မြန်မာတိုင်း(မ်): တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - fr:The Myanmar Times
စာကြောင်း ၁၄ - စာကြောင်း ၁၄ -


[[en:The Myanmar Times]]
[[en:The Myanmar Times]]
[[fr:The Myanmar Times]]

၁၄:၂၅၊ ၈ ဇန်နဝါရီ ၂၀၁၂ ရက်နေ့က မူ

ဖိုင်:The Myanmar Times.JPG
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့၌ မြန်မာဘာသာဖြင့် ထုတ်ဝေသည့် မြန်မာတိုင်း(မ်)

မြန်မာတိုင်း(မ်) (The Myanmar Times) သည် မြန်မာနိုင်ငံတွင် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေသည့် အပတ်စဉ်ဂျာနယ် တစ်စောင်ဖြစ်သည်။ ၆၈ မျက်နှာပါ မြန်မာဘာသာ ဂျာနယ်စာကို သောကြာနေ့တွင် လည်းကောင်း၊ မျက်နှာ ၄၀ ပါ အင်္ဂလိပ်ဘာသာ ဂျာနယ်ကို တနင်္လာနေ့တွင် လည်းကောင်း ပုံနှိပ်ထုတ်ဝေသည်။

မြန်မာတိုင်း(မ်)ကို ဩစတြေးလျနိုင်ငံသား ရော့စ် ဒန်ကလေ (Ross Dunkley) နှင့် ဗိုလ်ချုပ်ကြီး ခင်ညွန့်၏သား ဦးဆန်နီဆွေတို့က ၂၀၀၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သည်။ Myanmar Consolidated Media Co. Ltd. (MCM) ပိုင်ဆိုင်သည့် မြန်မာတိုင်း(မ်)သည် လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံခွင့်ပြုထားသည့် တစ်ဦးတည်းသော ဂျာနယ်ဖြစ်သည်။[၁] သို့သော်လည်း Myanmar Consolidated Media ရှယ်ယာ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ ၄၉ % သာရှိပြီး ကျန် ၅၁ % မှာ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် ဦးဆန်နီဆွေအဖမ်းခံရပြီးနောက် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ၅၁ % ကို မီဒီယာလုပ်ငန်းရှင် ဒေါက်တာ တင်ထွန်းဦးမှ ဆက်ခံခဲ့သည်။

ပြင်ပလင့်ခ်များ

ကိုးကား

  1. Burma: Co-founder of Myanmar Times On Trial, Centre for Independent Journalism, February 8, 2005.