ခင်မောင်ကလေး၊ ဗိုလ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
No edit summary
စာကြောင်း ၄ - စာကြောင်း ၄ -
| သက်တမ်း =၇၃ နှစ်
| သက်တမ်း =၇၃ နှစ်
| အမည်ရင်း =ဦးခင်မောင်ကလေး
| အမည်ရင်း =ဦးခင်မောင်ကလေး
| ကလောင်အမည်ခွဲများ =
| မွေးသက္ကရာဇ် = [[အောက်တိုဘာ]] [[၁၉၁၂]]
| မွေးသက္ကရာဇ် = [[အောက်တိုဘာ]] [[၁၉၁၂]]
| မွေးဖွားရာဒေသ=[[မိတ္ထီလာခရိုင်]]၊ ပင်းတလဲရွာ (စာထဲမှာ ၂မျိုးကွဲနေသည်) [[တောင်ငူမြို့]]၊ ယိုးဒယားတန်း
| မွေးဖွားရာဒေသ=[[မိတ္ထီလာခရိုင်]]၊ ပင်းတလဲရွာ (စာထဲမှာ ၂မျိုးကွဲနေသည်) [[တောင်ငူမြို့]]၊ ယိုးဒယားတန်း

၂၃:၁၁၊ ၉ ဒီဇင်ဘာ ၂၀၁၁ ရက်နေ့က မူ

ဗိုလ်ခင်မောင်ကလေး
၇၃ နှစ်
မွေးသက္ကရာဇ် အောက်တိုဘာ ၁၉၁၂
အမည်ရင်း ဦးခင်မောင်ကလေး
မိဘအမည် ဦးဖိုးလှ + ဒေါ်အေးမယ်
မွေးဖွားရာဒေသ မိတ္ထီလာခရိုင်၊ ပင်းတလဲရွာ (စာထဲမှာ ၂မျိုးကွဲနေသည်) တောင်ငူမြို့၊ ယိုးဒယားတန်း
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး ဗမာ
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း ဝိဇ္ဇာဘွဲ့ (ရန်ကုန်တက္ကသိုလ်)
အလုပ်အကိုင် နိုင်ငံရေးသမားပါလီမန်အမတ်
ကြင်ဖော် ဒေါ်သိန်းနု (မိုးဒေဝါ မလှရွှေ၏ အစ်မ)
သားသမီး သားနှစ်ယောက်၊ သမီးတစ်ယောက်
ထင်ပေါ်ကျော်ကြားမှု ပြည်ထဲရေးဝန်ကြီး
ထင်ရှားသည့်လက်ရာများ
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ လွတ်လပ်ရေးမော်ကွန်းဝင် (ပထမဆင့်)၊ နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်)၊ ယိုးဒယားဘုရင် ၏ အမြင့်ဆုံးသော

ဆင်ဖြူရှင်ဘွဲ့တော်လှန်ရေး၏ ကြယ်ပွင့်ဆုတံဆိပ် (၁၉၆၀)

ကွယ်လွန်ရက် ၂၇ စက်တင်ဘာ ၁၉၈၅
ကွယ်လွန်ရာဒေသ ရန်ကုန်မြို့
လက်မှတ် [[Image:|100px]]
ကွန်ယက်


ဗိုလ်ခင်မောင်ကလေး (အေဒီ ၁၉၁၂ - ၁၉၈၅)

၁၉၁၂ အောက်တိုဘာတွင် အဖ ဦးဘလှ၊ အမိ ဒေါ်အေးမယ်တို့က မိတ္ထီလာခရိုင် ပင်းတလဲရွာ၌ မွေးဖွားခဲ့သည်။ ၁၉၄၅ တွင် ဆရာကြီး ဦးရာဇတ်၏ ဗဟို အမျိုးသား အထက်တန်းကျောင်းနှင့် မန္တလေးဥပစာကောလိပ်တို့တွင် ပညာ သင်ကြားခဲ့သည်။

၁၉၃၆ တွင် တက္ကသိုလ် ကျောင်းသား သပိတ်ခေါင်းဆောင်၊ ၁၉၃၇ မှ ၁၉၄၂ အထိ မန္တလေး အမျိုးသား အထက်တန်းကျောင်း၌ ဆရာလုပ်ခဲ့ပြီး ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) သို့ ဝင်ရောက်ခဲ့ကာ ဂျပန်ကို တော်လှန်ခဲ့သည်။

စစ်ပြီးသောအခါ ဖဆပလ အဖွဲ့သို့ ဝင်ရောက်၍ ၁၉၄၇ တွင် ဘဏ္ဍာရေး ဝန်ကြီးဌာန ပါလီမန်အမတ်၊ ၁၉၄၈ တွင် ဗမာပြည် ဆိုရှယ်လစ် ပါတီဝင်၊ ၁၉၄၉ တွင် စိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီး။ ၁၉၅၂ တွင် ပြည်ထဲရေး ဝန်ကြီးနှင့် တက္ကသိုလ် ကောင်စီဝင် ဖြစ်ခဲ့သည်။

၁၉၅၆ တွင် မန္တလေးမှ လွှတ်တော်အမတ် ဖြစ်ခဲ့သည်။ ၁၉၅၈ ဖဆပလ နှစ်ခြမ်းကွဲရာ ဝန်ကြီး အဖြစ်မှ နှုတ်ထွက်ခဲ့သည်။ ထို့နောက် ဦးဗဆွေနှင့် ဦးကျော်ငြိမ်း ခေါင်းဆောင်သည့် တည်မြဲ ဖဆပလတွင် ပါဝင် ဆောင်ရွက်ခဲ့သည်။

ဇနီးမှာ ဒေါ်သိန်းနု (မိုးဒေဝါ မလှရွှေ၏ အစ်မ) ဖြစ်၍ သားသမီး ၃ ယောက်ရှိသည်။ ၁၉၈၅ စက်တင်ဘာ ၂ ရက်တွင် ကွယ်လွန်ခဲ့သည်။

[၁]

ဗိုလ် ခင်မောင်ကလေး (ခရစ် ၁၉၁၂-၁၉၈၅)

လွတ်လပ်ရေးမော်ကွန်းဝင် (ပထမဆင့်) နှင့် နိုင်ငံ့ဂုဏ် ရည် ဘွဲ့ (ပထမဆင့်) ရ ဗိုလ်ခင်မောင်ကလေးကို တောင်ငူမြို့၊ ယိုးဒယားတန်း၌ ၁၉၁၂ ခုနှစ်အောက်တိုဘာလ တွင် အဖဦးဖိုးလှနှင့် အမိဒေါ်အေးမယ် တို့က မွေးဖွားသည်။ မွေးချင်း ၁ဝ ယောက်တွင် ဒုတိယ မြောက် သားဖြစ်သည်။

မန္တလေးမြို့ အမျိုးသား အထက်တန်းကျောင်းတွင် စတင် ပညာသင်ကြားခဲ့ပြီး ထိုကျောင်းမှ ၁ဝ တန်း အောင်သည်။ ထို့နောက် မန္တလေးဥပစာကောလိပ်၌ ဆက်လက်ပညာသင်ကြား ခဲ့ရာ ၁၉၃၅ ခုနှစ်တွင် ဥပစာတန်းအောင်သည်။ ထိုမှ ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွေ့၍ ပညာသင်ကြားခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားသပိတ် အရေးတော်ပုံ ကြီး ပေါ်ပေါက်ခဲ့ရာ ဗိုလ်ခင်မောင်ကလေးသည် သပိတ် ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။ သပိတ်ကြီး ပြီးဆုံးပြီးနောက် ၁၉၃၇ ခုနှစ်တွင် ဝိဇ္ဇာတန်း အောင်မြင်ခဲ့သည်။

ထို့နောက် မန္တလေးမြို့ အမျိုးသားကျောင်း၌ သမိုင်း ဘာသာပြ အထက်တန်းကျောင်းဆရာအဖြစ် ဝင်ရောက် လုပ်ကိုင်သည်။ ဗိုလ်ခင်မောင်ကလေးသည် အင်္ဂလိပ်အစိုးရက ပြဋ္ဌာန်းသော ရာဇဝင်သင်ရိုးညွှန်း တမ်းများတွင် မိမိ၏ အယူ အဆများကိုထည့်သွင်း၍ ကျောင်းသားများ ဇာတိသွေးဇာတိမာန် တက်ကြွလာအောင်၊ မျိုးချစ်စိတ်ရင့်သန်လာအောင် သင်ကြား ပေးခဲ့သည်။

၁၉၃၈ ခုနှစ်တွင် ပြည်လုံးကျွတ် ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်ခဲ့ရာ အဆိုပါသပိတ်ကြီးတွင်ပါဝင်သော မန္တလေးမြို့မှ ကျောင်းသားထုကြီးကို ခေါင်းဆောင်လမ်းပြခဲ့သည်။ ထိုစဉ် ရန်ကုန်မြို့၌ ကျောင်း သားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးကြောင်း ကြားရသောအခါ မန္တလေးလူထုကြီး မခံမရပ် နိုင်ဖြစ်၍ အုံကြွဆန္ဒပြကြရာ ဗိုလ်ခင်မောင်ကလေးသည် ရှေ့တန်းမှ ပါဝင်ခဲ့သည်။ ထိုဆန္ဒပြပွဲကြီးတွင် သံဃာတော်များ၊ အရပ်သားများ၊ ကျောင်းသားများ စုစုပေါင်း အာဇာနည် ၁၇ ဦးကျဆုံးခဲ့ရသည်ကို မျက်မြင် ကြုံတွေ့ခဲ့ရသည်။

ထို့နောက်တွင် နိုင်ငံရေးနယ်သို့ ဝင်ရောက်ခဲ့ပြီး အထက် မြန်မာပြည် ဒေသများ၏ စည်းရုံးရေးတာဝန်ကို ယူခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာသောအခါ ဗမာ့လွတ်လပ်ရေး တပ်မတော်သို့ ဝင်ရောက်ခဲ့သည်။ ဗမာ့လွတ်လပ်ရေးတပ်မ တော်၊ ဗမာ့ကာကွယ်ရေးတပ်မတော်၊ ဗမာ့အမျိုးသားတပ်မတော် များတွင် ဗိုလ်ကြီး အဆင့်မှ ဗိုလ်မှူးအဆင့်ထိ အမှုထမ်းခဲ့ သည်။

စစ်ပြီးသောအခါ တပ်မတော်မှထွက်၍ ဖဆပလအဖွဲ့ချုပ် တွင် တာဝန်ထမ်းဆောင်သည်။ ဗိုလ်ခင်မောင် ကလေးသည် လွတ်လပ်ရေးအကြိုကာလအတွင်း ဖွဲ့စည်းခဲ့သော နယ်ခြားဒေသ တိုင်းရင်းသားများ ရှေ့ရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားများ၏ ဆန္ဒ သဘောထားရယူရေးကော်မရှင်၊ လွတ်လပ်သော မြန်မာ နိုင်ငံတော်၏ အခြေခံဥပဒေမူများ ချထားရေးကော်မတီ စသော နိုင်ငံတော်၏ အရေးကြီးသောအဖွဲ့များတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။

၁၉၄၇ ခုနှစ်တွင် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး၏ အတွင်းဝန်အဖြစ်လည်းကောင်း၊ ၁၉၄၈ ခုနှစ်တွင် လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောရေးဝန်ကြီးဌာန အတွင်းဝန်အဖြစ် လညး်ကောင်း ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၅ဝ ခုနှစ် တွင် ပြည်ထဲရေးဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ်ခံရသည်။ တဖန် ၁၉၅၆ ခုနှစ်တွင် မန္တလေးမြောက်ပိုင်းနယ်မှ ပါလီမန်အမတ်အဖြစ် အရွေးခံရပြီး ထိုနှစ်မှာပင် ဘဏ္ဍာရေးနှင့် အခွန်ဌာနဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။ ၁၉၅၈ ခုနှစ်တွင် ဖဆပလအဖွဲ့ကြီး နှစ်ခြမ်းကွဲ သောအခါ ဝန်ကြီးရာထူးမှ နုတ်ထွက်ခဲ့သည်။

ဗိုလ်ခင်မောင်ကလေးသည် ရန်ကုန်တက္ကသိုလ်ကောင်စီ၏ အလုပ်အမှုဆောင်၊ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံး၏ ဥက္ကဋ္ဌ၊ အပျော်တမ်းလက်ဝှေ့အဖွဲ့၏ ဥက္ကဋ္ဌ (၁၉၅၃-၅၆) စသည်ဖြင့် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် ယိုးဒယားဘုရင်၏ အမြင့်ဆုံးသော ဆင်ဖြူရှင်ဘွဲ့ကိုလည်းကောင်း၊ ၁၉၆ဝ ပြည့်နှစ်တွင် တော်လှန် ရေး၏ ကြယ်ပွင့်ဆုတံဆိပ်ကို လည်းကောင်း ချီးမြှင့်အပ်နှင်း ခြင်းခံရသည်။ ထို့ပြင် ဗိုလ်ခင်မောင်ကလေးသည် လွတ်လပ် ရေးမော်ကွန်းဝင် ပထမဆင့်ကိုလည်း ရရှိခဲ့သည်။ တဖန် ၁၉၈ဝ ပြည့်နှစ်တွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာ နိုင်ငံတော်၊ နိုင်ငံတော်ကောင်စီက ချီးမြှင့်သော နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်)ကို ရရှိခဲ့သည်။

ဗိုလ်ခင်မောင်ကလေးသည် ၁၉၈၅ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန် တွင် ဇနီး ဒေါ်သိန်းနုနှင့် သားနှစ်ယောက်၊ သမီးတစ်ယောက် ကျန်ရစ်သည်။ [၂]


ကိုးကား

  1. The Dream Crystals Publishing House က ၁၉၉၉ ခုနှစ်မှာ ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ နေထွတ်ရဲ့ 'မန္တလေး အဘိဓာန်'
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)