ခန့်၊ ဦး (ပန်းတနော်): တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
No edit summary
စာကြောင်း ၁၅ - စာကြောင်း ၁၅ -
| ကြင်ဖော် = ဒေါ်စောရင်
| ကြင်ဖော် = ဒေါ်စောရင်
| သားသမီး =သားလေးယောက်၊ သမီးတစ်ယောက်
| သားသမီး =သားလေးယောက်၊ သမီးတစ်ယောက်
| ထင်ပေါ်ကျော်ကြားမှု =
| ထင်ပေါ်ကျော်ကြားမှု =[[စာရေးဆရာ]]၊ [[အယ်ဒီတာ]]၊ [[ဖဆပလ]] အမတ်၊ မျိုးချစ်နိုင်ငံရေးသမား
| ထင်ရှားသည့်လက်ရာများ='၁၉၄၆ ခုနှစ်၊ ဗမာနိုင်ငံ အခြေအနေ' ဟူသော စာမျက်နှာ ရှစ်မျက်နှာခန့်ရှိသည့် ဗြိတိသျှအစိုးရအား တင်ပြသည့်စာတမ်း
| ထင်ရှားသည့်လက်ရာများ='၁၉၄၆ ခုနှစ်၊ ဗမာနိုင်ငံ အခြေအနေ' ဟူသော စာမျက်နှာ ရှစ်မျက်နှာခန့်ရှိသည့် ဗြိတိသျှအစိုးရအား တင်ပြသည့်စာတမ်း
| ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ=[[နိုင်ငံဂုဏ်ရည်ဘွဲ့]] (ပထမဆင့်)
| ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ=[[နိုင်ငံဂုဏ်ရည်ဘွဲ့]] (ပထမဆင့်)

၀၀:၂၀၊ ၁၀ ဒီဇင်ဘာ ၂၀၁၁ ရက်နေ့က မူ

ပန်းတနော် ဦးခန့်
၇၆ နှစ်
မွေးသက္ကရာဇ် ၉ ဧပြီ ၁၉၁၁
အမည်ရင်း ဦးခန့်
မိဘအမည် ဦးဘိုးနှစ် + ဒေါ်နန်းသောင်
မွေးဖွားရာဒေသ ပန်းတနော်မြို့ဧရာဝတီတိုင်း
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး ဗမာ
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း ဥပစာတန်းအောင်၊ ရန်ကုန်တက္ကသိုလ်
အလုပ်အကိုင် စာရေးဆရာအယ်ဒီတာဘီအိုင်အေတပ်မတော် ဗိုလ်ကြီး၊ ဖဆပလ အမတ်၊ မျိုးချစ်နိုင်ငံရေးသမား
ကြင်ဖော် ဒေါ်စောရင်
သားသမီး သားလေးယောက်၊ သမီးတစ်ယောက်
ထင်ပေါ်ကျော်ကြားမှု စာရေးဆရာအယ်ဒီတာဖဆပလ အမတ်၊ မျိုးချစ်နိုင်ငံရေးသမား
ထင်ရှားသည့်လက်ရာများ '၁၉၄၆ ခုနှစ်၊ ဗမာနိုင်ငံ အခြေအနေ' ဟူသော စာမျက်နှာ ရှစ်မျက်နှာခန့်ရှိသည့် ဗြိတိသျှအစိုးရအား တင်ပြသည့်စာတမ်း
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ နိုင်ငံဂုဏ်ရည်ဘွဲ့ (ပထမဆင့်)
ကွယ်လွန်ရက် ၁၉ ဒီဇင်ဘာ ၁၉၈၇
ကွယ်လွန်ရာဒေသ ရန်ကုန်မြို့
လက်မှတ် [[Image:|100px]]
ကွန်ယက်


ပန်းတနော် ဦးခန့်
ပန်းတနော် ဦးခန့် (ခရစ် ၁၉၁၁-၁၉၈၇) နှင့် ဇနီး။

ပန်းတနော် ဦးခန့် (ခရစ် ၁၉၁၁-၁၉၈၇)

ဦးခန့်ကို ၁၉၁၁ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် ဖခင် ဦးဘိုးနှစ်၊ မိခင် ဒေါ်နန်းသောင် တို့မှ ပန်းတနော်မြို့၌မွေးဖွားသည်။ ညီအစ်ကို လေးယောက်ရှိရာ အစ်ကိုကြီးမှာ အငြိမ်းစား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့် ဖြစ်ပြီး ညီများမှာ ဦးသောင်း၊ ဦးတင်မောင်တို့ ဖြစ်သည်။


ငယ်စဉ်က ဆရာဦးဘဟန် ကျောင်း၌ ပညာသင်ခဲ့သည်။ ထို့နောက် ဝိုင်အမ်ဘီ အလယ်တန်းကျောင်း၌ နှစ်တန်းမှ ငါးတန်းအထိ ပညာသင်ကြားခဲ့သည်။ ငါးတန်း အရောက်တွင် နေရှင်နယ် အမျိုးသား အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ပြီး ၁ဝ တန်း အောင်ခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်သို့ တတ်ရောက် ပညာသင်ကြားခဲ့သည်။


၁၉၃ဝ ပြည့်နှစ်တွင် ဥပစာတန်းကို အောင်မြင်ပြီး ကြေးတိုင်မင်းကြီးဟောင်း မစ္စတာ ဖာနီဗယ် တည်ထောင်သော ဘားမားဘုတ် ကလပ် (Burma Book Club) စာအုပ်တိုက်တွင် ၂ နှစ်ခန့် လုပ်ကိုင်ခဲ့သည်။ ထို့နောက် ၁၉၃၁ ခုနှစ်၊ ဒီဇင်ဘာလမှ ၁၉၃၅ ခုနှစ်၊ စက်တင်ဘာလ အထိ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာထုတ် ဂန္ထလောက မဂ္ဂဇင်း (The World of Books) အယ်ဒီတာ အဖြစ် လုပ်ကိုင်ခဲ့သည်။


စာဆိုတော် မဂ္ဂဇင်း (The Literary World) ကို ၁၉၃၅ ခုနှစ်၊ နိုဝင်ဘာလတွင် ဦးစီး ထုတ်ဝေခဲ့ရာ ပထမ နှစ်လတွင် စာရေးဆရာ ဦးသိန်းဖေမြင်က အယ်ဒီတာချုပ် အဖြစ် လုပ်ကိုင်ခဲ့၍ ကျန်လများတွင် ဦးခန့် ကိုယ်တိုင် အယ်ဒီတာချုပ် လုပ်ခဲ့သည်။ စာဆိုတော် မဂ္ဂဇင်းကို တနှစ်ခန့် ထုတ်ဝေပြီး ရပ်ဆိုင်းလိုက်ရသည်။ ထို့နောက် မြန်မာပြည် စာအုပ်တိုက်ကို တည်ထောင်ခဲ့သည်။


ဦးခန့်သည် ၁၉၃၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ဒေါ်စောရင်နှင့် အိမ်ထောင်ပြုခဲ့ပြီး သားလေးယောက်နှင့် သမီးတစ်ယောက် ထွန်းကားခဲ့သည်။


၁၉၃၂ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်များ အသင်းကြီး၏ အမှုဆောင် အဖွဲ့တွင် အကျိုးဆောင် အဖြစ် အရွေးချယ်ခံရသည်။ အဖွဲ့၏ အကျိုးတော်ဆောင် အဖြစ် ၄ နှစ် လုပ်ကိုင်ခဲ့ပြီး ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူခဲ့သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အသင်းကြီးသည် ဇာတိမာန် တက့်ကစေရေး၊ တိုင်းရင်းဖြစ် ဝတ်ဆင်ရေး ဟောပြောပွဲများကို ကြီးမှူးကျင်းပခဲ့သည့် အသင်းကြီး ဖြစ်သည်။


ဦးခန့်သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော အခမဲ့စာကြည့်တိုက် ဖြစ်သော ဘားနဒ် ပိဋကတ်တိုက်တွင် တိုက်အုပ် အဖြစ် ငါးနှစ်ခွဲခန့် လုပ်ကိုင်ခဲ့သည်။ ၎င်း၏ စာကြည့်တိုက် ရုံးခန်းတွင် မြန်မာ့ လွတ်လပ်ရေး အတွက် သခင်ခေါင်းဆောင်များ ဆွေးနွေးပွဲများ မကြခဏ ပြုလုပ်ခဲ့သည်။ ထို့ပြင် ၎င်း၏ နေအိမ်၌လည်း တို့ဗမာ အစည်းအရုံးမှ ခေါင်းဆောင်များသည် လွတ်လပ်ရေး အတွက် မကြာခဏ ဆွေးနွေး တိုင်ပင်ကြသည်။ ထို့နောက် ဦးခန့်အား သခင်ဗစိန်သခင်ထွန်းအုပ် တို့ဗမာ အစည်းအရုံး၏ မြေအောက် အဖွဲ့ဝင် ခေါင်းဆောင်တစ်ဦး အဖြစ် တာဝန်ပေးခြင်း ခံရသည်။


၁၉၄၂ ခုနှစ်၊ ဘီအိုင်အေ (BIA) ဗမာ့တပ်မတော်၌ ဗိုလ်ကြီးအဖြစ် မြစ်ဝကွျန်းပေါ် ဒေသတွင် တာဝန် ပေးအပ်ခြင်း ခံခဲ့ရသည်။ ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ထွန်းအုပ်တို့၏ တာဝန်ပေးချက်များ အရ မအူပင်ခရိုင်နှင့် မြောင်းမြခရိုင်၌ အုပ်ချုပ်ရေး အထူးအရာရှိ အဖြစ် နှစ်လခန့် ဆောင်ရွက်ခဲ့ရသည်။


ဦးခန့်သည် ၁၉၄၅ ခုနှစ်အတွင်းက သခင်ဗစိန်၊ ၎င်းမိသားစုနှင့် သခင်လှထွန်းတို့အား ဗြိတိသှျတပ်က အပြစ်အနာမယူဘဲ ဂျားဗားကွျန်းမှ မြန်မာနိုင်ငံသို့ ကောင်းမွန်စွာ ပြန်ပို့ပေးအောင် ဆောင်ရွက်ခဲ့သည်။ သခင်ထွန်းအုပ်အားလည်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ဘေးမသီ ရန်မခဘဲ ပြန်ရောက်အောင် ဆောက်ရွက်ခဲ့သည်။


ဦးခန့်သည် ၁၉၄၆ ခုနှစ်၊ စစ်အုပ်ချုပ်ရေး ကာလအတွင်း ဘိလပ်ရှိ မြန်မာနိုင်ငံဆိုင်ရာ ဝန်ကြီးမှတဆင့် '၁၉၄၆ ခုနှစ်၊ ဗမာနိုင်ငံ အခြေအနေ' ဟူသော စာမျက်နှာ ရှစ်မျက်နှာခန့် ရှိသည့် စာတမ်းကို တင်သွင်းခဲ့သည်။ ယင်းစာတမ်းသည် အုပ်ချုပ်သူ ဗြိတိသှျ အစိုးရအား အရပ်သား တစ်ဦးက ရဲရဲဝံ့ဝံ့ တင်ပြခဲ့သော စာတမ်းဖြစ်သည်။


၁၉၅၂ မှ ၁၉၅၆ ခုနှစ်အတွင်း ပန်းတနော် မဲဆန္ဒနယ်မှ ဖဆပလ အမတ်အဖြစ် အရွေးခံခဲ့ရသည်။


ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေး ကောင်စီ အစိုးရ လက်ထက် ၁၉၆၄ ခုနှစ်တွင် ဦးခန့်သည် စာပေဗိမာန်၌ အထူးအရာရှိ အဖြစ်လည်းကောင်း၊ အင်းဝတိုက်၌ အထူးအရာရှိ အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။


မြန်မာနိုင်ငံ ကမာ္ဘ့ရေးရာ အသင်းတွင် အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ တဂိုး အသင်းတွင် ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ရွှေဂုံတိုင် ခြောက်ထပ်ကြီး ဘုရား တည်ဆောက်ရေး ဂေါပက အဖွဲ့ ငွေထိန်းလူကြီး အဖြစ်လည်းကောင်း၊ ဗဟန်း တိုင်းတရာကျောင်းတွင် ကျင်းပခဲ့သော အမျိုးသားနေ့ ကျင်းပရေး အဖွဲ့၊ ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ရွှေတိဂုံဘုရား ရင်ပြင်တော်ပေါ်တွင် အမျိုးသားနေ့ အထိမ်းအမှတ် ကျောက်တိုင် စိုက်ထူရာ၌လည်း ပါဝင် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ပန်းတနော်မြို့နယ် အသင်း (ရန်ကုန်) ၏ နာယကကြီး အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။


ဦးခန့်သည် လစဉ်ထုတ် မဂ္ဂဇင်းများ၊ သတင်းစာများ၌ အင်္ဂလိပ်၊ မြန်မာဘာသာတို့ဖြင့် ဆောင်းပါးပေါင်း ၁ဝဝ ကျော် ရေးသားခဲ့သည်။ ဝန်ကြီးချုပ်ဟောင်း ဦးနု ရေးသားသော 'ငါးနှစ်ရာသီ ဗမာပြည်' စာအုပ်ကို မစ္စတာနီဗယ်နှင့် ပူးတွဲ၍ 'Burma under the Japanese' အမည်ဖြင့် အင်္ဂလိပ်ဘာသို့ ပြန်ဆိုခဲ့သည်။ အဆိုပါ စာအုပ်ကို မက်မီလန် စာအုပ်တိုက်မှ ၁၉၅၄ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။


၁၉၈ဝ ပြည့်နှစ်တွင် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်ကောင်စီက ဦးခန့်အား နိုင်ငံဂုဏ်ရည် (ပထမအဆင့်) ချီးမြှင့် အပ်နှင်းခဲ့သည်။


ဇနီးဖြစ်သူ ဒေါ်စောရင်သည် ၁၉၈၅ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။


ဦးခန့်သည် ၁၉၈၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားသည်။ ကွယ်လွန်ချိန်တွင် သားလေးယောက်နှင့် သမီးတစ်ယောက် ကျန်ရစ်ခဲ့ပါသည်။

[၁]

ကိုးကား

  1. အားမာန်သစ် စာပေမှ ၂၀၀၉ ခုနှစ်၊ ဧပြီလတွင် ပထမအကြိမ် ပုံနှိပ် ထုတ်ဝေတဲ့ သန်းဝင်လှိုင် ရေးသားပြုစုတဲ့ 'အကျော်ဇေယျ စာဆိုတော်များ' စာအုပ်