ဖင်လန်နိုင်ငံ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.6.5) (ရိုဘော့က ပေါင်းထည့်နေသည် - or:ଫିନଲ୍ୟାଣ୍ଡ
အရေးမကြီး r2.6.5) (ရိုဘော့က ပေါင်းထည့်နေသည် - mrj:Финлянди
စာကြောင်း ၂၄၄ - စာကြောင်း ၂၄၄ -
[[mn:Финланд]]
[[mn:Финланд]]
[[mr:फिनलंड]]
[[mr:फिनलंड]]
[[mrj:Финлянди]]
[[ms:Finland]]
[[ms:Finland]]
[[mt:Finlandja]]
[[mt:Finlandja]]

၁၂:၀၆၊ ၄ ဖေဖော်ဝါရီ ၂၀၁၂ ရက်နေ့က မူ

ဖင်လန် သမ္မတ နိုင်ငံတော်
နိုင်ငံတော် သီချင်း: Vårt land (ဆွီဒင်ဘာသာ)
၏ တည်နေရာ
မြို့တော်ဟယ်လ်စင်ကီ
အကြီးဆုံးမြို့ဟယ်လ်စင်ကီ
ရုံးသုံး ဘာသာစကားများဖင်လန် ဆွီဒင်
ကိုးကွယ်မှုEvangelical Lutheran Church (၈၂.၅%)Finnish Orthodox Church (၁.၁%)၊ အခြားသေးငယ်သော ဘာသာများသည် အစ်စ္စလာမ်၊ Roman Catholic Church နှင့် အခြား ဘာသာများ (၁၅.၁%)
အမျိုးအစားသမ္မတနိုင်ငံတော်
အစိုးရ
• သမ္မတ
တာ့ရ်ရာ ဟာလိုနန် Tarja Halonen
• ဝန်ကြီးချုပ်
မာရီ ကီဗီနီယယ်မီ Mari Kiviniemi
• ပါလီမန် ပြောခွင့်ဆိုခွင့်ရှိသူ
Sauli Niinistö
တည်ထောင်
• ကိုယ်ပိုင် အုပ်ချုပ်နိုင်ချိန်
၁၈၀၉ မတ်လ ၂၉ ရက်
• လွတ်လပ်ရေး ရချိန်
၁၉၁၇ ဒီဇင်ဘာလ ၆ ရက်
• အသိအမှတ်ပြုနေ့
၁၉၁၈ ဇန်နဝါရီလ ၁၈ ရက်
ဧရိယာ
• စုစုပေါင်း
၃၃၈,၁၄၅ km² (၁၃၀,၅၅၈ sq mi) (အဆင့်: ၆၅)
• ရေထု (%)
၁၀.၀
လူဦးရေ
• ခန့်မှန်း
၅၅,၃၉၀,၀၀၀ (၂၀၀၅-၀၆) (အဆင့် - ၂၄)
• သိပ်သည်းမှု
ရ၅/km²(၁၉၃/sq mi) (အဆင့် - ၁၁၉)
GDP (PPP)ခန့်မှန်း
• စုစုပေါင်း
၂၀၀၅ ခုနှစ် ခန့်မှန်း US $၁၆၃ သိန်းကုဋေ (အဆင့် - ၅၂)
• Per capita
US $၃၄၈၁၉ (အဆင့် - ၁၂)
HDI၀.၅၈၃ (အလယ်)
အမှား။ မရေရာသော HDI တန်ဖိုး · ၁၃၂
ငွေကြေးယူရို (EUR "")
အချိန်ဇုန်+၆:၃၀
တယ်လီဖုန်းကုဒ်+358
Internet TLD.fi , .ax
  1. Semi-presidential system
  2. Before 2002: Finnish markka
  3. The .eu domain is also used, as it is shared with other European Union member states.


ဖင်လန်နိုင်ငံသည် နောဒစ်(သို့)စကန်ဒီနေးဗီးယားနိုင်ငံ များအတွင်းတွင် တည်ရှိသည်။ ဖင်လန်နိုင်ငံတွင် ဆူအိုမီ သည် နိုင်ငံသုံး ပထမ ဘာသာစကားဖြစ်ပြီး၊ ဒုတိယ ဘာသာစကားအဖြစ် ဆွီဒင် ဘာသာစကားအား အသုံးပြုသည်။ ၄င်းသည် ဆွီဒင်နှင့် အနောက်ပိုင်းတွင် ကပ်လျက်ရှိပြီး၊ အရှေ့ဘက်တွင် ရုရှားနိုင်ငံ၊ မြောက်ဘက်တွင် နော်ဝေနိုင်ငံ နှင့် အက်စ်တိုးနီးယားနိုင်ငံ သည် တောင်ဘက်ပယ်လယ်အော် တွင် တည်ရှိသည်။ မြို့တော်မှာ ဟယ်လ်စင်ကီ မြို့တော်ဖြစ်သည်။

နိုင်ငံတွင် လူဦးရေ ၅.၃ သန်းဝန်းကျင်ခန့် ရှိပြီး၊ နိုင်ငံ၏ တောင်ပိုင်းတွင် လူဦးရေများစွာ နေထိုင်ကြသည်။ ဥရောပ နိုင်ငံများအတွင်းတွင် အဋ္ဌမမြောက် အကြီးဆုံး နိုင်ငံတစ်ခုဖြစ်ပြီး၊ လူဦးရေ အကျဲဆုံး ဖြစ်သည့် နိုင်ငံတစ်ခုလည်း ဖြစ်သည်။ မိခင်ဘာသားစကားသည် အင်္ဂလိပ်လူမျိုးများခေါ်လျင် ဖင်းနစ်ရှ်(Finnish) ဟုခေါ်ပြီး၊ ဖင်လန်လူမျိုးများအခေါ် ဆူအိုမီ(Suomi) ဘာသာစကားဖြစ်သည်။ အခြား ဘာသာစကားများဖြစ်သော ဖင်နို-ဦးဂရစ် မျိုးနွယ် ဘာသာစကားသည် အက်စ်တိုးနီးယား ဘာသာစကားနှင့်လည်း နီးစပ်သည်။ ဖင်လန်ဘာသာစကားသည် ဥရောပ နိုင်ငံများတွင် ရုံးသုံး ဘာသာစကားဖြစ်သည့် လေးခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး၊ အင်ဒို-ဥရောပ ဘာသာစကား မဟုတ်ပေ။ နိုင်ငံ၏ ရုံးသုံး ဒုတိယ ဘာသာစကားသည် ဆွီဒင် ဘာသာစကားဖြစ်ပြီး၊ နေထိုင်သူ ၅.၅ ရာခိုင်နှုန်းသာ အသုံးပြုကြသည်။ ဆွီဒင်နယ်စပ်တွင်နေထိုင်ကြသူအများသည် မိခင်ဘာသာစကားဖြစ်သည့် ဆွီဒင်ဘာသာကို နေ့စဉ်အသုံးပြကြပြီး၊ ဟယ်စ်ကီမြို့တော်တဝိုက်တွင် လမ်းညွှန်စာသားများကို ဆွီဒင်ဘာသာဖြင့်လည်း တွေ့ရှိနိုင်သည်။ နိုင်ငံတော်ပိုင် အူးလလ် (YLE) ရုပ်သံလွှင့်ဌာနမှလည်း ဆွီဒင်ဘာသာဖြင့် ရုပ်သံလိုင်းတစ်ခုထုတ်လွှင့်ပြီး၊ ရထားဘူတာ နှင့် ဖင်းအဲ(Finnair)လေကြောင်းလိုင်းတွင်လည်း ဖင်လန်ဘာသာစကားနှင့် ဆွီဒင်ဘာသာ နှစ်မျိုးလုံး အသုံးပြု ကြေငြာသည်ကို တွေ့ရှိနိုင်သည်။

ဖင်လန်နိုင်ငံသည် ပြည့်ဝသည့် ဒီမိုကရေစီ အုပ်ချုပ်မှုစံနစ် ကျင့်သုံးသည့် နိုင်ငံတစ်ခုဖြစ်ပြီး၊ ဟယ်လ်စင်ကီ မြို့တော်တွင် တည်ရှိသည့် ပါလီမန်အမတ်များ နှင့် မြို့အုပ် ၄၁၅ခုဖြင့် အုပ်ချုပ်သည့် နိုင်ငံဖြစ်သည်။ လူဦးရေ တစ်သန်းသည် ဟယ်လ်စင်ကီမြို့တော်ကြီးတွင် နေထိုင်ကြပြီး (၄င်းသည် ဟယ်လ်စင်ကီအက်စ်ပိုဗန်တာ နှင့် ကူးနီအိုင်နန် တို့ဖြင့် ပေါင်းစည်းဖွဲ့ထားသည်) ၊ နိုင်ငံ၏ ထုတ်ကုန်များ၏ သုံးပုံသည် ထိုမြို့များမှ ဖြစ်သည်။ အခြား မြို့ကြီးများသည် တမ်ပယ်ရယ်တူးရ်ကူ နှင့် အုံးလူ မြို့တို့ ဖြစ်ကြသည်။

ဖင်လန် နိုင်ငံသည် သမိုင်းတလျှောက်တွင် ဆွီဒင် နိုင်ငံ၏ လက်အောက်တွင် ရှိခဲ့ပြီး၊ ၁၈၀၉ ခုနှစ်တွင် ရုရှား အင်ပါယာ ၏ ထိမ်းချုပ်မှုအောက်တွင် ရှိခဲ့သည်။ ဖင်လန်နိုင်ငံသည် ရုရှားလက်များအောက်မှ ၁၉၁၇ ခုနှစ်တွင် လွတ်လပ်ရေး ရခဲ့သည်။ ထိုအချိန်တွင် ဆိုဗီယက် ယူနီယံသည်၊ ဂျာမဏီ နိုင်ငံ၏ နာဇီ နှင့် စစ်ဆင်နေပြီး၊ စစ်အေးကာလကြီးအတွင်းတွင် လွတ်လပ်ရေးရခဲ့ခြင်း ဖြစ်သည်။ ဖင်လန်နိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအဖြစ် ၁၉၅၅ ခုနှစ်တွင် အသင်းဝင်ခဲ့ပြီး၊ ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံအဖြစ် ၁၉၉၅ ခုနှစ်တွင် အသင်းဝင်ခဲ့သည်၊ ၄င်းသည် ယူရိုဇုန် ဟုခေါ်ဝေါ်သော ဥရောပမြေအဖြစ် အသိအမှတ်ပြုခံထားရသည့် နိုင်ငံဖြစ်သည်။ လှုမှုဖူလုံရေး၊ စီးပွားရေး ၊ နိုင်ငံရေး၊ စစ်တပ်မှ နိုင်ငံ့အာဏာ အလွဲသုံးစားလုပ်မှုများ အား လေ့လာစစ်ဆေး အတည်ပြုထားသည့် စာတမ်းများအရ ကမ္ဘာ့နိုင်ငံများတွင် နံပါတ် ၂ အတည်ငြိမ်ဆုံး နိုင်ငံအဖြစ် ခေါ်ဝေါ်ခံရသည်။

ဖင်လန် သည် နိုင်ငံတကာ နိုင်ငံများနှင့် ယှဉ်လျင်၊ နည်းပညာ တီထွင်ထုတ်လုပ်နိုင်မှု၊ အများပြည်သူအတွက် ပညာရေးအစီအစဉ်များ၊ နိုင်ငံမှ ထုတ်ကုန်များ တိုးတက်လာမှု နှင့် လူ့အခွင့်အရေး လွတ်လပ်မှုများကို ကာကွယ်ပေးနိုင်ခြင်းများဖြင့် အကောင်းဆုံး နိုင်ငံများ စာရင်းတွင် အမြဲတွေ့ရှိလေ့ ရှိသည်။ စိုက်ပျိုးရေးနိုင်ငံတစ်ခုဖြစ်ခဲ့သော်လည်း၊ စက်မှုလက်မှု နိုင်ငံများအဖြစ်သို့ ၁၉၅၀ အလွန်မှသာ စတင်ခဲ့သည်။ ထိုအချိန်မှစ၍ စီးပွားရေးတိုးတက်မှုများ တရှိန်ထိုးဖြစ်ပေါ်လာခဲ့ပြီး၊ အထူး သက်သာချောင်ချရေး နှင့် လူမှုရေးအဓိကထားသည့် နိုင်ငံတစ်ခုအသွင်ပြောင်းနိုင်ခဲ့ပြီး၊ ကမ္ဘာ့အရှေ့ နှင့် အနောက် စီးပွားရေးနှင့် နိုင်ငံရေး မတည်ငြိမ်မှုများ အကြားတွင် အဆင်ပြေစွာရပ်တည်နိုင်ခဲ့သည်။ နိုင်ငံ၏ ဖန်တီးနိုင်မှုစွမ်းအားသည် ကမ္ဘာ့နိုင်ငံများနှင့်ယှဉ်လျင် အမြဲထိပ်ပိုင်းတွင် တွေ့ရှိရသည်။ ဖင်လန်သည် ကမ္ဘာ့အကောင်းဆုံး နိုင်ငံတစ်ခုအဖြစ် ၂၀၁၀ ခုနှစ်တွင် Newsweek စစ်တမ်းအရ၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး ပတ်ဝန်းကျင် အခြေအနေ နှင့် လူနေမှုအဆင့်အတန်း အရေအသွေးပေါ် မူတည်ကာ ဗိုလ်ဆွဲခဲ့ခြင်းဖြစ်သည်။ ဖင်လန်သည် ကမ္ဘာတွင် ဒုတိယ အတည်ငြိမ်ဆုံးနိုင်ငံအဖြစ်လည်း အမည်ရခဲ့ပြီး၊ ၂၀၀၉ Legatum ချမ်းသာကြွယ်ဝမှု အမှတ်ပေးစာရင်းတွင်လည်း ပထမရရှိခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် World Economic Forum မှ ဖင်လန်နိုင်ငံအား ကမ္ဘာ့စီးပွားရေးပြိုင်ဆိုင်မှု နိုင်ငံများတွင် အဆင့် ၇ နေရာတွင် ရရှိခဲ့သည်။ ပညာရေးနေရာတွင် ပညာဘွဲ့ရရှိသူဦးရေ အများဆုံးအဖြစ် အဆင့် ၃တွင် ရှိခဲ့ပြီး၊ OECD Factbook 2010 ၏ ကမ္ဘာ့နိုင်ငံများရှိ ဘွဲ့ရရှိသူများ၏ ပုံမှန်အသက်၊ နိုင်ငံရှိလူဦးရေရာခိုင်နှုန်းပေါ်မူတည်ကာ စစ်တမ်းကောက်ယူအမှတ်ပေးထားခြင်းဖြစ်သည်။[၁]

သမိုင်း

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဖင်လန်နိုင်ငံ၏ သမိုင်း

ရင်းမြစ်ဗေဒ

ဆူအိုမီ (Suomi) ဆိုသည့် အမည် ဘယ်ကဖြစ်ပေါ်လာသည်မှာ မသေခြာသော်လည်း၊ ရစ်မြစ်တူသည့် ဝေါဟာရတစ်ခုမှာ ပရို-ဘဲလ်တစ် စာလုံးဖြစ်သည့် ဇဲမဲ*zeme, သည် မြေဟု အဓိပ္ပါယ်ထွက်သည်။ ဖင်လန်ဘာသာ စကားနှင့် နီးစပ်သည့် (the Baltic-Finnic languages) အခေါ်အဝေါ်ကို Baltic languages Latvian နှင့် Lithuanian တို့တွင် တွေ့ရှိနိုင်သည်။ ၄င်းအပြင် အင်ဒို-ယူရိုပီရမ် စကားလုံးဖြစ်သည့် *gʰm-on"man"(cf. Gothic guma, Latin homo)တို့မှ ဆင်းသက်လာသည်ဟု ပြောနိုင်ပြီး၊ *ćoma အဖြစ် ငှားရမ်းထားခြင်းဖြစ်သည်။ ထိုစကားလုံးသည် Finland Proper နယ်မြေကိုသာ သက်ရောက်ခြင်းရှိပြီး၊ များမကြာမီ Gulf of Finland ၏ မြောက်ပိုင်းကန်းရိုးတန်း၊ မြောက်ပိုင်းမြေဖြစ်သည့် Ostrobothnia သည် ထိုအချိန်တွင် ၁၈ ရာစုအထိ မပါဝင်သေးခြေ။ အစောပိုင်း ယူစချက်များတွင်လည်း suomaa (fen land) သို့ suoniemi (fen cape) ဆင်းသက်လာခြင်းဖြစ်ပြီး၊ ဆားမယ် saameလူမျိုးများ (Sami, a non-Finnish people in Finland) နှင့် ဟာမယ် လူမျိုးများအကြားHäme (a Finnish people and a province) နှိုင်းယှဉ်ချက်များမှ ဖြစ်ပေါ်လာသည်ဟုဆိုသော်လည်း၊ ယခုအခါတွင် ၄င်းယူစချက်များ အကျုံးမဝင်တော့ဟုဆိုသည်။[၂]

ရှေးဦးသမိုင်း

အနုဇီဝလေ့လာမှုများ၏ သက်သေအထောက်အထားများအရ၊ ဖင်လန်နိုင်ငံ၏ မြေအရင်းအမြစ်သည် လွန်ခဲ့သည့် ရေခဲကျောက်ခေတ် ဘီစီအီး ၈၅၀၀ ခန့် ၊ နောက်ဆုံး ရေခဲကျောက်ခေတ် ရှိ ရေခဲများပျော်သွားချိန်မှ စတင်ခဲ့သည်ဟု ဆိုသည်။ ပထမဦးဆုံးနေထိုင်ခဲ့သူများ၏ ကျန်ရစ်ခဲ့သော artifacts ထူးခြားသော လက္ခဏာများကိုကြည့်လျင် အက်စ်တိုနီးယား၊ ရုရှား၊ နော်ဝေ နိုင်ငံများ နှင့် ဆက်နွယ်နေသည်။[၃] အစောဆုံးနေထိုင်သွားသူများမှာ တောလိုက် မုဆိုး များ ဖြစ်ပြီး၊ ကျောက်ကို လက်နက်အဖြစ် အသုံးပြုခဲ့ကြသည်။[၄]

ဖင်လန်သို့ ၃၀၀၀-၂၅၀၀ ဘီစီအီး တွင်ရောက်ရှိလာသည့် Corded Ware ယဉ်ကျေးမှုသည် နိုင်ငံ၏ စိုက်ပျိုးရေး စတင်ပေါ်ပေါက်လာနိုင်ခြင်းဖြစ်သည်။[၅] စိုက်ပျိုးရေးကို စတင်ခဲ့သော်လည်း၊ အမဲလိုက်ခြင်း နှင့် ငါးဖမ်းခြင်းတို့သည့် နိုင်ငံ၏ စီးပွားရေး ကို အရေးပါသော အထောက်အကူ ပြုမြဲဖြစ်သည်။

လက်တလော သမိုင်း

၂၀၀၂ ခုနှစ်တွင် ယူရိုငွေကြေး ကို စတင်အသုံးပြုခဲ့သည်။ အခြား နော်းဒစ် နိုင်ငံများ အရ ဖင်လန် စီးပွားရေးသည် ၁၉၈၀ခန့်မှ စတင်ကာ စီးပွားရေး လွတ်လပ်မှုစံနစ် စတင်ကျင့်သုံးခဲ့သည်။ ဈေးကွက်စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှု စည်းမျဉ်းစည်းကမ်းများကိုလည်း လျှော့ပေါ့စေရန် ပြင်ဆင်ရေးသားခဲ့သည်။ နိုင်ငံပိုင် ကုမ္ပဏီတစ်ချို့ကိုလည်း ပုကလိက ကုမ္ပဏီများအဖြစ် အသွင်ပြောင်းခဲ့ပြီး အကောက်အခွံလျှော့ပေါ့ ကောက်ယူမှုစံနစ်များလည်း ကျင့်သုံးခဲ့သည်။ ဥရောပ သမဂ္ဂ သို့ ၁၉၉၅ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး၊ ၁၉၉၉ တွင် ယူရိုဇုန် နိုင်ငံတစ်ခုဖြစ်ခဲ့သည်။

၂၀၀၂ ခုနစ်တွင် ယူရိုပီရန် ငွေကြေး ဖြစ်သည့် ယူရိုeuro ကို နိုင်ငံသုံး ငွေကြေးအဖြစ် စတင်အသုံးပြုခဲ့သည်။

လူဦးရေသည် အသက်အိုမင်းသူများ များပြားလာပြီး မွေးဦးရေ အယောက် ၁၀၀၀ တွင် ၁၀.၄၂ ရာနှုန်းသာ ရှိပြီး၊ သေဆုံးသူရာနှုန်းမှာ ၁.၈ ရှိသည်။[၆] ၄၁.၆သည် နိုင်ငံသားအားလုံး၏ ပျမ်းမျှအသက်ဖြစ်ပြီး၊ အသက်ရှည်သူများပြားသည့် နိုင်ငံထဲတွင်ပါဝင်သည်။ [၇] နိုင်ငံ၏ ရွေးကောက်ပွဲမဲပေးသူ ဦးရေထက်ဝက်သည် အသက်၅၀ ကျော်သည်။ အခြားဥရောပ နိုင်ငံများနည်းတူ၊ လူဝင်မှုကြီးကြပ်ရေး ပုံစံမပြောင်းဘဲ နိုင်ငံသို့ ပြောင့်ရွှေ့ အခြေချနေထိုင်သူများ တိုးတက်လာခြင်းမရှိပါက လူဦးရေ မညီညာမှုများ ဖြစ်လာနိုင်သော်လည်း၊ အခြား တိုးတက်ပြီးသော နိုင်ငံများနှင့် ယှဉ်ကြည့်ပါက ပို၍ ကောင်းမွန်သော စီးပွားရေးလည်ပတ်နိုင်မှုကို တွေ့ရှိနိုင်သည်။

ငွေကြေးဟောင်းဖြစ်သည့် မာက်ကာ Finnish markka ကို ယူရို euro နှင့် ၂၀၀၂ တွင် အစားထိုး အသုံးပြုခဲ့သည်။ ထိုနေ့ကို ကြိုဆိုသောအားဖြင့် ယူရိုငွေကြေးစေ့များကို ၁၉၉၉ တွင် စတင်ထုတ်ဝေမှုများရှိခဲ့သည်။ ထို့ကြောင့် ငွေကြေးစေ့များကို ကြည့်ပါက အခြား ဥရောပဇုန် နိုင်ငံများ နှင့်မတူဘဲ အဟောင်းဆုံး ခုနှစ်မှာ စတင်အသုံးပြုသည့် ၂၀၀၂ ခုနှစ်အစား၊ ၁၉၉၉ကို တွေ့ရှိနိုင်သည်။ ဒီဇိုင်းပုံစံ ၃မျိုးကို (ဒီဇိုင်း ၂ခုကို ၂ယူရို နှင့် ၁ယူရိုတို့အတွက် အသုံးပြုပြီး၊ ကျန်ဒီဇိုင်းကို ကြေးစေ့ အသေးစားများတွင် ၅၀၊ ၂၀၊၁၀၊၅ ဆန့် အထိ အသုံးပြုပြီး၊ ) ဖင်လန်ငွေ ယူရိုအတွက် ရွေးခြယ်အသုံးပြုသည်။ ၂၀၀၇ ခုနှစ်တွင် ဥရောပဇုန် နိုင်ငံများနည်းတူ ငွေကြေးစေ့များတွင် ပုံမှန်ပါရှိသည့် မြေပုံဟောင်းအား မြေပုံအသစ် အစားထိုး စတင်အသုံးပြုနိုင်ရန်အတွက်၊ ဖင်လန် ငွေကြေးစေ့ မျက်နှာပြင်တစ်ခုလုံးကို မြေပုံအသစ်ဖြစ် ပြောင်းလည်း ပြင်ဆင်ခဲ့သည်။

ရာသီဥတု

ရာသီကာလ အချိန်များ

ဖင်လန်တွင် ရာသီကာလ ဟူ၍ လေးမျိုးရှိပြီး နှစ်စဉ်တိုင်းတာချက်အများရ -

  • ဆောင်းရာသီ- ၀ ဒီဂရီဆင်တီဂရိတ် အောက်တွင်ရှိသည်။
  • နွေကူးရာသီ- ၀ ဒီဂရီဆင်တီဂရိတ် မှ +၁၀ ဒီဂရီဆင်တီဂရိတ် သို့ တက်သွားနိုင်သည်။
  • နွေရာသီ- +၁၀ ဒီဂရီဆင်တီဂရိတ် အထက်တွင်ရှိသည်။
  • ဆောင်းကူးရာသီ- +၁၀ ဒီဂရီဆင်တီဂရိတ် မှ ၀ ဒီဂရီဆင်တီဂရိတ် သို့ ကျသွားသည်။

(နွေရာသီတွင် အပူဆုံးနေ့များမှာ +၃၀ ဒီဂရီဆင်တီဂရိတ် ဝန်းကျင်ဖြစ်နိုင်ပြီး၊ ဆောင်းတွင်းတွင် -၃၀ အထိလည်း အေးနိုင်သည်။)

ရည်ညွှန်းချက်များ

  1. http://www.oecd-ilibrary.org/education/tertiary-education-graduation-rates_20755120-table1
  2. http://www.kotikielenseura.fi/virittaja/hakemistot/jutut/1998_613.pdf
  3. Herkules.oulu.fi. People, material, culture and environment in the north. Proceedings of the 22nd Nordic Archaeological Conference, University of Oulu, 18–23 August 2004 Edited by Vesa-Pekka Herva Gummerus Kirjapaino
  4. Dr. Pirjo Uino of the National Board of Antiquities, ThisisFinland – "Prehistory: The ice recedes – man arrives". Retrieved June 24, 2008.
  5. Professor Frank Horn of the Northern Institute for Environmental and Minority Law University of Lappland writing for Virtual Finland on National Minorities of Finland. Retrieved June 24, 2008.
  6. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named populationdevelopment
  7. People Living with HIV/AIDS (Adults and Children)။ GlobalHealthFacts.org။ 2010-02-04 တွင် ပြန်စစ်ပြီး။