဆုံး​ မော်​ဒန်​ စက်​ရုံ​ အ​နေ​ဖြင့်​သတ်​မှတ်ကျ​သည်။​ သို့​သော်​အ​ချို့​ပ​ညာ​ရှင်​များ​က​မူ​ ၁၇၇၁တွင်​တည်​ဆောက်​ခဲ့​သော​ ရစ်​ချက်​အော႕ဂ်ရိုက်​ ၏​ ခ​ယွန်း​ဖို​႕ ပိုး​ခြည်​မျှင်​စက်​ရုံကို​ ယူ​ဆ​ကျ​သည်။​ အ​ယူ​အ​ဆ​ အ​မျိုး​မျိုး​ဖြင့်​ ယူ​ဆ​ကြ​သော်​လည်း၊​ တိ​တိ​ကျ​ကျ​ အ​ဖြေ​ကား​မ​ရှိ​ပေ။​ ၁၈ ရာ​စု​နှောင်း​ပိုင်း​တွင်​ ဗြိ​တိ​သျှ​ ကို​လို​နီ​နယ်မြေ​ များ​၌​ အ​ဆောက်​အ​ဦး​ကြီး​များ​ဆောက်​လုပ်​ခါ​ အ​လုပ်​သ​မား​ အ​များ​စု​၏​အင်​အား​ဖြင့်​ ဆေး​ဆိုး​ပန်း​ရိုက်​ လုပ်​ငန်း​များ​လုပ်​ခဲ့​ကြ​သည်။​ အ​လုပ်​သ​မား​ တစ်​ဦး​ချင်း​စီ​အ​တွက်​ ကုန်​ကြမ်း​များ​သီး​ခြား​ ပေး​အပ်​ကာ​ ထုတ်​လုပ်​မှု​ကို​ လုပ်​စေ​ခဲ့​ပါ​သည်။​ ချည်​မျှင်​စက်​ရုံ​ များ​မှ​ ရေ​နွေး​ငွေ​႕အင်​ဂျင်​ တီ​ထွင်​ခြင်း၊​ စက်​ယ​က်​ကန်းတီ​ထွင်​ခြင်း​ အ​စ​ရှိ​သည်​႕ တီ​ထွင်​မှု​များ​ကြောင့်​ ၁၉ ရာ​စု​တွင်​ လူ​အား​ဖြင့်​ထုတ်​လုပ်​သော​ စက်​ရုံ​များ​ဖြစ်​မှ​ စက်​မှု​စွမ်း​အား​သုံး​ စက်​ရုံ​များ​ဖြစ်​လာ​ခဲ့​သည်။​ ယင်း​စက်​ရုံ​များ​တွင်​ ဖြတ်​တောက် ခုတ်​ထွင်​ရာ​၌​ အ​တိုင်း​အ​တာ​ အ​တိ​အကျ​ရှိ​သော​ ကိ​ရိ​ယာ​ တန်​ဆာ​ပ​လာ​များ​ အ​သုံး​ပြု​လာ​ခြင်း​ကြောင်​႕ ထုတ်​ကုန်​များ​၏​ အ​ရည်​အ​သွေး​ တိုး​တက်​လာ​သည်​႕ အ​ပြင်​ ပျက်စီးဆုံး​ရှုံး​သပါ​က​ အ​စား​ထိုး​တပ်ဆင်​နိုင်သည်​႕ အ​စိတ်​အ​ပိုင်း​များ​ ပေါ်​ပေါက်​လာ​ခြင်း​ကြောင့်​ ထုတ်​လုပ်​မှု​စွမ်း​အား​မြင့်​တက်​လာ​ကာ​ အ​လေ​အ​လွင့်​​ လည်း​အ​တော်​အ​တန်​ နဲ​ပါး​သွား​ပါ​သည်။ ​ ၁၈၂၀ မှ​ ၁၈၅၀ အ​တွင်း​ စက်​ကိ​ရိ​ရာ​တပ်ဆင်​ထား​ခြင်း​မ​ရှိ​သော​ စက်​ရုံ​ငယ်​လေး​များ​သည်​ ထုတ်​လုပ်​မှု​ လော​က​ကို​ကြီး​ဆိုး​ရန်​ အ​လို့​ငှာ​ ရိုး​ရာ​လက်မှု​လုပ်​ငန်း​လေး​များ​ပါ​ တွဲ​၍​လုပ်​ကိုင်လာ​ကြ​သည်။​ သို့​သော်​ ရေ​ရှေတွင်​ စက်​ကိ​ရိ​ရာ​တပ်ဆင်​ထား​သော​ ခေတ်​မီ​စက်​ရုံကြီး​ များ​ကို​ အ​ရှုံး​ပေး​ကာ​ ကျ​ဆုံး​ခဲ့​ကျ​သည်။​

၁၉ရာစု​မှ​ န​ယူး​အင်္ဂလန်ရှိ​ စက်​ရုံများ​​

၁၉ ရာစု အ​လယ်​ပိုင်း​လောက်တွင်​ န​ယူး​​အင်္ဂလန် ၌​ ချည်​မျှင်​နှင့်​အ​ထည်စက်​ရုံ များ​အ​လျှို​အ​လျှို​ ပေါ်​​ထွက်​လာ​ခဲ့​သည်။ န​ယူး​​အင်္ဂလန် ဝန်း​ကျင်​၌​ ဆယ်​ကျော်​သက်​ မိန်း​ခ​လေး​ငယ်​ တော်​တော်​များ​များ​ အ​လုပ်​အ​ကိုင်​ အ​ခွင့်​အ​လမ်း​များ​ရ​ရှိ​ခဲ့​သည်။​ ထို​မိန်း​က​လေး​ အ​များ​စု​သည်​ တောင်​သူ​မိ​သားစု​​များ​မှ​ ပေါက်​ဖွား​လာ​သူ​များ​ ဖြစ်​သည်။​ ထို​မိန်း​က​လေး​ လုပ်​သား​များ​သည်​ ဇာ​တိ​မြေ​သို့​ လုပ်​ခ​လ​စာ​များ​ ပြန်​လည်ပေး​ပို​႕ နိုင်သည်​သာ​မ​က​ လူ​မှု​ရေး နှင့်​ စီး​ပွား​ရေး​ များ​တွင်​လည်း​ တိုး​တက်လာ​သည်။ ​တ​ကိုယ်​ရေ​တကာ​ယ​ အသုံးစရိတ် သာမက စုမိဆောင်း​မိ​ပါ​ရှိ​လှ​သည်။​ ၁၈၃၄ တွင် ၄င်း ချည်မျှင်နှင့်အထည်စက်ရုံ များမှ အသုံးရိတ် ချွေတာရန်အလို့ငှာ ယင်းအလုပ်သမလေးများ ၏ လုပ်အားခကို လျှော့ချရန် ဆုံးဖျတ်ချက်ခဲ့ ကြသည်။ သို့သော် အလုပ်သမား အုံကြွမှုဖြစ်စေကာ အလုပ်ရှင်များထံမှ လုပ်ခလစာများ ပြန်လည်တိုးမြှင့်ပေးရန် အလုပ်သမများမှ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ထိုကဲ့သို့ လုပ်ခလစာလျှော့ချသည့် အပြုအမူကို ယင်း အလုပ်သမများမှ ၄င်းတို့အား ကျွန်ပြုသည်ဟု ယူဆခဲ့ကြသည်။ အခြေအနေနှင့် အချိန်အခါကြောင့်ယင်း အုံကြွမှု မှာကျဆုံးခဲ့သော်လည်း၊ ၄င်း အုံကြွမှုကြောင့် နောက်ပိုင်းတွင် အလုပ်သမား အခွင့်အရေးများနှင့် စက်ရုံများဖြစ်ထွန်းစေရန် အခြေခံကောင်းများ ပေါ်ထွန်းခဲ့လေသည်။

၂၀ရာစုနှစ် စက်ရုံများ

ဟင်နရီဖိုဒ်သည် ၂၀ရာစုအစောပိုင်းကာလများတွင် လိုင်းထုတ်လုပ်မှုပုံစံ ကိုတီထွင်ခြင်းနှင့် ပတ်သက်၍ စက်မှုခေတ်ကို တစ်မျိုးဆန်းသစ် စေခဲ့သည်။ ၄င်း နည်းသစ်သည် ကုန်ပစ္စည်းအမြောက်အများ ထုတ်လုပ်ရာတွင်လွန်စွာမှ အသုံးဝင်သောနည်း ဖြစ်သည်။ ထုတ်လုပ်သည့်ကုန်ပစ္စည်းများကို လည်ပတ်နေသည့် ဘတ်ကြိုးများ ၏တဘက်တချက်တွင် ကျွမ်းကျင်လုပ်သားများက စီတန်းကာ ထုတ်လုပ်သည့် ပစ္စည်းကို အစိတ်အပိုင်းအလိုက် တပ်ဆင်သည့်နည်း ဖြစ်သည်။ ၂၀ရာစု နှောင်းပိုင်းတွင် စက်ရုံများ၏ ထုတ်လုပ်မှုစနစ်တွင် စနစ်နှစ်ခု ထပ်မံတိုးတက်ခဲ့ပြန်သည်။

၁) အရည်အသွေးထိန်းချုပ်မှု နှင့်ပတ်သက်၍ အမေရိကန် သင်္ချာပညာရှင် ဝီလီယမ်ဒန်းမ်မင်း သည်အဆင့်မြင့် စာရင်းအင်းသင်္ချာ ကိုတီထွင်ခဲ့သည်။ ဂျပန်နိုင်ငံ ရှိစက်ရုံများတွင်လည်း အရည်အသွေးထိန်းချုပ်မှုကို ထုတ်လုပ်မှုအရည်အသွေးကောင်း ရရှိရန်ရည်ရွည်၍ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြသည်။

Reference