ခင်မောင်ဝင်း (သင်္ချာ): တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး Robot: Cosmetic changes
No edit summary
စာကြောင်း ၁ - စာကြောင်း ၁ -
{{Infobox စာရေးဆရာ
{{Infobox အတ္ထုပ္ပတ္တိ
| အမည် = ဒေါက်တာခင်မောင်ဝင်း
| အမည် =ဒေါက်တာခင်မောင်ဝင်း
| ဓာတ်ပုံ =
| ဓာတ်ပုံ =
| သက်တမ်း =
| မွေးသက္ကရာဇ် = ၁၉၄၀-ခုနှစ် အောက်တိုဘာ (၂၃)ရက်
| အမည်ရင်း = ခင်မောင်ဝင်း
| အမည်ရင်း =ဦးခင်မောင်ဝင်း
| မွေးသက္ကရာဇ် =[[၂၃ အောက်တိုဘာ]] [[၁၉၄၀]]
| မိဘအမည် = ဦးခင်မောင်လတ် + ဒေါ်ခင်မျိူးချစ်
| မွေးဖွားရာဒေသ=ရန်ကုန်မြို့
| နိုင်ငံ = [[File:Flag of Myanmar.svg|25px ]] မြန်မာ
| မိဘအမည် =[[ဦးခင်မောင်လတ်]] + [[ဒေါ်ခင်မျိုးချစ်]]
| ကိုးကွယ်သည့်ဘာသာ = ဗုဒ္ဓဘာသာ
| နိုင်ငံသား =[[မြန်မာနိုင်ငံ]]
| မွေးဖွားရာဒေသ = ရန်ကုန်မြို့
| လူမျိုး =
| သေဆုံးရာဒေသ=
| ကိုးကွယ်သည့်ဘာသာ =[[ဗုဒ္ဓဘာသာ]]
| ပညာအရည်အချင်း = ပါရဂူဘွဲ့Phd
| ပညာအရည်အချင်း =[[မဟာဝိဇ္ဖာ]] (သင်္ချာ) ([[ရန်ကုန်တက္ကသိုလ်]])၊ ပါရဂူဘွဲ့ ([[ကွန်းတက္ကသိုလ်]]) [[ပြင်သစ်နိုင်ငံ]]
| စာပေအမျိုးအစား =
| အလုပ်အကိုင် =[[သင်္ချာ]] [[ပါမောက္ခ]]၊ [[ရန်ကုန်တက္ကသိုလ်]]
| ထင်ရှားသည့်စာ =
| ကြင်ဖော် = [[တက္ကသိုလ်ရွှေရီဝင်း]]
| ရရှိသည့်ဆု =
| သားသမီး =အမွှာမောင်နှမ [[မောင်ရစ်]]နှင့် [[ဂျူနီယာဝင်း]]
| အလုပ်အကိုင် = စာရေးဆရာ
| ထင်ပေါ်ကျော်ကြားမှု =[[စာရေးဆရာ]]
| ကလောင် အမည်ခွဲများ =
| ထင်ရှားသည့်လက်ရာများ=သင်္ချာသစ်၊ သင်္ချာအဘိဓာန်
| ထင်ပေါ်ကျော်ကြားမှု =
| ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ=
| လက်မှတ် =
| ကွယ်လွန်ရက် =
| ကွယ်လွန်ရာဒေသ=
| လက်မှတ်=
| ကွန်ယက် =
| ကွန်ယက် =
}}
}}

ဒေါက်တာခင်မောင်ဝင်းသည် ဦးခင်မောင်လတ်နှင့် ဒေါ်ခင်မျိုးချစ်တို့၏ တစ်ဦးတည်းသော သား ဖြစ်ပါသည်။ ၁၉၄ဝ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားသည်။
ဒေါက်တာခင်မောင်ဝင်းသည် ဦးခင်မောင်လတ်နှင့် ဒေါ်ခင်မျိုးချစ်တို့၏ တစ်ဦးတည်းသော သား ဖြစ်ပါသည်။ ၁၉၄ဝ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားသည်။



၀၀:၁၁၊ ၇ ဒီဇင်ဘာ ၂၀၁၁ ရက်နေ့က မူ

ဒေါက်တာခင်မောင်ဝင်း
[[Image:|200px]]
'
မွေးသက္ကရာဇ် ၂၃ အောက်တိုဘာ ၁၉၄၀
အမည်ရင်း ဦးခင်မောင်ဝင်း
မိဘအမည် ဦးခင်မောင်လတ် + ဒေါ်ခင်မျိုးချစ်
မွေးဖွားရာဒေသ ရန်ကုန်မြို့
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း မဟာဝိဇ္ဖာ (သင်္ချာ) (ရန်ကုန်တက္ကသိုလ်)၊ ပါရဂူဘွဲ့ (ကွန်းတက္ကသိုလ်) ပြင်သစ်နိုင်ငံ
အလုပ်အကိုင် သင်္ချာ ပါမောက္ခရန်ကုန်တက္ကသိုလ်
ကြင်ဖော် တက္ကသိုလ်ရွှေရီဝင်း
သားသမီး အမွှာမောင်နှမ မောင်ရစ်နှင့် ဂျူနီယာဝင်း
ထင်ပေါ်ကျော်ကြားမှု စာရေးဆရာ
ထင်ရှားသည့်လက်ရာများ သင်္ချာသစ်၊ သင်္ချာအဘိဓာန်
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ
ကွယ်လွန်ရက်
ကွယ်လွန်ရာဒေသ
လက်မှတ် [[Image:|100px]]
ကွန်ယက်


ဒေါက်တာခင်မောင်ဝင်းသည် ဦးခင်မောင်လတ်နှင့် ဒေါ်ခင်မျိုးချစ်တို့၏ တစ်ဦးတည်းသော သား ဖြစ်ပါသည်။ ၁၉၄ဝ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားသည်။

ပညာရေး

၁၉၅၆ ခုနှစ်တွင် ကမာရွတ်မြို့နယ်၊ ဝဂ္ဂီကျောင်းတွင် ဆယ်တန်းအောင်သည်။ ၁၉၆ဝ ခုနှစ်တွင် သင်္ချာအထွေထွေဂုဏ်ထူး BA (Gen.Hons) ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၆၆ တွင် ရန်ကုန်တက္ကသိုလ်မှ မဟာဝိဇ္ဖာ (သင်္ချာ) MA (Maths) ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၇ဝ တွင် ပြင်သစ်နိုင်ငံ Caen (ကွန်း) တက္ကသိုလ်မှ ပါရဂူဘွဲ့ Phd ရရှိခဲ့ပါသည်။

အိမ်ထောင်ရေး

၁၉၆၇ ခုနှစ်တွင် တက္ကသိုလ်ရွှေရီဝင်းနှင့် အိမ်ထောင်ကျပြီး သားနှင့်သမီး အမွှာမောင်နှမ မောင်ရစ်နှင့် ဂျူနီယာဝင်း တို့ရရှိခဲ့သည်။

စာပေရေးရာ

၁၉၈၇-၈၈ ခုနှစ်တွင် Working people Daily သတင်းစာတွင် အင်္ဂလိပ်လို ဆောင်းပါးများကို တစ်ပတ်ကို ၂ ကြိမ်ခန့် ရေးသားခဲ့သည်။ ၁၉၉ဝ နောက်ပိုင်းတွင် အတွေးအမြင်တွင် ဆောင်းပါးများ ရေးသားခဲ့သည်။

နောက်ပိုင်းတွင် စတိုင်သစ်၊ ပိတောက်ပွင့်သစ်၊ ချယ်ရီ မဂ္ဂဇင်းများတွင် ဆောင်းပါးများ အလျင်းသင့်သလို ရေးသားခဲ့ပါသည်။

ဆရာဘဝ

ရန်ကုန်တက္ကသိုလ် သင်္ချာဌာနတွင် ၁၉၆၁ မှစတင်၍ အမူထမ်းခဲ့သည်။ ၎င်းနောက် စီးပွားရေးတက္ကသိုလ်၊ ရန်ကုန် (၁၉၆၆-၁၉၇၄)၊ ပုသိမ်ဒီဂရီကောလိပ် (၁၉၇၄-၇၆)၊ တက္ကသိုလ်စာပေးစာယူသင်တန်းဌာန (အဝေးသင်တက္ကသိုလ်) ရန်ကုန် (၁၉၇၇-၁၉၉၁) တို့တွင် အမှုထမ်းခဲ့သည်။ တက္ကသိုလ် စာပေးစာယူ သင်တန်းတွင် အမှုထမ်းနေစဉ် အတွင်း ၁၉၈ဝ ခုနှစ်တွင် အင်္ဂလန်နိုင်ငံရှိ Open University တွင် စာပေးစာယူသင်တန်း တက်ရောက်ခဲ့သည်။ ၁၉၉၁ တွင် ရန်ကုန်တက္ကသိုလ် သင်္ချာဌာနတွင် အမှုထမ်းခဲ့သည်။

၁၉၉၇ ခုနှစ်တွင် ၃ လသာ ရန်ကုန်တက္ကသိုလ် သင်္ချာပါမောက္ခရာထူး ဆက်ခံခဲ့ပြီး အနားယူခဲ့သည်။

ယခုအခါ အတွေးအမြင်မဂ္ဂဇင်းတွင် ရေးနေကျဆောင်းပါးများ၊ သိပ္ပံနှင့်နည်းပညာဂျာနယ် တွင် သိပ္ပံဝတ္ထုများ ရေးသားပါသည်။

ဘာသာပြန်အချို့နှင့် သိပ္ပွံဆောင်းပါးများ

The Light Of English တွင် အင်္ဂလိပ်စာဆောင်းပါးများ၊ English For All တွင် တက္ကသိုလ်ရွှေရီဝင်းနှင့် တွဲ၍ ဒေါ်ခင်မျိုးချစ် ရေးသားခဲ့သော Wonderland Of Burmese Legends ဘာသာပြန်ဆောင်းပါးများ လစဉ်ရေးသားသည်။

ထွက်ရှိခဲ့သောစာအုပ်များ

၁။ သင်္ချာသစ် (စာပေဗိမာန်) ၁၉၈၆၊ ၁၉၈၇

၂။ အခြေခံသင်္ချာသစ် (လောကသစ်စာပေ) ၁၉၉၁

၃။ ဂိန်းသီအိုရီ (ဒေါင်းစာပေ) ၂၀၀၂

၄။ သင်္ချာပညာတော်သင်ဘဝ (ဒေါင်းစာပေ) ၂၀၀၃

၅။ ခေတ်သစ်သင်္ချာ (စိတ်ကူးချိုချို) ၂၀၀၃

၆။ သင်္ချာဝေါဟာရ (မုံရွေးစာပေ) ၂၀၀၃

၈။ အသက်ကိုဖန်တီးခြင်း(ဒေါင်းစာပေ) (တက္ကသိုလ်ရွှေရီဝင်းနှင့်တွဲ၍) ၂၀၀၃

၈။ သင်္ချာအတွေးအခေါ်ဆောင်းပါးများ (ယူနတီ) (တက္ကသိုလ်ရွှေရီဝင်းနှင့်တွဲ၍) ၂၀၀၄

၉။ ဖက်ဇီလောဂျစ် (မုံရွေး) ၂၀၀၄

၁၁။ ကွန်ပြူတာသုံးသင်္ချာ (မြန်မာ society) ၂၀၀၄

၁၁။ နဝမတန်းသင်္ချာအကြောင်းသိကောင်းစရာ (ယူနတီ) ၂၀၀၅

၁၂။ သင်္ချာအဘိဓါန် (ဒူဝံစာပေ) (ဂျူနီယာဝင်း နှင့်တွဲ၍)၂၀၀၅

၁၃။ သင်္ချာမိတ်ဆက် (မုံရွှေး) ၂၀၀၅

၁၄။ သင်္ချာဝေါဟာရ - ၂ (မုံရွေး) ၂၀၀၅

၁၅။ ဒေးကားမိတ်ဆက် (မုံရွေး) ၂၀၀၆

၁၆။ ပထမနှစ်သိပ္ပံ (အဝေးသင်) (စိတ်ကူးချိုချို) ၂၀၀၆

၁၇။ ၁ဝ တန်း သင်္ချာပုစ္ဆာများကို သရုပ်ခွဲလေ့လာနည်း (စိတ်ကူးချိုချို) ၂၀၀၆

၁၈။ စကြာဝဠာ မိတ်ဆက် (မုံရွေး) ၂၀၀၆ (တက္ကသိုလ်ရွှေရီဝင်းနှင့်တွဲ၍)

၁၉။ ကမ္ဘာနှင့်အိမ်နီးချင်းဂြိုလ်များ (မုံရွေး) ၂၀၀၇ (တက္ကသိုလ်ရွှေရီဝင်းနှင့်တွဲ၍)

၂၀။ ရောင်စုံလှစွာပြည်မြန်မာ (ပါရမီ) ၂၀၀၇ (ဒေါ်ခင်မျိုးချစ်ရေး Colourful Burma မှ ဗုဒ္ဓဘာသာအကြောင်း ဆောင်းပါးများ ဘာသာပြန်ဆိုချက်)

၂၁။ ပညာအလင်းမိတ်ဆက် (မုံရွေး) ၂၀၀၇

၂၂။ ခေတ်သစ်အတွက်ပညာရေး (မုံရွေး) ၂၀၀၈

၂၃။ ပညာရှာခြင်းနှင့် မှတ်မိခြင်းမိတ်ဆက် (မုံရွေး) ၂၀၀၈

ကိုးကား