ချေဂွေဗားရား: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - su:Che Guevara
အရေးမကြီး r2.7.1) (ရိုဘော့က တည်းဖြတ်နေသည် - mr:चे गव्हेरा
စာကြောင်း ၇၅ - စာကြောင်း ၇၅ -
[[ml:ചെ ഗുവേര]]
[[ml:ചെ ഗുവേര]]
[[mn:Че Гевара]]
[[mn:Че Гевара]]
[[mr:शे गवारा]]
[[mr:चे गव्हेरा]]
[[mrj:Че Гевара, Эрнесто]]
[[mrj:Че Гевара, Эрнесто]]
[[ms:Che Guevara]]
[[ms:Che Guevara]]

၁၈:၂၀၊ ၂၅ ဇန်နဝါရီ ၂၀၁၂ ရက်နေ့က မူ

အာနက်စတို ချေဂွေဗားရား (၁၉၂၈၊ ဇွန်လ ၆ ရက်မွေး - ၁၉၆၇ အောက်တိုဘာ ၉ ရက် ကွယ်လွန်) အား အယ်လ်ချေ သို့ မဟုတ် ချေဟု အများက ခေါ်ကြသည်။ သူသည် အာဂျင်တီးနားနိုင်ငံသား မာ့က်ခ်စ်ဝါဒ တော်လှန်ရေးသမား၊ ဆရာဝန်၊ စာရေးဆရာ၊ ပညာတတ်၊ သူပုန်ခေါင်းဆောင်၊ သံတမာန်နှင့် စစ်ရေး သီအိုရီ ဖော်ထုတ်သူ ဖြစ်သည်။ ကျူးဘားတော်လှန်ရေးတွင် အရေးပါသော ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး သူ၏ မျက်နှာပုံသည် ယဉ်ကျေးမှုကို ဆန့်ကျင် ပုန်ကန်သူတို့၏ ပြယုဂ်အဖြင့် နေရာအနှံ့တွေ့နိုင်ပြီး ခေတ်သစ် ယဉ်ကျေးမှု အတွက် တကမ္ဘာလုံးက လက်ခံသုံးစွဲသည့် အမှတ်အသား တစ်ခုလည်း ဖြစ်သည်။

ချေဂွေဗားရားသည် ငယ်ရွယ်စဉ် ဆေးကျောင်းသား ဘဝက လက်တင် အမေရိကတလျှောက် ခြေဆန့် ခရီးထွက်ခဲ့ပြီး ပြည်သူတို့ ဆင်းရဲတွင်းနက်နေမှုများကို တွေ့မြင်ခဲ့ရာမှ အတွေးအခေါ် များ ပြောင်းလဲလာခဲ့သည်။ ထိုခရီးစဉ်များတွင် ကြုံခဲ့ရသော အတွေ့အကြုံများနှင့် လေ့လာတွေ့ရှိမှုတို့အရ ဒေသအတွင်း စီးပွားဥစ္စာ မညီမျှ မှုတို့သည် အရင်းရှင်စနစ်၊ လက်ဝါးကြီး အုပ်မှု၊ ကိုလိုနီ လက်သစ် စနစ် နှင့် ပဒေသရာဇ်စနစ် တို့ကြောင့် ဖြစ်သည်ဟု ကောက်ချက်ချခဲ့သည်။ ထို မညီမျှမှုတို့ကို ပယ်ဖျက်ရန် ကမ္ဘာလုံး ဆိုင်ရာ တော်လှန်ရေး လိုအပ်သည်ဟုလည်း ယူဆခဲ့သည်။