ခင်မောင်ညွန့် (ဒေါက်တာ): တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
No edit summary
စာကြောင်း ၂၃ - စာကြောင်း ၂၃ -
| ကွန်ယက် =
| ကွန်ယက် =
}}
}}
[[File:Dr KhinMgNyunt.gif|thumb|ဒေါက်တာ ခင်မောင်ညွန့်]]
== ဒေါက်တာ ခင်မောင်ညွန့် ==
== ဒေါက်တာ ခင်မောင်ညွန့် ==
သမိုင်းပညာရှင် ဒေါက်တာခင်မောင်ညွန့်သည် မန္တလေးမြို့ ဇာတိ ဖြစ်ပါသည်။ ချမ်းအေးသာဇံရပ် အဖ ဦးသိန်း၊ အမိ ဒေါ်ကြည်တို့၏ ဒုတိယသား ဖြစ်သည်။ မန္တလေးမြို့၊ ဗုဒ္ဓသာသနနုဂ္ဂဟ ယောက်ျားလေးကျောင်း၊ သံတဲကျောင်းနှင့် စိန်ပီတာကျောင်းတို့တွင် ပညာသင်ခဲ့ပြီး [[၁၉၄၈]] နှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ အောင်သည်။
သမိုင်းပညာရှင် ဒေါက်တာခင်မောင်ညွန့်သည် မန္တလေးမြို့ ဇာတိ ဖြစ်ပါသည်။ ချမ်းအေးသာဇံရပ် အဖ ဦးသိန်း၊ အမိ ဒေါ်ကြည်တို့၏ ဒုတိယသား ဖြစ်သည်။ မန္တလေးမြို့၊ ဗုဒ္ဓသာသနနုဂ္ဂဟ ယောက်ျားလေးကျောင်း၊ သံတဲကျောင်းနှင့် စိန်ပီတာကျောင်းတို့တွင် ပညာသင်ခဲ့ပြီး [[၁၉၄၈]] နှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ အောင်သည်။

၁၁:၃၀၊ ၃၀ ဒီဇင်ဘာ ၂၀၁၁ ရက်နေ့က မူ

ဒေါက်တာ ခင်မောင်ညွန့်
ဖိုင်:Dr KhinMgNyunt.gif
'
မွေးသက္ကရာဇ်
အမည်ရင်း ဦးခင်မောင်ညွန့်
မိဘအမည် ဦးသိန်း + ဒေါ်ကြည်
မွေးဖွားရာဒေသ မန္တလေးမြို့ ချမ်းအေးသာဇံရပ်
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး ဗမာ
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း ဝိဇ္ဇာဘွဲ့ (မန္တလေးကောလိပ်)၊ ပါရဂူ (ဒေါက်တာ)ဘွဲ့ (လန်ဒန်တက္ကသိုလ်)
အလုပ်အကိုင် ညွှန်ကြားရေးမှူးချုပ် သမိုင်းသုတေသန ဦးစီးဌာနရှေးဟောင်းသုတေသန ဦးစီးဌာန
ကြင်ဖော်
သားသမီး
ထင်ပေါ်ကျော်ကြားမှု စာရေးဆရာသမိုင်းပညာရှင်ပါမောက္ခစာတည်းမှူးချုပ်
ထင်ရှားသည့်လက်ရာများ
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ
ကွယ်လွန်ရက်
ကွယ်လွန်ရာဒေသ
လက်မှတ် [[Image:|100px]]
ကွန်ယက်


ဒေါက်တာ ခင်မောင်ညွန့်

သမိုင်းပညာရှင် ဒေါက်တာခင်မောင်ညွန့်သည် မန္တလေးမြို့ ဇာတိ ဖြစ်ပါသည်။ ချမ်းအေးသာဇံရပ် အဖ ဦးသိန်း၊ အမိ ဒေါ်ကြည်တို့၏ ဒုတိယသား ဖြစ်သည်။ မန္တလေးမြို့၊ ဗုဒ္ဓသာသနနုဂ္ဂဟ ယောက်ျားလေးကျောင်း၊ သံတဲကျောင်းနှင့် စိန်ပီတာကျောင်းတို့တွင် ပညာသင်ခဲ့ပြီး ၁၉၄၈ နှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ အောင်သည်။


၁၉၄၈-၄၉ နှင့် ၁၉၄၉-၅ဝ နှစ်များတွင် မန္တလေး ကောလိပ်တွင် ဝိဇ္ဇာဘာသာတွဲနှင့် ဥပစာတန်းအောင်သည်။ ၁၉၅၂ နှစ်တွင် မန္တလေးကောလိပ်မှ ဝိဇ္ဇာတန်းအောင်ပြီး၊ သမိုင်းဘာသာ ရွှေတံဆိပ်ရသည်။ မန္တလေး ကောလိပ်တွင် သမိုင်းအသင်း ဥက္ကဋ္ဌ၊ မြန်မာစာအသင်း အမှုဆောင်နှင့် နှစ်လည်မဂ္ဂဇင်း၊ အင်္ဂလိပ်စာပိုင်း စာတည်း အဖြစ် ဆောင်ရွက်ခဲ့သည်။


၁၉၅၂ မှ ၁၉၅၅ အထိ ရန်ကုန်တက္ကသိုလ်၊ ခေတ်သစ်သမိုင်းနှင့် နိုင်ငံရေး သိပ္ပံဘာသာ ဌာနတွင် နည်းပြ၊ စာသင်နည်းပြမှ လက်ထောက် ကထိက အထိ အမှုထမ်းရင်း ဝိဇ္ဇာဂုဏ်ထူး (သမိုင်း)၊ မဟာဝိဇ္ဇာ (သမိုင်း) ဘွဲ့များ ယူခဲ့သည်။ စစ်ကိုင်းကျောင်းဆောင်တွင် အဆောင်နည်းပြနှင့် အဆောင်မှူးက တာဝန် ထမ်းဆောင်ခဲ့သည်။


မြန်မာနိုင်ငံတော် အစိုးရ၏ ပညာတော်သင်ဆု ရ၍ ၁၉၅၆-၁၉၆ဝ အထိ အင်္ဂလန်ပြည်လန်ဒန်တက္ကသိုလ် (International Relations) ၌ ဘွဲ့လွန်သင်တန်း တက်ပြီး ၁၉၆ဝ ပြည့်နှစ်တွင် ပါရဂူ (ဒေါက်တာ) ဘွဲ့ ရခဲ့သည်။


၁၉၆ဝ မှ ၁၉၇၅ အထိ၊ ရန်ကုန်တက္ကသိုလ်ပညာရေးတက္ကသိုလ်လုပ်သားများကောလိပ်တွင် သမိုင်းဌာန၊ ဌာနမှူး ကထိက အဖြစ် အမှုထမ်းရင်း ကျောင်းသုံး သမိုင်းစာအုပ်များ ပြုစုသည်။ တိုင်းရင်းသား ယဉ်ကျေးမှု ဓလေ့ထုံးစံများ ချင်းနှင့် ရှမ်း စာအုပ်များ ရေသားခဲ့သည်။


၁၉၇၅ မှ ၁၉၈၂ အထိ ယဉ်ကျေးမှုဝန်ကြီးဌာနအနုပညာ ဦးစီးဌာနနှင့် နိုင်ငံတော် သမိုင်းသုတေသန ဦးစီးဌာန များတွင် ညွှန်ကြားရေးမှူးချုပ် ရာထူးအထိ တာဝန် ထမ်းဆောင်ခဲ့သည်။ ထိုကာလတွင် နိုင်ငံတော် တာဝန်ပေးချက် အရ ပြည်ပနိုင်ငံများသို့ စေလွှတ်သော ယဉ်ကျေးမှု အဖွဲ့များကို ဦးဆောင်ကာ သွားရောက်ခဲ့သည်။


၁၉၈၂ မှ ၁၉၈၇ အထိ မန္တလေးတက္ကသိုလ် သမိုင်းဌာနနှင့် နိုင်ငံတကာ ဆက်ဆံရေး ဌာနများတွင် ပါမောက္ခ အဖြစ် ထမ်းဆောင်ခဲ့သည်။


၁၉၈၇ မှ ၁၉၈၉ အထိ ရှေးဟောင်းသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် နိုင်ငံတော် အစိုးရက ခန့်ထားသည်။ ထိုကာလအတွင်း ရှေးဟောင်း သုတေသန လုပ်ငန်းများနှင့် ဆိုင်သော ညီလာခံများ ကျင်းပသည့် နိုင်ငံများသို့ မြန်မာနိုင်ငံ ကိုယ်စားပြု၍ တတ်ရောက်ခဲ့သည်။


၁၉၉ဝ မှ ၁၉၉၄ အထိ မြန်မာ့သမိုင်း ဖြစ်ရပ်အမှန်များ ပြုစုရေးအဖွဲ့ ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။


၁၉၉၄ မှ ယနေ့အထိ မြန်မာ့သမိုင်း ကော်မရှင် အဖွဲ့ဝင် အဖြစ် အမှုထမ်းရင်း သမိုင်းသုတေသန စာတမ်းများ ပြုစု ထုတ်ဝေလျက် ရှိပါသည်။ ၁၉၉၆ မှစ၍ ယနေ့တိုင် ထုတ်လျက်ရှိသော အင်္ဂလိပ်ဘာသာနှင့် ရေးသော Myanmar Perspective မဂ္ဂဇင်း၏ စာတည်းမှူးချုပ် အဖြစ် ထမ်းဆောင်ရင်း သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးများ ရေးလျက်ရှိသည်။ အလားတူ လစဉ်ထုတ် ဂါဒီယန်း မဂ္ဂဇင်းတွင်လည်း ဆောင်းပါးများ ရေးသည်။ မြန်မာ့အသံ၊ အင်္ဂလိပ်ပိုင်း စနေနေ့တိုင်း အစီအစဉ်တွင် မြန်မာ့ ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာ ဟောပြောချက်များကို အင်္ဂလိပ်ဘာသာနှင့် အသံလွှင့်လျက် ရှိသည်။


၁၉၉၈ ဒီဇင်ဘာလမှ စ၍ ယနေ့အထိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် တွင် ဗုဒ္ဓဘာသာ နှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သမိုင်းဌာန၊ ပါမောက္ခ အဖြစ် အမှုထမ်းရင်း စာများ ပို့ချလျက် ရှိပါသည်။


မြန်မာနိုင်ငံ စာရေးဆရာများနှင့် သတင်းစာဆရာများ အသင်းကြီး၏ အမှုဆောင် အဖွဲ့ဝင်လည်း ဖြစ်သည်။ [၁]

ကိုးကား

  1. အားမာန်သစ် စာပေမှ ၂၀၀၉ ခုနှစ်၊ ဧပြီလတွင် ပထမအကြိမ် ပုံနှိပ် ထုတ်ဝေတဲ့ သန်းဝင်လှိုင် ရေးသားပြုစုတဲ့ 'အကျော်ဇေယျ စာဆိုတော်များ' စာအုပ်မှ