သမုဒ္ဒရာ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
add World Ocean map
အရေးမကြီး r2.6.5) (ရိုဘော့က တည်းဖြတ်နေသည် - new:महासागर
စာကြောင်း ၃၃၁ - စာကြောင်း ၃၃၁ -
[[nah:Ilhuicaātl]]
[[nah:Ilhuicaātl]]
[[nds:Ozean]]
[[nds:Ozean]]
[[new:महासागर]]
[[new:चमुत्तिरम् (सन् २००२या संकिपा)]]
[[nl:Oceaan]]
[[nl:Oceaan]]
[[nn:Verdshav]]
[[nn:Verdshav]]

၀၃:၃၈၊ ၈ ဇန်နဝါရီ ၂၀၁၂ ရက်နေ့က မူ

ကမ္ဘာပေါ်ရှိ သမုဒ္ဒရာရေကို Animation ဖြင့် ပြထားသော မြေပုံ။ ကမ္ဘာကိုလွှမ်းခြုံထားသော ရေထု သို့မဟုတ် တကမ္ဘာလုံးနှင့်ဆိုင်သော သမုဒ္ဒရာကို ဒေသအချို့အနေဖြင့် ခွဲခြားထားသည်။ ပုံမှန်အားဖြင့် ပစိဖိတ်၊ အတ္တလန္တိတ်၊ အိန္ဒိယ၊ အာတိတ် နှင့် တောင်ပိုင်းသမုဒ္ဒရာ ဟူ၍ ၅ ပိုင်းခွဲခြားထားပြီး နောက်ဆုံး ၂ ခုကို တစ်ခါတစ်ရံ ပထမ ၃ ခု ထဲတွင် ပေါင်းစပ်ခေါ်ဝေါ်ကြသည်။

သမုဒ္ဒရာ (English: Ocean Greek: Ωκεανός, Okeanos (Oceanus)) သည် ပင်လယ်ရေ၏ အဓိကကိုယ်ထည် ဖြစ်ပြီး ဟိုက်ဒရိုစဖီးယား ခေါ် ကမ္ဘာပေါ်တွင်ရှိနေသော ရေအားလုံးတို့၏ အဓိက အစိတ်အပိုင်းလည်း ဖြစ်သည်။ ကမ္ဘာ့မျက်နှာပြင်၏ ၇၁ ရာခိုင်နှုန်း (ခန့်မှန်းခြေအားဖြင့် စတုရန်းကီလိုမီတာ ၃၆၁ သန်း) ကို ပုံမှန်အားဖြင့် သမုဒ္ဒရာအချို့ နှင့် ပို၍ အရွယ်အစားငယ်သော ပင်လယ်တို့ဖြင့် ဖွဲ့စည်းထားသော သမုဒ္ဒရာထုက ဖုံးလွှမ်းထားသည်။ ထိုဒေသ၏ တစ်ဝက်ကျော်ခန့်သည် ပေပေါင်း ၉၈၀၀ (မီတာ ၃၀၀၀ ကျော်) နက်သည်။ သမုဒ္ဒရာဒေသ၏ ပျမ်းမျှ ဆားငံဓာတ်ပါဝင်နှုန်းသည် ၁၀၀၀ ပုံလျှင် ၃၅ ပုံခန့် သို့မဟုတ် ၃.၅ ရာခိုင်နှုန်းခန့်ရှိပြီး ပင်လယ်ရေအားလုံးနီးပါး၏ ဆားငံဓာတ်ပါဝင်မှုနှုန်းသည် ၁၀၀၀ ပုံလျှင် ၃၀ ပုံမှ ၃၈ ပုံ အထိရှိသည်။

ဖိုင်:Mappemonde oceanique Serret.gif
the World Ocean mappemonde océanique Serret


ခြုံငုံသုံးသပ်ချက်

ပုံမှန်အားဖြင့် ကွဲပြားခြားနားသော သမုဒ္ဒရာများ အနေဖြင့် ခွဲခြားသတ်မှတ်လေ့ရှိသော်လည်း ထိုသမုဒ္ဒရာရေများသည် အားလုံးဆက်စပ်လျှက်ရှိပြီး အားလုံးကိုစုပေါင်း၍ ကမ္ဘာ့သမုဒ္ဒရာ သို့မဟုတ် ကမ္ဘာလုံးနှင့်ဆိုင်သော သမုဒ္ဒရာ အနေနှင့် ရည်ညွှန်းလေ့ရှိကြသည်။ ထိုသို့ ရေထုအားလုံးဆက်စပ်နေပြီး အစိတ်အပိုင်း အသီးသီးတွင် အချင်းချင်းလွတ်လပ်စွာဖလှယ်နေကြခြင်း စသည့် တကမ္ဘာလုံးနှင့်ဆိုင်သော သမုဒ္ဒရာအယူအဆ သည် သမုဒ္ဒရာဗေဒအတွက် အရေးကြီးသော အခြေခံအချက်အလက်တစ်ခုဖြစ်သည်။ အဓိက သမုဒ္ဒရာ အစိတ်အပိုင်းများ ခွဲခြားမှု ကို တိုက်ကြီးများ၊ ကျွန်းစုများ နှင့် အခြားအချက်အလက်များပေါ် မူတည်၍ ခွဲခြားသတ်မှတ်ကြသည်။ ထိုခွဲခြားမှုများကို အရွယ်အစားလိုက် ကြီးစဉ်ငယ်လိုက် ကြည့်မည်ဆိုပါက ပစိဖိတ်သမုဒ္ဒရာအတ္တလန္တိတ်သမုဒ္ဒရာအိန္ဒိယသမုဒ္ဒရာတောင်ပိုင်း သမုဒ္ဒရာ ( တစ်ခါတစ်ရံတွင် ထိုသမုဒ္ဒရာဒေသကို ပစိဖိတ်၊ အတ္တလန္တိတ် နှင့် အိန္ဒိယသမုဒ္ဒရာ တို့၏ တောင်ပိုင်းအဖြစ် သတ်မှတ်ကြသည်။) နှင့် အာတိတ် သမုဒ္ဒရာ (တစ်ခါတစ်ရံတွင် အတ္တလန္တိတ် သမုဒ္ဒရာ၏ ပင်လယ်အဖြစ် သတ်မှတ်လေ့ရှိကြသည်။) စသည်ဖြင့်ဖြစ်သည်။ ပစိဖိတ်နှင့် အတ္တလန္တိတ် သမုဒ္ဒရာတို့ကို အီကွေတာပေါ်မူတည်၍ တောင်ပိုင်းနှင့် မြောက်ပိုင်းဟူ၍ ထပ်မံခွဲခြား သတ်မှတ်နိုင်သည်။ သမုဒ္ဒရာ၏ အစိတ်အပိုင်း အသေးစားများကို ပင်လယ်များ၊ ပင်လယ်ကွေ့များ၊ ပင်လယ်အော်များနှင့် အခြားအမည်များဖြင့် ခေါ်ဝေါ်ကြသည်။ ထို့ပြင် ကုန်းမြေပေါ်တွင် သမုဒ္ဒရာနှင့် ဆက်စပ်မနေသော အာရယ်ပင်လယ် နှင့် မဟာ ဆားငန်ရေကန်ကြီးစသည့် အခြားသော ဆားငန်ရေထုများလည်း ရှိတတ်သည်။ ထိုအရာများကို ပင်လယ်အဖြစ် ရည်ညွှန်းခေါ်ဆိုကြသော်လည်း တကယ်တမ်းမှာ ဆားငန်ရေကန်များသာ ဖြစ်သည်။

သမုဒ္ဒရာများသည် ကမ္ဘာ့မျက်နှာပြင်၏ ၄ပုံ ၃ပုံကို ဖုံးလွှမ်းထားပြီး ဇီဝစက်ဝန်းပေါ်တွင် လွန်စွာမှပင် အကျိုးသက်ရောက်မှု ရှိသည်။ ကျွန်ုပ်တို့ ရရှိနေသော မိုးရွာသွန်းမှုမှာ ထိုသမုဒ္ဒရာများမှ ရေငွေ့ပျံခြင်းမှတဆင့် ဖြစ်ပြီး ၄င်းတို့၏ အပူရှိန်သည် ကျွနု်ပ်တို့၏ ရာသီဥတု နှင့် လေတိုက်ခတ်ပုံကို အဆုံးအဖြတ်ပေးသည်။ သမုဒ္ဒရာ အတွင်းမှ သက်ရှိများသည် ကမ္ဘာပေါ်တွင် သတ္တဝါတို့ စတင်မရွေ့လျားမီနှင့် အပင်တို့ စတင်အသက်မရှိမီ နှစ်ပေါင်း ၃ ဘီလီယံအကျော်မှ စတင်ဖြစ်ထွန်းခဲ့သည်။

အဏ္ဏဝါပြင်ကျယ်

ကမ္ဘာ့တိုက်ကြီးများကို ပိုင်းခြားထားသောသမုဒ္ဒရာကြီးများ၊ အဘယ်ကြောင့့််သမုဒ္ဒရာရေသည်ငန်ရသနည်း၊ ရေအောက်လောက၊ သမုဒ္ဒရာသည် ကမ္ဘာ့ ရိက္ခာဂိုဒေါင်၊ သမုဒ္ဒရာရေထုမှ လျှပ်စစ်ဓာတ်အားထုတ်ယူရေး။

သမုဒ္ဒရာ

ကမ္ဘာ့မျက်နှာပြင်တစ်ခုလုံး၏ဆယ်ပုံပုံခုနစ်ပုံသည ်သမုဒ္ဒရာရေပြင်ကြီးဖြစ်သည်။ကမ္ဘာပေါ်တွင် သမုဒ္ဒရာကြီးငါးစင်းရှိ၏။ ယင်းတို့မှာ (၁)ပစိဖိတ်သမုဒ္ဒရာ၊ (၂)အတ္တလန္တိတ် သမုဒ္ဒရာ၊(၃)အိန္ဒိယသမုဒ္ဒရာ၊ (၄)အာတိတ်သမုဒ္ဒရာ၊ (၅)အန္တာတိတ်သမုဒ္ဒရာတို့ဖြစ်ကြသည်။ ယင်းတို့အနက်ပစိဖိတ်သမုဒ္ဒရာသည်အကြီးဆုံးဖြစ်၍ အာတိတ်သမုဒ္ဒရာသည်အငယ််ဆုံးဖြစ်သည်။

ပစိဖိတ်သမုဒ္ဒရာသည်အရှေ့ဘက်တွင်အမေရိကတိ်ုက်နှစ်တိုက်၊ အနောက် ်ဘက်တွင်အာရှနှင့်0x100သစတြေးလီးယား တိုက်တို့အကြား၌ခပ်ဝိုင်းဝိုင်း သဏ္ဌာန် ်ရှိသည်။ စတုရန်းမိုင်ပေါင်း၆၈၆၃၄ဝဝဝ ကျယ်၍ပျမ်းမျှုခြင်းအားဖြင့် ပေ ၁၄ဝ၅ဝနက်သည်။ ဖိလစ်ပိုင်ကျွန်းစုတွင်ပါဝင်သော မင်ဒါနာအို ုကျွန်းအလွန်တွင် အနက်ဆုံးဖြစ်၍ ထိုနေရာတွင်ပေ ၃၅၄၁ဝခန့််နက် ်သည်။ အီကွေတာမျဉ်း၏မြောက်ပိ်ုင်းကို မြောက်ပစိဖိတ်သမုဒ္ဒရာဟုခေါ်၍ တောင်ပိုင်းကိုတောင် ပစိဖိတ်သမုဒ္ဒရာဟုခေါ်သည်။

အတ္တလန္တိတ်သမုဒ္ဒရာသည် အနောက်ဘက််တွင်အမေရိကတိုက်နှစ်တိုက်၊ အရှေ့ဘက်တွင်ဥရောပတိုက်နှင့်အာဖရိကတိုက်တို့အကြား၌ အင်္ဂလိပ်အက္ခ ရာအက်(စ)ပုံသဏ္ဌာန်ခပ်ကောက်ကောက်တည်ရှိသည်။ စတုရန်းမိုင်ပေါင်း ၄၁၃၂၂ဝဝဝ ကျယ်၍ပျမ်းမျှခြင်းအားဖြင့် ပေ၁၂၈၈ဝနက်သည်။ အနောက်အိန္ဒိယကျွန်းစုတွင်ပါဝင်သော ပွားတိုးရီးကိုးကျွန်းအလွန်တွင် အ နက်ဆုံးဖြစ်၍ ထိုနေရာ၌ ၂ရ၉၆၅ပေနက်သည်။ အီကွေတာမျဉ်း ကြောင်း၏မြောက် ပိုင်းကိုမြောက်အတ္တလန္တိတ်သမုဒ္ဒရာဟုခေါ်၍ တောင် ်ပိုင်းကိုတောင်အတ္တလန္တိတ်သမုဒ္ဒရာဟုခေါ်သည်။ မြောက်အတ္တ လန္တိတ် သမုဒ္ဒရာကိုဝန်းရံထားသောနိုင်ငံများသည် ကူးသန်းရောင်းဝယ်ရေးဖွံ့ဖြိုးသ ဖြင့် မြောက်အတ္တလန္တိတ်သမုဒ္ဒရာတွင်သင်္ဘောအသွားအလာအဖြတ်အသန်း များပြားစည်ကားသည်။

အိန္ဒိယသမုဒ္ဒရာသည် မြောက်ဘက်တွင် အာရှတိုက်၊အရှေ့ဘက်တွင် 0x100သစတြေးလီးယားတိုက်၊ အနောက်ဘက်တွင်အာဖရိကတိုက်တို့အကြား၌ ခပ်ဝိုင်းဝိုင်းပုံသဏ္ဌာန်ရှိသည်။စတုရန်းမိုင်ပေါင်း ၂၈၃၅ဝဝဝဝကျယ်၍ ပျမ်းမျှခြင်းအားဖြင့်ပေ ၁၃ဝဝဝနက်သည်။ ဂျားဗားကျွန်းတောင်ဘက် အလွန်တွင် အနက်ဆုံးဖြစ်၍ ထိုနေရာ၌ ပေ ၂၄၄၄ဝနက်သည်။

အန္တာတိတ်သမုဒ္ဒရာသည် တောင်ဝင်ရိုးစွန်းတစ်ဝိုက်အန္တာတိကတိုက်ကို ဝန်းရံတည်ရှိသည်။ ပထဝီပညာရှင်အများက အန္တာတိတ်သမုဒ္ဒရာကို သီး ခြားသမုဒ္ဒရာတစ်ခုအနေနှင့်မယူဆဘဲ အတ္တလန္တိတ်၊ ပစိဖိတ်နှင့်အိန္ဒိယ သမုဒ္ဒရာတို့၏ တောင်ဘက်အဖျားပိုင်းအဖြစ် ထားရှိကြသည်။ယင်း သမုဒ္ဒရာကြီးများနှင့်ပိုင်းခြားထားသော ကုန်းမြေဟူ၍မရှိချေ။ အန္တာတိတ် သမုဒ္ဒရာသည် စတုရန်းမိုင်ပေါင်းရ၅ဝဝဝဝဝ လုံးကျယ်သည်။ ရေမြေ သစ်များ စူးစမ်းရှာဖွေသူတို့တိုင်းတာခြင်း မပြုနိုင်သေးသဖြင့် အတိမ်အ နက်ကိုအတိအကျ မသိရသေးချေ။

အာတိတ်သမုဒ္ဒရာသည် မြောက်ဝင်ရိုးစွန်းတစ်ဝိုက်တွင်တည်ရှိသောကြောင့် ကမ္ဘာလုံး၏ထိပ်တွင်ရှိနေသောသမုဒ္ဒရာဟုယူဆကြသည်။ ယင်းသည် ပစိဖိတ်သမုဒ္ဒရာနှင့်ဗဲယားရင်းပင်လယ််ဖြင့်ခြားနေ၍ အတ္တလန္တိတ်သမုဒ္ဒရာ နှင့်မူဂရင်းလန်းကျွန်းနှင့်နော်ဝေးနိုင်ငံအကြားရေပြင်နှင့်ခြားလျက်ရှိသည်။ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း၅၄၄ဝဝဝဝ ရှိ၍ ပျမ်းမျှ ခြင်း ၃၉၅၅ ပေနက်သည်။ မြောက်လတ္တီတွဒ် ရရ၄၅ နှင့်အနောက် ်လောင်ဂျီတွဒ် ၁ရ၅နေရာတွင်အနက်ဆုံးဖြစ်၍ ထိုနေရာ၌ ၁၈၄၅၆ပေ နက်သည်။ အာတိတ်သမုဒ္ဒရာရေပြင်သည် အမြဲပင်ရေခဲနေလေ သည်။ သမုဒ္ဒရာငါးစင်းတို့သည် တစ်စင်းနှင့်တစ်စင်းသီးသန့်ခွဲခြား၍ တည်ရှိနေ ကြသည်မဟုတ်ဘဲတစ်စင်းနှင့်တစ်စင်းဆက်စပ်လျက်ရှိကြသည်။ အချို့နေ ရာတွင် တိုက်ကြီးများခြားနေသည့်အခါ တစ်စင်းမှတစ်စင်းသို့ အလွယ်တ ကူကူးသန်းသွားလာနိုင်စေရန် မြေအကျဉ်းဆုံးနေရာကို ဖြတ်၍တူးမြောင်း များတူးထားကြလေသည်။ အတ္တလန္တိတ်သမုဒ္ဒရာမှအိန္ဒိယသမုဒ္ဒရာသို့ အလွယ်တကူဖြတ်ကူးနိုင်ရန် ဆူးအက်တူးမြောင်းကိုလည်းကောင်း၊ အတ္တ လန္တိတ်သမုဒ္ဒရာမှ ပစိဖိတ်သမုဒ္ဒရာသို့ အလွယ်တကူဖြတ်ကူးနိုင်ရန် ပနား မားတူးမြောင်းကိုလည်ကောင်းဖောက်လုပ်ထားလေသည်။

( စူးအက်တူးမြောင်း။ ပနားမားတူးမြောင်း•။) သမုဒ္ဒရာတို့ အောက်ခြေမြေမျက်နှာပြင်သည်တစ်ပြေးညီညာ ရှိသည်မဟုတ် ်ဘဲ ခွက်ကြီးသဖွယ်တစ်ဖြည်းဖြည်းအလယ်သို့နိမ့်ဆင်းသွားလေသည်။ သမုဒ္ဒရာ၏ အနက်ဆုံးသောနေရာတွင်ကမ္ဘာပေါ်၌အမြင့်ဆုံးဖြစ်သော ဧဝရက် တောင်ထိပ်ကိုချလိုက်လျှင် ထိုတောင်ထိပ်သည်ရေအောက်သို့စုံးစုံး မြုပ်သွားပေလိမ့်မည်။ သမုဒ္ဒရာ၏အောက်ခြေမြေ ပြင်တို့သည်ကမ္ဘာမြေပြင် ်ကဲ့သို့ ချောင်းမြောင်းလျှိုရိုးတို့မရှိဘဲများသောအားဖြင့် ညီညာပြေပြစ်လျက် ်ရှိိကြသည်။ သို့ ရာတွင်အချို့နေရာ၌ တောင်တန်းကြီးများနှင့် ချိုင့်ဝှမ်းကြီး များရှိလေသည်။ အချို့တောင်တန်းတို့၏ ထိပ်များသည် ရေအောက် တွင်နစ်မြုပ်မနေဘဲ ရေမျက်နှာပြင်ပေါ်သို့ ထိုးထွက်ကာကျွန်းများဖြစ််လျက် ်ရှိကြသည်။ အချို့ကျွန်းများသည် သာမန်တောင်တန်းတို့၏ တောင်ထိပ် ်များမဟုတ်ဘဲမီးတောင်၏ထိပ်များဖြစ်ကြသည်။

သမုဒ္ဒရာ၏ရေနက်ပိုင်းတွင် တဖြည်းဖြည်းအနည်ထိုင်၍ အောက်သို့ကျ ဆင်းသွားသော အမှိုက်သရိုက်အမှုန်ကလေးများနှင့် ရေသတ္တဝါကလေး များ၏ အခွံကလေးများပါသော အလွန်နူးညံ့ညက်ညောသည့် ရွှံ့ညွန်ရှိ ိိသည်။ ကမ်းခြေဒေသများ၌ ကျောက်စရစ်နှင့်သဲများကို အများအပြား တွေ့ရှိရသည်။ ကမ်းခြေနှင့်ရေနက်ပိုင်းကြား၌မူ ထုံးစသည်တို့ပါရှိသော ရွှံ့ညွန်များနှင့် ယင်းတို့မှဖြစ်သော သဲ၊ကျောက်၊ကျောက်ဖြုန်းစသည်တို့ကို ိုတွေ့ရသည်။သမုဒ္ဒရာရေသည် ဆားအမြောက်အများပါသဖြင့်အလွန်ငန် ်သည်။ သမုဒ္ဒရာရေတစ်ပိသာလျှင် ဆားငါးကျပ် သား၊မက်ဂနီဆီယမ်၊ ကယ်လဆီယမ်ဗရိုမင်းစသည်တို့ အနည်းအကျဉ်းပါဝင်သည်။ ဤသို့ သမုဒ္ဒရာရေ၌ဆား များစွာပါဝင်ခြင်းမှာယင်းအတွင်းသို့ စီးဆင်းသောမြစ် ်များက ကုန်းမှဆားများကိုယူဆောင်လာခြင်း၊ ရေများသည် ရေခိုးရေငွေ့ ဖြစ်သွားသောအခါသမုဒ္ဒရာထဲ၌ဆားများကြွင်းကျန်နေရစ်ခဲ့ခြင်းတို့ကြောင့် ဖြစ်သည်ဟုအချို့ကယူဆကြ၏။ သို့သော် သမုဒ္ဒရာမှရရှိသောဆားများ သည် မီးတောင်များမထွက်လာသည့်ချော်ရည်သတ္တုရည်များတွင် ပါသော ဆားများနှင့်လွန်စွာတူလှသဖြင့် သမုဒ္ဒရာရေသည် ကမ္ဘာဦးကစ၍ ငန်လာ ခဲ့သည်ဟုအချို့ကယုံကြည်ကြသည်။

သမုဒ္ဒရာရေဆားငန်ခြင်းသည် တစ်နေရာနှင့်တစ်နေရာမတူချေ။ နေအလွန် ်ပူသဖြင့် ရေခိုးရေငွေ့အဖြစ်သို့ပြောင်းလဲခြင်းကများ၍ရေချိုများကိုယူဆောင် ်လာသည့်မြစ်များမှစီးဝင်ခြင်းနည်းသောနေရာ၌ ရေပိုငန်သည်။ ကမ္ဘာပေါ် တွင်သုံးစွဲနေကြသော အိမ်သုံးဆားများအမြောက်အမြားပင်ပင်လယ်သမုဒ္ဒရာ ရေမှချက်ယူကြသည်။ သမုဒ္ဒရာရေတွင်ရှိသောဆားအားလုံးကို ကျိုချက်၍ ပုံလိုက်ပါက ဆားပုံကြီး၏အကျယ်အဝန်းသည် မြန်မာနိုင်ငံ ထက်အဆ ၄ဝ ကျော်မျှကျယ်ဝန်းမည်ဟုဆိုသည်။ သမုဒ္ဒရာရေတွင် အထက်ပါဓာတ် ်သတ္တုများသာမက ရွှေလည်းရရှိနိုင်သည်။ သမုဒ္ဒရာအတွင်းမှ ရွှေအားလုံး ကိုထုတ်ယူနိုင်ပါက ကမ္ဘာပေါ်ရှိလူတိုင်းလူတိုင်းတစ်ဦးလျှင် ရွှေသုံးပိသာ ခန့်စီရရှိလိမ့်မည်ဟုတွတ်ဆကြသည်။ ထို့ကြောင့်အချို့ ပညာရှင်တို့က သမုဒ္ဒရာတို့သည် ဓာတ်သတ္တု အရည်တို့ဖြင့် ပြည့်နှက်နေသောသတ္တု တွင်းကြီးဖြစ်သည် ဟုဆိုကြခြင်းဖြစ်သည်။

အီကွေတာနားနီးသောသမုဒ္ဒရာရေသည် ဝင်ရိုးစွန်းများနှင့် နီးကပ်သော သမုဒ္ဒရာရေထက်နွေးလေသည်။ ယင်းသို့တစ်နေရာနှင့်တစ်နေရာ ရေ၏အ ပူအအေးမတူမှုကြောင့်တစ်ကြောင်း၊ တိုက်ခတ််နေသော လေတို့၏လမ်း ကြောင်းများကြောင့်တစ်ကြောင်း၊ ကမ္ဘာကြီးသည်ဝင်ရိုးပေါ်၌ လည်နေ သောကြောင့်တစ်ကြောင်း သမုဒ္ဒရာတွင်ရေစီးကြောင်းများ ဖြစ်ပေါ်လျှက် ်ရှိကြသည်။

ယင်းတို့သည်များသောအားဖြစ် အီကွေတာအနီးတစ်ဝိုက်တွင် အရှေ့မှအ နောက် သို့စီးလေ့ရှိကြပြီးလျှင်ကမ်းခြေနားသို့ ရောက်သောအခါဝင်ရိုးစွန်း များဘက်သို့လည်၍စီးသွားလေ့ရှိကြသည်။ သမုဒ္ဒရာတို့၏အနောက်ဘက် ကမ်းခြေများတွင် ရေနွေးစီးကြောင်းများကိုတွေ့ရ၍ကပ်စီးသွားရာကုန်းမြေ၏ ရာသီဥ တုကို ပြောင်းလဲစေတတ်သည်။ပင်လယ်ရေတိမ်အပိုင်း၌ မြစ်များ ယူဆောင်လာသည့်သဲများရွှံများရှိ၏။ ထိုထက်နက်သော အပိုင်း၌သစ်ပင် ်များ၊သတ္တဝါများ၏အခွံအကြေးများဖြင့်ဖြစ်လာသော ဖြူယောင်ယောင် ညိုသန်းသန်းနုံးနှစ်များရှိ၏။ ထိုအမှုန်များမှာအလွန်သေးငယ်၍ သာမန် ်မျက်စိဖြင့်မမြင်နိ်ုင်ချေ။

အလွန်နက်သော အပိ်ုင်းများ၌ကား ရွှံ့စေးနီများရှိ၏။ ထိုအောက်အနက် ်ဆုံးသော နေရာများ၌မူ ကျောက်သားအနှစ်များဖြင့်ပြီးလျက်နေသောမြေကို ိုတွေ့ရသဖြင့် ထိုမြေသည်ကား ကမ္ဘာဦးကစ၍ သမုဒ္ဒရာများနှင့်အတူ တည်ရှိလာဟန်လက္ခဏာရှိပေသည်။ နေရောင်သည်ရေမျက်နှာပြင်အောက် ်သို့ ပေပေါင်းအနည်းငယ်မျှသာ ရောက်ရှိနိုင်လေရာ ရေအနက်ပေ ၆ဝဝ အောက်၌ကား မြေပြင်တွင် ဖြစ်ပေါ်ပြောင်းလည်းနေသည့်ရာသီဥတုမျိုးကို မတွေ့ရတော့ချေ။ ထိုအပိုင်း၌ ရေသည်အစဉ်မပြတ်ရေခဲကဲ့သို့အေးလျက်ရှိ ိိ၏။ သမုဒ္ဒရာရေ မျက်နှာပြင်တို့၌များသောအားဖြင့် ရေ၏အပူချိန်သည် အမြင့်ဆုံး ၅၆ဖာရင်ဟိုက်ခန့်ရှိ၏။ သမုဒ္ဒရာအားလုံး၏ပျမ်းမျှခြင်းအပူချိန် ်မှာ၃၉ ဖာရင်ဟိုက်ခန့်ရှိသည်။ ပေ ၃ဝဝဝ ခန့်နက်သောနေရာများ၌ ရေ၏အပူချိန်သည် ၂၂ ဖာရင်ဟိုက်ခန့်ရှိ၍ ပေ၄ဝဝဝ ခန့်ရောက်သောအ ခါ ၁၅ ဖာရင်ဟိုက်သာ အများဆုံးရှိပြီးလျှင် ပေ၉ဝဝဝ အနက်တွင် ရ ဖာရင်ဟိုက်ခန့်သာရှိတော့သည်။ နွေအခါ၌ သမုဒ္ဒရာ ရေပြင်သည်ကုန်း မြေပြင်ကဲ့သို့ လျင်မြန်စွာမပူတတ်ဘဲ ဆောင်းအခါ၌လည်းလျင်မြန်စွာမ အေးတတ်ချေ။ သမုဒ္ဒရာရေ မျက်နှာပြင်၏အပူအအေးသည်လည်းကောင်း၊ လှုပ်ရှားမှုသည်လည်းကောင်း၊ ထိုအောက်ဘက်ရှိရေနက်ပိုင်းကို ပြုပြင်ဖန် ်တီးနိုင်စွမ်းမရှိတော့ချေ၊ရေစီးကြောင်း၏ လှုပ်ရှားမှုများ မဆိုစလောက်သာ ရှိပြီးလျှင်ရေသည်ပကတိ ငြိမ် သက်လျက်ရှိ၏။ ရေ၏ဖိနှိပ်အားသည်ကား ရေ၏အနက်ကိုလိ်ုက်ပြီးလျှင်တစ်ဖြည်းဖြည်းပိုမို ိုကြီးမားလာလေသည်။ တစ်မိုင်ခန့်နက်သောနေရာတွင် ရေ၏ဖိအားသည် တစ်စတုရန်းလက်မပေါ်၌အလေးချိန်တစ်တန်မျှရှိ၏။ ခြောက်မိုင်နက်သော နေရာတွင်ရေ၏ဖိအားသည် တစ်စတုရန်းလက်မပေါ်၌ အလေးချိန်ခြောက် ်တန်မျှရှိလေသည်။ ယင်းသို့လျှင် ရေ၏ဖိအားသည်ရေ၏အနက်ကိုလိုက်၍ တိုးသွားလေသည်။ ယခုအခါလူတို့သည် အလွန်နက်သော သမုဒ္ဒရာ အောက်ပိ်ုင်းအကြောင်းကို နည်းအမျိုးမျိုးဖြင့်စုံစမ်း ပြီးဖြစ်၏။အထူးပြုလုပ် ်ထားသောပိုက်များ၊ သံချိတ်များ၊ ပုလင်းများကရေအောက်မြေပြင်ရောက် ်အောင်ချ၍ ထို မြေပြင်ပေါ်ရှိသက်ရှိသက်မဲ့အရာဝတ္ထုများကိုဆယ်ယူကြ၏။ အထူးပြုလုပ်ထားသောကရိယာများဖြင့် သမုဒ္ဒရာ အောက်ရှိ ရေ၏အပူအ အေးကို တိုင်းတာကြည့်ကြ၏။ ထိုသို့စုံစမ်းခဲ့သဖြင့်သမုဒ္ဒရာအောက်မြေပြင် ပေါ်၌ မရေတွက် နိုင်အောင်များပြားလှသောသတ္တဝါအမျိုးမျိုးရှိကြောင်းကို သိရှိရပေသည်။

သာမန်မျက်စိဖြင့်မမြင်နိုင်ဘဲ မှန်ဘီလူးဖြင့် ကြည့်မှသာမြင်နိုင်သည့်သတ္တဝါ ကလေးများမှ ပေ ၈ဝ မျှရှည်လျားကြီးမားသော ဝေလငါးကြီးများအထိ သမုဒ္ဒရာ ထဲတွင်သတ္တဝါအမျိုးမျိုးရှိသည်။ ခရု၊ကနန်း၊ပုစွန်တို့ကဲ့သို့သော အခွံရှိသတ္တဝါများ၊ လိပ်ကဲ့သို့သောတွားသွား သတ္တဝါများ၊ဝေလငါး၊ ပင်လယ်ဖျံတို့့ကဲ့သို့သော နို့တိုက်သတ္တဝါများ၊ ငါးစသည်တို့ကဲ့သို့သော ဥအုသည့် ကိုယ်ရေအေးသတ္တဝါများရှိကြသည်။သမုဒ္ဒရာ၏ အလွန်နက် ်သောအပိုင်း၌ နေကြသောသတ္တဝါများသည် မျက်စိကောင်းကောင်းမမြင် ်ကြချေ။ အားလုံးလိုလိုပင် မီးစုန်းအလင်းရောင်ထွက်သော သတ္တဝါများ ဖြစ်ကြ၏။ထိုသို့ အလင်းရောင်ထွက််ခြင်းမှာ အပူဓာတ်မပါဘဲနှင့်အလင်း ရောင်ထွက်နေခြင်းဖြစ်၏။ဤရေသတ္တဝါများ စားသောအစာများမှာဒိုင်အက် ်တမ်နှင့် ပလင့်ကတမ်ခေါ် ပိုးမွှားကောင်ကလေးများဖြစ်ကြ၏။ ထိုပိုး ကောင်ကလေးများမှာ အလွန်သေးငယ်လှသဖြင့်အားကောင်းသောမှန်ဘီလူး ဖြင့်ကြည့်မှသာ မြင်နိုင်၏။ ယင်းတို့သည် အံ့0x100သဖွယ်ကောင်းလောက်အောင် လျင်မြန်စွာတိုးပွားကြ၍ ရေသတ္တဝါများ၏ အသက်သခင်များဖြစ်ကြပေသည်။သမုဒ္ဒရာတို့၏ရေ တိမ်များ အထူးသဖြင့် ကမ်းခြေနှင့်မလှမ်းမကမ်းနေရာများ၌ အပင််တို့ ပေါက်ရောက်လျက်ရှိကြသည်။ အချို့အပင်များသည် မည်သည့်မြေကိုမျှ အမှီသဟဲမပြုပဲ ရေအလယ်တွင်ပေါက်လေ့ရှိကြသည်။ မည်သို့ပင်ပေါက် ်နေစေကာမူ အလင်းရောင်သည် ရေပြင်အတွင်းသို့ပေပေါင်း ၁၃၂ဝ ခန့် အထိလောက်သာ ထိုးဖောက်ဝင်နိုင် သဖြင့်အပင်တို့အဖို့ အလင်းရောင်ရမှ ရှင်နိုင်သည့်အလျောက် ထိုထက်နက်ရှိုင်းသောဒေသ၌ အပင်များမရှိနိ်ုင်ဟု ယူဆကြသည်။အပင်များမရှိကလည်း ယင်းတို့ကိုမှီတင်းနေထိုင်သော သတ္တဝါ များ နေနိ်ုင်မည်မဟုတ်ချေ။ သို့ရာတွင်တစ်ခါက မြေထဲပင်လယ် ကိုဖြတ်ကူးထားသောကြေးနန်းကြိုး တစ်ချောင်းသည် ပင်လယ်ရေပြင် အောက်ပေ ရဝဝဝ အနက်လောက်၌ ရုတ်တရက်ပြတ်ကျသွားခဲ့ဖူး၏။ထိုကြိုးစမှ အောက်သို့မည်မျှနက်သည်အ ထိ ကျသွားသည်ကိုမသိရချေ။ သို့သော်ထိုကြိုးပြတ်ကို ဆယ်ယူသောအခါ ကြိုးအဖျား၌အလွန်သေးငယ်သော ပိုးမွှား ကောင်ကလေးအများအပြားကပ် ်၍ ပါလာသည်ကိုတွေ့ရသဖြင့် သမုဒ္ဒရာအောက်အလွန်နက်သောနေရာများ ၌ ပိုးမွှားကလေးများရှိကြောင်းကိုသိရှိကြရလေသည်။သမုဒ္ဒရာသည် ကမ္ဘာ့ရိက္ခာဂိုဒေါင်ကြီးသဖွယ်ဖြစ်သည်။လူတို့စားသောက်မှီဝဲရသော ငါး၊ ပုစွန်စသည်တို့ သည်ရေထဲတွင်မကုန်ခန်းနိုင်အောင်များလေသည်။ အတ္တ လန္တိတ်သမုဒ္ဒရာ၏အမေရိကန်ကမ်းခြေတစ်လျှောက်တွင် ကျက်စားပေါက် ်ပွားလေ့ရှိကြသော မင်ဟာဒင်ခေါ်ငါးတစ်မျိုးသည် စား၍မကောင်းသော် လည်း မြေ0x100သဇာပြုလုပ် ရန်အတွက်အသုံးကျသည်။

ပန်းထိမ်သည်တို့အသုံးပြုသော စပန်းခေါ် ပင်လယ်ရေမြုပ်တစ်မျိုးကိုလည်း သမုဒ္ဒရာထဲ မှပင်ရရှိသည်။ အလွန်အဖိုးထိုက်တန်လှသောပုလဲရတနာအ တွက် မုတ်ကောင်(ကမာကောင်)တို့ ကိ်ုလည်း သမုဒ္ဒရာ ထဲ၌ပင်ဖမ်းယူ ရရှိနိုင်သည်။ရှေးအခါက သမုဒ္ဒရာကြီးများသည် ရေမြေခြား၍အလွန်ဝေး လံသော ဒေသကြီးများကို ကူးလူးဆက်ဆံရန်တံတိုင်းကြီးများသဖွယ်ဖြစ်ခဲ့ သော်လည်း ရေကြောင်းခရီးသွားလာမှုအောင်မြင်လာသည်နှင့်အမျှ အသုံး ဝင်သောခရီးလမ်းမကြီးများ ဖြစ်လာလေသည်။သမုဒ္ဒရာနှင့်အလွန်ဝေးသော ဒေသ၌နေစေကာမူသမုဒ္ဒရာ၏ကျေးဇူးမှကင်းသူမရှိသလောက်ရှားလေသည်။ ကမ္ဘာမြေပေါ်၌ ရွာသွန်းချသမျှမိုးရေတို့သည် သမုဒ္ဒရာရေမှအရင်းတည်ခဲ့ သည်။ ကမ္ဘာပေါ်တွင် တိ်ုက်ခတ်သော လေတို့သည်သမုဒ္ဒရာမျက်နှာပြင်မှ ရေခိုးရေငွေ့များကို သယ်ဆောင်၍မိုးအဖြစ်ရွာချကြသည်။ မိုးရေဖြင့်လူတို့ အသက်မွေးနေထိုင်ကြရသည်ချည်းဖြစ်သည်။

သိပ္ပံပညာထွန်းကားသော ယခုခေတ်တွင် လူတို့သည်သမုဒ္ဒရာရေကိုနဖား ကြိုးတပ်၍ခိုင်းစေရန် စမ်းသပ်လျက်ရှိကြသည်။ ပင်လယ်နီနှင့်အိန္ဒိယသမုဒ္ဒ ရာတို့ကို ဆက်စပ်ထားသည့်ရေလက်ကြားကျဉ်းကလေးကိုတာတမံတုတ်၍ ပင်လယ််နီတွင်းသို့ အိန္ဒိယသမုဒ္ဒရာထဲမှ စီးဝင်လာသော ရေအားကိုအသုံး ပြု၍ လျှပ်စစ်ဓာတ်အား ထုတ်စက်များကိုမောင်းနှင်စေမည်ဆိုလျှင်လျှပ်စစ် ်ဓာတ်အား မြင်းကောင်ရေငါးသန်းမျှ ရနိုင်မည်ဟုဆွီဒင်နိုင်ငံသားသိပ္ပံပညာ ရှင်ပါမောက္ခတစ်ဦးက ခန့်မှန်းလေသည်။ ဗြိတိသျှသိပ္ပံပညာရှင်ကြီးဟော လဒိန်းကမူ ဒီရေအတက် အကျကိုစေခိုုင်း၍လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ကြံစည်ခဲ့ဖူး၏။ သိပ္ပံပညာရှင်တို့သည် များပြားလှသောသမုဒ္ဒရာရေထုမှနည်းသုံးနည်းဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်အသုံးချရန်ကြံစည်လျက်ရှိကြသည်။ယင်းတို့မှာ (၁)ရေလှိုင်းအားဖြင့်လျှပ်စစ်ဓာတ်အားထုတ်ခြင်း၊ (၂) တက်လာသောဒီရေ ကိုသိုလှောင်ပိတ်ဆို့ထားပြီးလျှင် ထိုရေတို့ကို အတိုင်းအဆနှင့်ပြန်လွှုတ်၍ လျှပ်စစ်ဓာတ်အားထုတ်ခြင်း၊ (၃)ပင်လယ်မျက်နှာပြင်ရေနှင့် ပင်လယ် အောက်ရေတို့၏ အပူခြားနားခြင်းကိုအသုံးချကာလျှပ်စစ်ဓာတ်အားထုတ် ခြင်းတို့ဖြစ်လေသည်။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)