ဆင်မြီးဆွဲမြို့: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
"==ဆင်မြီး​ဆွဲမြ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာကြောင်း ၁ - စာကြောင်း ၁ -
==ဆင်မြီး​ဆွဲမြို့​==
==ဆင်မြီး​ဆွဲမြို့​==
ဆင်မြီး​ဆွဲမြို့​သည် ပြည်ခရိုင် သဲကုန်း​မြို့​နယ် အပါအဝင် မြို့​မအဆင့်​ရှိ မြို့​ငယ်တစ်မြို့​ ဖြစ်သည်။ ရုံး​ဂါတ် ( ရဲဌာန ) နှင့်​ ​ဈေး​ရှိသည်။ ပတ်ဝန်း​ကျင် ​ကျေး​ရွာ​ပေါင်း​ ( ၆၀ ) ​ကျော်ရှိသည်။ လယ်ယာ လုပ်ကိုင်ကြ​သော လယ်သမား​များ​ ဖြစ်သည်။
ဆင်မြီး​ဆွဲမြို့​သည် [[ပြည်ခရိုင်]]၊ [[သဲကုန်း​မြို့​နယ်]] အပါအဝင် မြို့​မအဆင့်​ရှိ မြို့​ငယ်တစ်မြို့​ ဖြစ်သည်။ ရုံး​ဂါတ် ( ရဲဌာန ) နှင့်​ ​ဈေး​ရှိသည်။ ပတ်ဝန်း​ကျင် ​ကျေး​ရွာ​ပေါင်း​ ( ၆၀ ) ​ကျော်ရှိသည်။ လယ်ယာ လုပ်ကိုင်ကြ​သော လယ်သမား​များ​ ဖြစ်သည်။
ပြည်မြို့ ​မှ မီး​ရထား​နှင့်​ ထွက်လာလျှင် ​ရှေး​ဦး​စွာ သ​ရေ​ခေတ္တရာမြို့​ဟောင်း​နေရာ ​မှော်ဇာမြို့​ကို ​တွေ့​ရမည်။ ထိုမှ ​တောင်ဘက်သို့​ ( ၈ ) မိုင်ခန့်​တွင် ဆင်မြီး​ဆွဲမြို့​ ရှိ​ပေသည်။
ပြည်မြို့ ​မှ မီး​ရထား​နှင့်​ ထွက်လာလျှင် ​ရှေး​ဦး​စွာ သ​ရေ​ခေတ္တရာမြို့​ဟောင်း​နေရာ ​မှော်ဇာမြို့​ကို ​တွေ့​ရမည်။ ထိုမှ ​တောင်ဘက်သို့​ ( ၈ ) မိုင်ခန့်​တွင် ဆင်မြီး​ဆွဲမြို့​ ရှိ​ပေသည်။
သ​ရေ ​ခေတ္တရာ ပျူရှင်ဘုရင်များ​ ​ခေတ်က ဆင်အမှုထမ်း​များ​ ​နေထိုင်ရာဖြစ်၍ ဆင်​ခေါင်း​ရွာ၊​ ဆင်မြီး​ဆွဲရွာ၊​ ဆင်များ​လေ့​ကျင့်​ရာ ဆင်တိုက်ကုန်း​နေရာတို့​ကို အထင်အရှား​တွေ့​ရသည်။ ဆင်​ခေါင်း​ရွာသည် ဆင်အမှုထမ်း​အြကီး​အကဲတို့​ ​နေရာဖြစ်၍ ဆင်မြီး​ဆွဲမှာ ဆင်၏ ​နောက်ဆွယ်မှ ဝန်း​ရံလိုက်ပါရ​သော အမှုထမ်း​များ​ ​နေထိုင်ရာ ဖြစ်သည်။
သ​ရေ ​ခေတ္တရာ ပျူရှင်ဘုရင်များ​ ​ခေတ်က ဆင်အမှုထမ်း​များ​ ​နေထိုင်ရာဖြစ်၍ ဆင်​ခေါင်း​ရွာ၊​ ဆင်မြီး​ဆွဲရွာ၊​ ဆင်များ​လေ့​ကျင့်​ရာ ဆင်တိုက်ကုန်း​နေရာတို့​ကို အထင်အရှား​တွေ့​ရသည်။ ဆင်​ခေါင်း​ရွာသည် ဆင်အမှုထမ်း​အြကီး​အကဲတို့​ ​နေရာဖြစ်၍ ဆင်မြီး​ဆွဲမှာ ဆင်၏ ​နောက်ဆွယ်မှ ဝန်း​ရံလိုက်ပါရ​သော အမှုထမ်း​များ​ ​နေထိုင်ရာ ဖြစ်သည်။

၁၁:၂၅၊ ၁၇ ဒီဇင်ဘာ ၂၀၁၁ ရက်နေ့က မူ

ဆင်မြီး​ဆွဲမြို့​

ဆင်မြီး​ဆွဲမြို့​သည် ပြည်ခရိုင်သဲကုန်း​မြို့​နယ် အပါအဝင် မြို့​မအဆင့်​ရှိ မြို့​ငယ်တစ်မြို့​ ဖြစ်သည်။ ရုံး​ဂါတ် ( ရဲဌာန ) နှင့်​ ​ဈေး​ရှိသည်။ ပတ်ဝန်း​ကျင် ​ကျေး​ရွာ​ပေါင်း​ ( ၆၀ ) ​ကျော်ရှိသည်။ လယ်ယာ လုပ်ကိုင်ကြ​သော လယ်သမား​များ​ ဖြစ်သည်။ ပြည်မြို့ ​မှ မီး​ရထား​နှင့်​ ထွက်လာလျှင် ​ရှေး​ဦး​စွာ သ​ရေ​ခေတ္တရာမြို့​ဟောင်း​နေရာ ​မှော်ဇာမြို့​ကို ​တွေ့​ရမည်။ ထိုမှ ​တောင်ဘက်သို့​ ( ၈ ) မိုင်ခန့်​တွင် ဆင်မြီး​ဆွဲမြို့​ ရှိ​ပေသည်။ သ​ရေ ​ခေတ္တရာ ပျူရှင်ဘုရင်များ​ ​ခေတ်က ဆင်အမှုထမ်း​များ​ ​နေထိုင်ရာဖြစ်၍ ဆင်​ခေါင်း​ရွာ၊​ ဆင်မြီး​ဆွဲရွာ၊​ ဆင်များ​လေ့​ကျင့်​ရာ ဆင်တိုက်ကုန်း​နေရာတို့​ကို အထင်အရှား​တွေ့​ရသည်။ ဆင်​ခေါင်း​ရွာသည် ဆင်အမှုထမ်း​အြကီး​အကဲတို့​ ​နေရာဖြစ်၍ ဆင်မြီး​ဆွဲမှာ ဆင်၏ ​နောက်ဆွယ်မှ ဝန်း​ရံလိုက်ပါရ​သော အမှုထမ်း​များ​ ​နေထိုင်ရာ ဖြစ်သည်။ စာ​ပေထူး​ချွန်သူများ​ ကိုလိုနီ ​ခေတ်က ​ကျောင်း​သုံး​ ရုံး​သုံး​ ပြုခဲ့​ရသည့်​ ကဝိမျက်မှန် သတ်ပုံကျမ်း​ကို ​ရေး​သား​ခဲ့​သူ ဦး​ကျော်ထွန်း​မှာ မူလတန်း​ကျောင်း​ ဆရာဖြစ်၍ ​ရွှေ​တောင်မြို့​ ကျီး​သဲ​လေး​ထပ်ဆရာ​တော်ကြီး​၏ တပည့်​ဖြစ်သည်။ ဆင်မြီး​ဆွဲရွာမှ ဖွား​မြင်သူ ဖြစ်သည်။ ကိုလိုနီ​ခေတ်မှလွတ်လပ်​ရေး​ ခေတ်အထိ စာ​ရေး​ဆရာ၊​ သတင်း​စာဆရာ၊​ ရုပ်ရှင်ဒါရိုက်တာ ဖြစ်သူ ဆရာဦး​ညာဏသည်လည်း​ ဆင်မြီး​ဆွဲဇာတိဖြစ်၍ မြို့​သစ်တန်း​နေ ​ကျောင်း​ဆရာကြီး​ ဦး​လူမှန်နှင့်​ တူဝရီး​တော်စပ်သည်။ စာ​ရေး​ဆရာ၊​ ကဗျာဆရာ ၊​ သု​တေသနပညာရှင် ဖြစ်သူ နန်း​ညွှန့်​ဆွေသည်လည်း​ ဆင်မြီး​ဆွဲမြို့​ အ​နောက်ဘက် ရပ်သာရွာ ဦး​သက်၊​ ​ဒေါ်​ရွှေဆိုင်တို့​မှ ဖွား​မြင်၍ ငယ်မည် ဦး​အောင်သိန်း​ ဖြစ်သည်။ နိုင်ငံ​ရေး​ ပုဂ္ဂိုလ်များ​ သခင်ဝတင်သည် ဆင်မြီး​ဆွဲဇာတိဖြစ်၍ ၁၉၃၃ ခုနှစ်၊​ ပြည်ခရိုင် ဒို့​ဗမာ အစည်း​အရုံး​ဖွဲ့​သောအခါ ဥက္ကဌ ဖြစ်လာသည်။ စစ်ပြီး​ခေတ် ဖဆပလ အဖွဲ့​ချုပ်ကြီး​တွင် အမှု​ဆောင်ဖြစ်လာ၍ ပင်လုံညီလာခံ ပြုလုပ်စဉ်က ဖဆပလအဖွဲ့​ကြီး​မှ ​စေလွှတ်သည့်​ မြန်မာအဖွဲ့​၏ ​ခေါင်း​ဆောင် ဖြစ်သည်။ ဖဆပလ အစိုး​ရ​ခေတ် ပြည်သူ့​လွှတ်​တော် ကိုယ်စား​လှယ်အြဖစ် ​နောင်တွင် နိုင်ငံ​ရေး​ မှ ထွက်၍ နား​လိုက်သည်။ ​မော်ကွန်း​ဝင် ပထမ ဆင့်​၊​ နိုင်ငံ့​ဂုဏ်ရည် ပထမဆင့်​ ရခဲ့​သည်။ တို့​ဗမာ အစည်း​အရုံး​ သမိုင်း​ပြုစု​ရေး​ အဖွဲ့​ဝင် ဖြစ်သည်။ သခင်ထွန်း ​ခင် ( ဗိုလ်မြင့်​ဆွေ ) သည် ပြည်ခရိုင် သဲကုန်း​မြို့​နယ် သရက်တပင်ရွာဇာတိ ဖြစ်၍ ပြည်ခရိုင် တို့​ဗမာ အစည်း​အရုံး​ ဖွဲ့​သောအခါ အမှု​ဆောင်အြဖစ် ပါဝင်လာသည်။ ၁၉၄၀ ပြည့်​နှစ်တွင် ပုတီး​ကုန်း​မြို့​ သခင်ထွန်း​အုပ်တို့​ အဖွဲ့​နှင့်​ အတူ ဂျပန်ပြည်သို့​ ထွက်သွား​သည့်​ ရဲ​ဘော်သုံး​ကျိပ်ဝင် တစ်ဦး​ ဖြစ်လာသည်။ တပ်မ​တော်တွင် ဆက်လက် အမှုထမ်း​သည် ။ တပ်မှ အြငိမ်း​စား​ယူ၍ ​တော်လှန်​ရေး​ အစိုး​ရ​ခေတ်တွင် နား​နေသည်။ ​မော်ကွန်း ​ဝင် ပထမအဆင့်​၊​ နိုင်ငံ့​ဂုဏ်ရည်ပထမ ဆင့်​ ရသည်။ ထို့​နောက် ၁၉၇၃ ၊​ ဇန်နဝါရီ ( ၂၃ ) တွင် နှလုံး​ရောဂါ ဖြင့်​ ကွယ်လွန် သွား​လေသည်။ ဆင်မြီး ​ဆွဲမြို့​၌ သခင်သန်း​ဦး​၊​ သခင်အိ၊​ သခင်လှအုံး​၊​ သခင်ဥ၊​ သခင်စိန်​မောင်၊​ သခင် စံနွဲ့​တို့​သည် နိုင်ငံ​ရေး​တွင် ထင်ရှား​ကြသည်။ ဆင်မြီး ​ဆွဲမြို့​တွင် ​ရှေး​ခေတ် ဒွတ္တ​ဘောင်မင်း​ကြီး​ တည်ခဲ့​သည့်​ အိုင်ဘုရား​ရှိသည့်​ အိုင်​ကျောင်း​၊​ ဥသျှစ်ပင်​ကျောင်း​၊​ ​ညောင်ပင်ကြီး​ကျောင်း​၊​ မြင်း​နီ​ကျောင်း​တို့​သည် ပရိယတ္တိစာသင်တိုက်ကြီး​များ​ဖြစ်၍ ထင်ရှား​သည်။ ဆင်း​မလား​ စီမံကိန်း​ ( စက္ကြဖူစာတမ်း​ ) ၁၉၄၅ ခုနှစ်၊​ မတ်လ ( ၂၇ ) ရက်​နေ့​တွင် ဖက်ဆစ်​တော်လှန်​ရေး​ ဆင်နွဲခဲ့​သည်။ ဗြိတိသျှစစ်တပ်များ​ လည်း​ မြန်မာပြည်တွင်း​ ပြန်လည် ဝင်​ရောက်လာကြသည်။ ထိုအချိန်မှာ စစ်အတွင်း​ကာလ ဖြစ်၍ ဗြိတိသျှတို့​သည် မြန်မာနိုင်ငံကို စစ်အုပ်ချုပ်​ရေး​ဖြင့်​ အုပ်ချုပ်ခဲ့​လေသည်။ မြန်မာပြည်ကို အုပ်ချုပ်ရန် ဗြိတိသျှ စစ်​သေနာပတိ၏ လက်​အောက်၌ မြို့​ပြအုပ်ချုပ်​ရေး​ဌာနခွဲ ( Civil Affairs Service ( Burma ) ) တစ်ခုကို ဖွဲ့​စည်း​၍ အုပ်ချုပ်​စေသည်။ ၎င်းကို ကက်စ်ဘီ [ C.A.S ( B )] အုပ်ချုပ်​ရေး​ဟု ​ခေါ်ကြသည်။ မြန်မာပြည်သူတို့​သည် စစ်အုပ်ချုပ်​ရေး​ကို မလိုလား​ပေ။ ထို့​ကြောင့်​ ၁၉၄၅ ခုနှစ်၊​ ဩဂုတ်လ (၁၉) ရက်​နေ့​တွင် ရန်ကုန်မြို့​ ဗဟန်း​ရပ် ​နေသူရိန်ပွဲရုံ၌ လူထုစည်း​ဝေး​ပွဲကြီး​တစ်ရပ် ကျင်း​ပခဲ့​သည်။ တိုင်း​ရင်း​သား​ လူမျိုး​ပေါင်း​စုံ တက်​ရောက်ခဲ့​ကြသည်။ ၎င်း​နေသူရှိန် အစည်း​အ​ဝေး​ကြီး​မှ စစ်အုပ်ချုပ်​ရေး​ကို အြမန်ဆုံး​ ရပ်စဲပစ်ရန် တစ်ခဲနက်​တောင်း​ဆိုကြသည်။ ၁၉၄၅ ခု၊​ ​အောက်တိုဘာလ ( ၁၅ ) ရက်​နေ့​တွင် စစ်အုပ်ချုပ်​ရေး​ကို ရပ်စဲ​ပေး​ခဲ့​သည်။ မြန်မာပြည်၏ စစ်​ပြေး​ဘုရင်ခံ ဆာရက်ဂျီရယ်​ဒေါ်မန်စမစ်သည် ၁၉၄၅ ခု၊​ ဧပြီလ ( ၁၆ ) ရက်​နေ့​တွင် ရန်ကုန်သို့​ ပြန်​ရောက်လာသည်။ သူနှင့်​အတူ ဆင်း​မလား​ စီမံကိန်း​ ဆိုသည်ကိုလည်း​ ယူ​ဆောင်လာခဲ့​သည်။ ဆာ​ဒေါ်မန်စမစ်နှင့်​ ဗြိတိသျှ စစ်​ပြေး​အစိုး​ရသည် အိန္ဒိယ အစိုး​ရ ​နွေရာသီ ရုံး​စိုက်ရာ ဆင်း​မလား​မြို့​တွင် ရှိခဲ့​စဉ်က မြန်မာပြည်ကို ပြန်လည်သိမ်း​ပိုက်မိပါက မည်သို့​ မည်ပုံ အုပ်ချုပ်မည်ကို စီမံချက်များ​ ပရိုဂျက်များ​ရေး​ဆွဲခဲ့​သည်။ ဆင်း​မလား​မြို့​တွင် ​ရေး​ဆွဲခဲ့​သော ​ကြောင့်​ ‘ဆင်း​မလား​စီမံကိန်း​’ ဟု အမည်တွင်ခြင်း​ ဖြစ်​လေသည်။ ဘုရင်ခံ ဆာ​ဒေါ်မန်စမစ်သည် ရန်ကုန်သို့​ ပြန်​ရောက်ပြီး​ မြကာမီ အဂင်္လန် သို့​ ထွက်ခွာသွား​ခဲ့​သည်။ ဆင်း​မလား​ စီမံကိန်း​ကို ဗြိတိသျှအစိုး​ရထံ တင်ပြ၍ သ​ဘောတူညီချက် ​တောင်း​ခံရန် ဖြစ်သည်။ ၎င်းစီမံ ချက်ကို ဗြိတိသျှ ပါလီမန်က အတည်ပြုပြဌာန်း​ပြီး​နောက် ၁၉၄၅ ခု၊​ ​မေလ ( ၁၇ ) ရက်​နေ့​တွင် တရား​ဝင် ထုတ်ပြန်​ကြေညာခဲ့​သည်။ ဗြိတိသျှ ပါလီမန်က စက္ကူဖြူစာတမ်း​ ( White Paper ) အ​နြေဖင့်​ ထုတ်ပြန်​ကြေညာခဲ့​ခြင်း​ ဖြစ်​သော​ကြောင့်​ ဆင်း​မလား​ စီမံကိန်း​ကို ‘စက္ကူဖြူစာတမ်း​’ ဟူ၍လည်း​ ​ခေါ်ဆိုကြ​လေသည်။ ဆင်း​မလား​ စီမံကိန်း​တွင် အချက်​ပေါင်း​ ( ၇ ) ချက်ပါဝင်သည်။ စီမံကိန်း​အရ စစ်ပြီး​ကာလ မြန်မာနိုင်ငံတွင် ပြန်လည်ထူ​ထောင်​ရေး​ လုပ်ငန်း​များ​ ပြုလုပ်ရန် လိုအပ်သည်ဟု ဆိုကာ ပရိုဂျက်များ​ ချမှတ်ပြီး​ မြန်မာနိုင်ငံတွင် ဗြိတိသျှအရင်း​ရှင်ကြီး​များ​ ပြန်လည် ရင်း​နှီး​ မြှုပ်နှံနိုင်ရန် အစီအစဉ် လုပ်​ပေး​သည်။ လက်ဝါး​ကြီး​ အုပ် အရင်း​ရှင်များ​ ပြန်လည် ရှင်သန်​အောင် အား​ပေး​သည်။ ရည်ရွယ်ချက်မှာ စီး​ပွား​ရေး​တွင် ဗြိတိသျှတို့​ ထင်သလို ချယ်လှယ် ​ခေါင်း​ပုံဖြတ်ခွင့်​ ရ​စေရန် စီမံ ​ပေး​ခြင်း​ ဖြစ်​ပေသည်။ ၎င်းစီမံကိန်း​တွင် မြန်မာနိုင်ငံအား​ ကိုယ်ပိုင်အုပ်ချုပ်​ရေး​ ​ပေး​မည် ဟု ဆိုထား​သော်လည်း​ နှစ်ကာလ အပိုင်း​အြခား​ တိတိကျကျ ​ဖော်ပြထား​ခြင်း​ မရှိ​ချေ။ ထို့​ပြင် ကိုယ်ပိုင်အုပ်ချုပ်​ရေး​ မ​ပေး​မီ ၁၉၄၅ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ သုံး​နှစ်တိုင်တိုင် ဘုရင်ခံက အာဏာကျင့်​သုံး​၍ အုပ်ချုပ်မည် ဖြစ်သည်။ ဤပြဌာန်း​ချက်မှာ အသစ်အဆန်း​ မဟုတ်​ချေ။ ‘၁၉၃၅ ခုနှစ်၊​ မြန်မာပြည်အစိုး​ရအက်ဥပ​ဒေ’ ( The Government of Burma Act 1935 ) ၏ ပုဒ်မ ၁၃၉ အရ ဘုရင်ခံအား​ ‘မိမိကြိုက်နှစ်သက်သလို စီရင်အုပ်ချုပ်ပိုင်ခွင့်​ အာဏာ’ ( Discretionary ) ​ပေး​အပ်၍ အုပ်ချုပ်​စြေခင်း​ပင် ဖြစ်သည်။ ပုဒ်မ ၁၃၉ သည် ဘုရင်ခံ လက်သုံး​ ပုဒ်မပင် ဖြစ်​ပေသည်။ ဆင်း​မလား​ စီမံကိန်း​အရ ဆိုလျှင် ပြည်သူတို့​ ​တောင့်​တ​နြေက​သော လွတ်လပ်​ရေး​ ပန်း​တိုင်သို့​ ​နှေး​ကွေး​သော ​ခြေလှမ်း​များ​ဖြင့်​သာ တက်လှမ်း​နိုင်ကြ​ပေမည်။ အဆင့်​ဆင့်​တက်လှမ်း​ြကြပီး​မှ ဗြိတိသျှ ဓနသဟာယ အတွင်း​၌ ကိုယ်ပိုင်လွတ်လပ်ခွင့်​ အြပည့်​အဝကို မြန်မာပြည်မက ရရှိမည်။ ‘​တောင်တန်း​သား​ တိုင်း​ရင်း​သား​ လူမျိုး​များ​’ ကိုမူ ဘုရင်ခံ ကိုယ်တိုင်က သီး​ခြား​ အုပ်ချုပ်ထား​မည် ဖြစ်သည်။ အဘယ်​ကြောင့်​ဆို​သော် ဆင်း​မလား​ စီမံကိန်း​၏ ‘သတ္တမအချက်’ တွင် ​အောက်ပါအတိုင်း​ ပြဌာန်း​ထား​ပေသည်။ ‘မြန်မာနိုင်ငံ အလယ်ပိုင်း​ဒေသတွင် ​နေထို်င်ကြ​သော မြန်မာလူမျိုး​တို့​နှင့်​ ဘာသာစကား​၊​ ဓ​လေ့​ထုံး​စံ၊​ နိုင်ငံ​ရေး​ တိုး​တက်မှု အဆင့်​အတန်း​ မတူကြသူတို့​ ​နေထိုင်ရာ ရှမ်း​ပြည်နယ်​မြေများ​နှင့်​ လူမျိုး​စုတို့​ ​နေထိုင်ရာ ​တော​တောင်ထူထပ်သည့်​ နိုင်ငံ အစွန်အဖျား​ဒေသများ​ ပါဝင်သည့်​ ခြွင်း​ချန်နယ်​မြေများ​’ ( Scheduled Areas ) ကိုမူ ထိုလူမျိုး​များ​က မိမိတို့​ ​နေထိုင်​သော ​ဒေသများ​ကို ပြည်မနှင့်​ သင့်​လျော်​သော ပုံစံဖြင့်​ ပူး​ပေါင်း​လို​ကြောင်း​ မိမိတို့​ ဆန္ဒကို ထုတ်​ဖော်ခြင်း​ မြပု​သေး​မီ အ​တောအတွင်း​ ဘုရင်ခံက အထူး​စီမံ အုပ်ချုပ်ထား​လိမ့်​မည်’။ ထိုအချက်၏ ရည်ရွယ်ချက်မှာ မြန်မာပြည်မကို မတတ်သာ၍ လွတ်လပ်​ရေး​ ​ပေး​ရ​စေကာမူ ရှမ်း​ပြည်နယ်နှင့်​ ​တောင်တန်း​ဒေသများ​ကို ဆက်လက် ကျွန်ပြုချုပ်ကိုင်ထား​ရန် ဖြစ်သည်။ ထို့​ကြောင့်​ ဆင်း​မလား​ စီမံကိန်း​သည် ကိုလိုနီနယ်ချဲ့​တို့​၏ ​သွေး​ခွဲအုပ်ချုပ်​ရေး​ မူဝါဒ အရ ဘာသာစကား​၊​ ဓ​လေ့​ထုံး​စံနှင့်​ နိုင်ငံ​ရေး​ နိုး​ကြွမှု မတူညီသည်ကို အခွင့်​ကောင်း​ယူ၍ ဆက်လက်​သွေး​စုပ် အြမတ်ထုတ်ရန် ကြံစည်ခဲ့​သော ‘ကျွန်သက်ရှည်​ရေး​ စီမံကိန်း​’ ပင်ဖြစ်သည်။ ထို့​ကြောင့်​ ဆင်း​မလား​ စီမံကိန်း​ကို ပြည်သူတစ်ရပ်လုံး​က ကန့်​ကွက်ကြသည်။ အလုပ်သမား​များ​က ကန့်​ကွက်ကြသည်။ ​တောင်သူလယ်သမား​များ​လည်း​ မလိုလား​ကြ။ အမျိုး​သား​တပ်ဦး​ဖြစ်သည့်​ ဖဆပလ အဖွဲ့​ကြီး​ကလည်း​ ဆန့်​ကျင်သည်။ ၁၉၄၆ ခုနှစ်၊​ ဇန်နဝါရီလ ( ၁၇ ) ရက်​နေ့​တွင် ဖဆပလအဖွဲ့​ကြီး​၏ ပြည်လုံး​ကျွတ်ညီလာခံကြီး​ကို ​ရွှေတိဂုံအလယ်ပစ္စယံတွင် ကျင်း​ပခဲ့​သည်။ လူထု တစ်သိန်း​ကျော် တက်​ရောက်ခဲ့​သည်။ ထိုညီလာခံကြီး​မှ စက္ကူဖြူစာတမ်း​ခေါ် ဆင်း​မလား​ စီမံကိန်း​ကို ကန့်​ကွက်​ကြောင်း​ တစ်ခဲနက် အဆိုတင်သွင်း​ခဲ့​သည်။ ထို့​နောက် များ​မြကာမီ မြန်မာပြည်တစ်ဝှမ်း​လုံး​ စက္ကူဖြူစာတမ်း​ ကန့်​ကွက်​ရေး​နှင့်​ နယ်ချဲ့​ဆန့်​ကျင်​ရေး​ အတွက် သပိတ်တိုက်ပွဲများ​ ဆင်နွဲကြသည်။ ၁၉၄၆ ခု၊​ စက်တင်ဘာလ ( ၅ ) ရက်​နေ့​တွင် အစြပုခဲ့​သော ပုလိပ်အမှုထမ်း​ သပိတ်ကြီး​မှ စ၍ တစ်နိုင်ငံလုံး​တွင် အမှုထမ်း​ ​ပေါင်း​စုံ သပိတ်​မှောက်ခဲ့​ကြ​လေသည်။ စက္ကူဖြူစာတမ်း​မီး​ရှို့​ပွဲတစ်ရပ်ကိုလည်း​ စက်တင်ဘာလ ( ၂၁ ) ရက်​နေ့​တွင် ပြုလုပ်ခဲ့​ကြသည်။ အမှုထမ်း​ပေါင်း​စုံတို့​၏ အ​ထွေ​ထွေ သပိတ်ကြီး​၏ ဒီ​ရေသည်။ ဗြိတိသျှ တို့​၏ ဗြူရိုက​ရေစီ အုပ်ချုပ်​ရေး​ စက်ယန္တရား​ကို ပြင်း​ထန်စွာ ရိုက်ခတ်ခဲ့​သည်။ ဗြိတိသျှ တို့​ အုပ်ချုပ်​ရေး​၌ ကြီး​မား​သော အကျပ်အတည်း​နှင့်​ ​တွေ့​တော့​သည်။ ဆင်း​မလား​ စီမံကိန်း​ကို ​ဖော်ထုတ်ခဲ့​သော ဆာ​ဒေါ်မန်စမစ်သည် ၁၉၄၆ ခု၊​ ဇွန်လ ( ၁၄ ) ရက်​နေ့​တွင် ရန်ကုန်မှ သ​င်္ဘောဖြင့်​ ပြည်​တော်ပြန်ရ​တော့​သည်။ သူ၏ ဘုရင်ခံသစ်အြဖစ် ဆာဟူး​ဘတ်ရန့်​စ်ကို ခန့်​အပ်ရ​လေသည်။ မြန်မာနိုင်ငံကို ဆက်လက်အုပ်ချုပ်ရန်မှာ မြန်မာ တစ်မျိုး​သား​လုံး​၏ ​ထောက်ခံမှုကို ရရှိ​နေ​သော ဗိုလ်ချုပ်​အောင်ဆန်း​၏ ပူး​ပေါင်း​ဆောင်ရွက်မှုမရှိဘဲ မြဖစ်​ကြောင်း​ ဗြိတိသျှ အစိုး​ရ ရိပ်စား​မိလာသည်။ ထို့​ကြောင့်​ စက္ကူဖြူစာတမ်း​အစား​ မူဝါဒ အသစ်တစ်ခုဖြင့်​ အစား​ထိုး​ရန် စီစဉ်ကြ​တော့​သည်။ သို့​ဖြင့်​ ဘုရင်ခံသစ် ဆာဟူး​ဘတ်ရန့်​စ်သည် ဗိုလ်ချုပ်​အောင်ဆန်း​ ဦး​ဆောင်​သော ဖဆပလ အဖွဲ့​ကြီး​အား​ အစိုး​ရအဖွဲ့​သစ် ဖွဲ့​စည်း​ရန် ပြန်လည် အုပ်စိုး​သည့်​ ကာလ အုပ်ချုပ်​ရေး​တွင် အ​ရေး​ပါခဲ့​သော ဆင်း​မလား​ စီမံကိန်း​သည် မြန်မာပြည်သူတို့​၏ စွမ်း​အား​ကို မ​ကျော်လွှား​နိုင်ဘဲ ပျက်ပြား​သွား​ခဲ့​ရ​ပေသည်။