တရုတ်နှစ်သစ်ကူး: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - en:Chinese New Year
အရေးမကြီး r2.7.1) (ရိုဘော့က တည်းဖြတ်နေသည် - es:Año Nuevo chino
စာကြောင်း ၁၉ - စာကြောင်း ၁၉ -
[[en:Chinese New Year]]
[[en:Chinese New Year]]
[[eo:Ĉina novjara festo]]
[[eo:Ĉina novjara festo]]
[[es:Año Nuevo Chino]]
[[es:Año Nuevo chino]]
[[fa:سال نوی چینی]]
[[fa:سال نوی چینی]]
[[fi:Kiinalainen uusivuosi]]
[[fi:Kiinalainen uusivuosi]]

၂၂:၄၃၊ ၂ ဖေဖော်ဝါရီ ၂၀၁၂ ရက်နေ့က မူ

တရုတ်နှစ်သစ်ကူးသည် တရုတ်လူမျိုးများအဖို့ တစ်နှစ်အတွင်း အရေးပါသည့် ရိုးရာပွဲတော်တစ်ရပ်ဖြစ်သည်။ တရုတ်ပြက္ခဒိန်မှာ နွေဦးရာသီဖြင့် စတင်သောကြောင့် နှစ်ကူးပွဲ၏ တရုတ်ဘာသာမှာ 春節 (ချွန်းဂျယ်) ဖြစ်ပြီး တိုက်ရိုက် ဘာသာပြန်လျင် ‘နွေဦးရာသီပွဲတော်’ ဟု ခေါ်သည်။ နှစ်ကူးပွဲတော်မှာ တရုတ်ပြက္ခဒိန် နှစ်ဆန်း ၁ ရက်နေ့မှ စတင်ပြီး ၁၅ ရက်နေ့ မီးပုံးပွဲတော်ဖြင့် အဆုံးသတ်သည်။ နှစ်ကူးပွဲသည် တရုတ်ရိုးရာ ပွဲတော်များတွင် ကာလအရှည်ကြာဆုံးပွဲတော် ဖြစ်သည်။

တရုတ်နှစ်ကူးပွဲကို တရုတ်ထိုင်ဝမ်ဟောင်ကောင်မကာအိုနှင့် အခြားနိုင်ငံများရှိ တရုတ်အသိုင်းအဝိုင်းတွင် ကျင်းပဆင်နွဲလေ့ရှိသည်။ နှစ်ဆန်း ၁ ရက်နေ့မတိုင်မီ တစ်နှစ်အတွင်း မကောင်းသည့်အရာများ အညစ်အကြေးများကို ဆေးကြောရှင်းလင်းကာ အိမ်တံခါး တစ်ဖက်တစ်ချက်နှင့် အပေါ်တွင် လာဘ်လာဘကောင်းစေသော စာများပါသည့် စက္ကူနီများကပ်ကာ တန်ဆာဆင်ကြသည်။ ထိုစက္ကူများကို ‘ချွန်းလျန်’ (春聯) ဟု ခေါ်သည်။

နှစ်ကူးအကြိုညတွင် စားကောင်းသောက်ဖွယ်များ ချက်ပြုတ်ကာ ဘိုးဘွားများကို ရှိခိုးကန်တော့ပြီး မိသားစု စုံစုံညီညီဖြင့် စားသောက်ကြသည်။ ရပ်ဝေးရောက်နေသော ဆွေမျိုးသားချင်းများလည်း နှစ်ကူးတွင် အိမ်ပြန်လေ့ရှိသည်။ သန်းခေါင်ကျော်သည်နှင့် ဗျောက်အိုးများဖောက်ကာ နှစ်သစ်ကို ကြိုဆိုကြသည်။ နှစ်ဆန်း ၁ ရက်နေ့တွင်မူ မနက်စောစောထကာ ဘုရားကျောင်းသွား ဝတ်ပြုကြသည်။ လူကြီးများက ကလေးသူငယ်များအား နှစ်သစ်အတွင်း ကျန်းမာချမ်းသာစေဖို့ ရည်ညွန်းပြီး ဟုန်ပေါင်း (အန်ပေါင်း) ပေးလေ့ရှိသည်။