ခင်မောင်ဖြူ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
No edit summary
စာကြောင်း ၄ - စာကြောင်း ၄ -
| သက်တမ်း =၇၉ နှစ်
| သက်တမ်း =၇၉ နှစ်
| အမည်ရင်း =ဦးခင်မောင်ဖြူ
| အမည်ရင်း =ဦးခင်မောင်ဖြူ
| ကလောင်အမည်ခွဲများ =
| မွေးသက္ကရာဇ် =[[၁၉ မတ်]] [[၁၉၀၅]]
| မွေးသက္ကရာဇ် =[[၁၉ မတ်]] [[၁၉၀၅]]
| မွေးဖွားရာဒေသ=[[တောင်ကြီးမြို့]]၊ [[ရှမ်းပြည်နယ်]]
| မွေးဖွားရာဒေသ=[[တောင်ကြီးမြို့]]၊ [[ရှမ်းပြည်နယ်]]

၂၃:၁၃၊ ၉ ဒီဇင်ဘာ ၂၀၁၁ ရက်နေ့က မူ

ဦးခင်မောင်ဖြူ
[[Image:|200px]]
၇၉ နှစ်
မွေးသက္ကရာဇ် ၁၉ မတ် ၁၉၀၅
အမည်ရင်း ဦးခင်မောင်ဖြူ
မိဘအမည် ဦးဖြူ + ဒေါ်ပေါ်
မွေးဖွားရာဒေသ တောင်ကြီးမြို့ရှမ်းပြည်နယ်
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး
ကိုးကွယ်သည့်ဘာသာ
ပညာအရည်အချင်း ဘီအက်(စ်)စီ (ရန်ကုန်တက္ကသိုလ်)
အလုပ်အကိုင် နိုင်ငံရေးသမား
ကြင်ဖော် ဒေါ်ခင်ခင်တင်
သားသမီး ၃ ယောက်
ထင်ပေါ်ကျော်ကြားမှု အတွင်းဝန်ချုပ်ဝန်ကြီးဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ ဥက္ကဋ္ဌ
ထင်ရှားသည့်လက်ရာများ
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ သရေစည်သူဘွဲ့ (၁၉၄၉)၊ မဟာသရေစည်သူဘွဲ့ (၁၉၅၃)၊ ယူဂိုဆလားဗီးယားနိုင်ငံဒုတိယတန်းကြယ်တံဆိပ် (၁၉၅၅)၊ ထိုင်းနိုင်ငံဘုရင်၏ ဆင်ဖြူတော် (ဒုတိယတန်းစား) ဘွဲ့တံဆိပ်နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်)
ကွယ်လွန်ရက် ၂၉ အောက်တိုဘာ ၁၉၈၄
ကွယ်လွန်ရာဒေသ
လက်မှတ် [[Image:|100px]]
ကွန်ယက်


ဦးခင်မောင်ဖြူ (ခရစ် ၁၉ဝ၅-၁၉၈၄)

ဦးခင်မောင်ဖြူကို ၁၉၀၅ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ အဖဦးဖြူနှင့် အမိ ဒေါ်ပေါ်တို့က မွေးဖွားခဲ့သည်။ တောင်ကြီးမြို့ အေဘီအမ် ကျောင်းမှ ၁ဝ တန်းအောင်မြင်ခဲ့ပြီး ၁၉၂၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘီအက်(စ်)စီဘွဲ့ရခဲ့သည်။ ၁၉၂၉ ခုနှစ်တွင် အိုင်စီအက်စ်ရာထူး ခန့်အပ်ခံရသည်။

၁၉၃၉ ခုနှစ်မှ ၁၉၄၂ ခုနှစ်အထိ လက်ထောက် ကော်မရှင်နာ မင်းကြီးအဖြစ် ကျောက်ဖြူမြို့နှင့် သာယာဝတီမြို့ များတွင် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၄၈ ခုနှစ်တွင် ရှမ်းပြည်နယ်၏ လက်ထောက် တောင်တန်း မင်းကြီးအဖြစ်နှင့် အငြိမ်းစားယူခဲ့သည်။ ၁၉၅၀ ပြည့်နှစ်၌ ပြည်ထောင်စုမြန်မာနိုင်ငံ သမ္မတကြီး၏ အတွင်းဝန်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ ၁၉၅၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အတွင်းဝန်ချုပ် အဖြစ် ခန့်အပ်ခံရသည်။


ဗိုလ်ချုပ်ကြီး ဦးနေဝင်းအိမ်စောင့်အစိုးရ လက်ထက် တွင် ပြည်ထဲရေးဌာန၊ ပြန်ကြားရေးဌာန၊ လူဝင်မှု ကြီးကြပ်ရေး ဌာန၊ ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေးဌာန စသော ဌာန အသီးသီးတို့တွင် ဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့ရာ ၁၉၅၈ ခုနှစ်ထိ ဖြစ်သည်။ ထို့နောက် အမျိုးသားစည်းလုံးညီညွတ်မှု ဗဟိုကောင်စီ၏ ဥက္ကဋ္ဌအဖြစ် ၁၉၆ဝ ပြည့်နှစ်အထိ ဆောင်ရွက် ခဲ့သည်။


၁၉၄၉ ခုနှစ်တွင် သရေစည်သူဘွဲ့ကို လည်းကောင်း၊ ၁၉၅၃ ခုနှစ်တွင် မဟာသရေစည်သူဘွဲ့ကို လည်းကောင်း၊ ၁၉၅၅ ခုနှစ်တွင် ယူဂိုစလပ်ဗီးယားနိုင်ငံ သမ္မတကြီး မာရှယ်တီးတိုးက အပ်နှင်းသော [[ယူဂိုဆလားဗီးယားနိုင်ငံ၏ ဒုတိယတန်းကြယ်တံဆိပ်]]နှင့် ထိုင်းနိုင်ငံဘုရင်၏ [[ဆင်ဖြူတော် (ဒုတိယတန်းစား) ဘွဲ့တံဆိပ်]]ကို လည်းကောင်း ရရှိခဲ့သည်။ ၁၉၇ဝ ပြည့်နှစ်တွင် ရာထူးဝန်အဖွဲ့ ([[ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့]]) အဖွဲ့ဝင်လူကြီးအဖြစ် လည်းကောင်း၊ ၁၉၇၃ ခုနှစ်တွင် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် အနားယူ သည်။

၁၉၈ဝ ပြည့်နှစ်တွင် [[ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်]] နိုင်ငံတော်ကောင်စီက [[နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်)]] ကို ချီးမြှင့်အပ်နှင်းသည်။ ဦးခင်မောင်ဖြူသည် ၁၉၈၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကွယ်လွန် သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်ခင်တင်နှင့် သားသမီး သုံးယောက် ကျန်ရစ်ခဲ့သည်။

[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)