စစ်အေးတိုက်ပွဲ: တည်းဖြတ်မှု မူကွဲများ
အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - os:Уазал Хæст |
အရေးမကြီး r2.6.4) (ရိုဘော့က ပေါင်းထည့်နေသည် - diq:Leco Serdın |
||
စာကြောင်း ၂၆ - | စာကြောင်း ၂၆ - | ||
[[da:Den kolde krig]] |
[[da:Den kolde krig]] |
||
[[de:Kalter Krieg]] |
[[de:Kalter Krieg]] |
||
[[diq:Leco Serdın]] |
|||
[[el:Ψυχρός πόλεμος]] |
[[el:Ψυχρός πόλεμος]] |
||
[[eml:Guèra fradda]] |
[[eml:Guèra fradda]] |
၀၅:၂၀၊ ၁၄ ဇန်နဝါရီ ၂၀၁၂ ရက်နေ့က မူ
စစ်အေးတိုက်ပွဲ ဆိုသည်မှာ ၁၉၄၀ ခုနှစ်များ၏ အလယ်ပိုင်းမှ စတင်၍ ၁၉၉၀ ခုနှစ်များအထိ အမေရိကန်ပြည်ထောင်စု နှင့် ဆိုဗီယက်ပြည်ထောင်စု နိုင်ငံကြီး ၂ နိုင်ငံနှင့် သူတို့နှင့် အသီးသီး ပတ်သက် နေကြသော မဟာမိတ်နိုင်ငံများ ကြားတွင် ပေါ်ပေါက်ခဲ့သော ပဋိပက္ခ၊ တင်းမာမှု နှင့် ယှဉ်ပြိုင်မှု တို့ ဆက်တိုက် ဖြစ်ပေါ်ခဲ့သော အခြေအနေကို ခေါ်ဆိုခြင်း ဖြစ်သည်။ ထိုအချိန်ကာလများတွင် ထို မဟာအင်အားကြီးနိုင်ငံ ၂ နိုင်ငံတို့ကြားတွင် ရှိသော ယှဉ်ပြိုင်မှုများကို စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု၊ ဝါဒဖြန့်ချီမှု၊ သူလျှိုထောက်လှမ်းမှု၊ လက်နက် အသစ်အဆန်း ထုတ်လုပ်မှု၊ ကုန်ထုတ်လုပ်ငန်း တိုးမြှင့်မှု၊ အာကသနည်းပညာ ယှဉ်ပြိုင်မှု အပါအဝင် အပြိုင်အဆိုင်ဖြစ်သော နည်းပညာတိုးတက်မှုများဖြင့် ပြသခဲ့သည်။ မဟာအင်အားကြီး နိုင်ငံနှစ်နိုင်ငံလုံးကပင် အကုန်အကျအလွန်များသော ကာကွယ်ရေး အသုံးစရိတ်များကို သုံးစွဲခဲ့ပြီး သမားရိုးကျနှင့် နျူးကလီးယား လက်နက်များ ယှဉ်ပြိုင်ထုတ်လုပ်မှုများ အပါအဝင် အခြားနိုင်ငံများ၏ နောက်ကွယ်မှတဆင့် တိုက်ခိုက်ခြင်းများလည်း ပါဝင်သည်။
ဆိုဗီယက်ယူနီယံ၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ပြင်သစ်တို့သည် ဒုတိယကမ္ဘာစစ်၏ နောက်ဆုံး ၄ နှစ်အတွင်း ဝင်ရိုးတန်း အင်အားကြီးနိုင်ငံများ ကို ဆန့်ကျင်သော မဟာမိတ်များအဖြစ် ရှိခဲ့ကြသော်လည်း ထိုပဋိပက္ခများ မပြီးဆုံးမီ အချိန်နှင့် ပြီးဆုံးပြီးအချိန်တို့တွင် ထိုနိုင်ငံများကြားတွင် သဘောမတူညီမှု အမြောက်အများရှိခဲ့ပြီး စစ်အပြီးတွင် တည်ရှိမည့် ကမ္ဘာကြီး၏ ပုံသဏ္ဌန်နှင့်ပတ်သက်သော သဘောမတူညီမှုမှာ အဆိုးရွားဆုံး ဖြစ်သည်။ စစ်ပြီးဆုံး သွားသောအခါတွင် ဥရောပ၏ အစိတ်အပိုင်း အတော်များများကို ထို ၄နိုင်ငံမှ ဩဇာလွှမ်းမိုးခဲ့ပြီး အမေရိကန် ပြည်ထောင်စုနှင့် ဆိုဗီယက်ယူနီယံတို့တွင် အင်အား အကောင်းဆုံးသော စစ်အင်အား ရှိခဲ့ကြသည်။