အရှေ့အိန္ဒိယကျွန်းစု: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
"==အရှေ့အိန္ဒိယက..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
စာကြောင်း ၈၄ - စာကြောင်း ၈၄ -
==ကိုးကား==
==ကိုးကား==
<references/>
<references/>
[[Category:ပထဝီဝင်]][[Category:သမိုင်း]]

၂၃:၁၇၊ ၂၇ နိုဝင်ဘာ ၂၀၁၁ ရက်နေ့က မူ

အရှေ့အိန္ဒိယကျွန်းစု

အရှေ့အိန္ဒိယရှိ ကျွန်းစုသည် အာရှတိုက် အရှေ့တောင်ပိုင်းရှိ မလ္လာယုကျွန်းဆွယ်နှင့် သြစတြေး လီးယားတိုက်အကြားတွင် မိုင်ပေါင်း ၄ဝဝ၁ နီးပါးမျှကျယ်ပြန့်လျက် သွယ်တန်းတည်ရှိနေ ပြီးလျှင် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ကျွန်းစုဖြစ်သည်။ မိုလပ်ကပ်၊ နယူးဂင်းနီ၊ ဆူမတြား၊ ဗော်နီယို၊ ဖိလစ်ပိုင်၊ ဂျားဗား၊ စဲလဗီး၊ ဗာလီ၊ လွမ်ဗော့ စသော ကျွန်းကြီးများနှင့်တကွ ထောင် ပေါင်းများစွာသော ကျွန်းငယ်တို့ ပါဝင်လေသည်။

ထိုကျွန်းစုတွင် မီးသေတောင်၊ မီးရှင်တောင်တို့ များစွာရှိ၍၃ တောင်ထူထပ်ပေါများပြီးလျှင် အပူပိုင်း သစ်တောကြီးများတွင် ဖုံးအုပ်လျက်ရှိ၏။ ကြီးစင်ငယ်လိုက်အားဖြင့် နယူးဂင်းနီကျွန်း၊ ဗော်နီယိုကျွန်း၊ ဆူမတြားကျွန်းနှင့် ဂျာဗားကျွန်းတို့ ဖြစ်လေ သည်။ အီကွေတာသည် ဤကျွန်းစုများ၏ အလယ်ဗဟိုကို ဖြတ်သွား၍၊ ရာသီဥတုမှာ ပူပြင်းစွတ်ဆိုပြီးလျှင် မိုးများသော ဒေသများဖြစ်၏။ စိမ်းလန်းစိုပြေသော သစ်တောကြီးများ ဖုံးလွှမ်းလျက်ရှိသဖြင့် သစ်ပင်၊ ပန်းပင်၊ ကျေးငှက်၊ သားရဲ စသော တောတိရစ္ဆာန်များ အကြောင်း လေ့လာရန် သဘာဝဖြင့် ကြွယ်ဝသောကျွန်းများပင် ဖြစ်သည်။ အပူပိုင်းဖြစ်သည့်အတိုင်း ဟင်းခတ် အမွေးအကြိုင်များ၊ သာဂူ၊ သကြား၊ ဆေးရွက်ကြီး၊ ကာဖီ၊ ရေနံနှင့် အုန်းသီး များစွာထွက်၏။ ထိုကျွန်းစုများမှာ အဖိုးတန်ထွက်ကုန်များမှာ ကြက်ပေါင် စေး၊ သကြား၊ ဆေးရွက်ကြီး၊ သစ်စေးကော်၊ ကာဖီ၊ လက်ဘက်ခြောက်၊ ရေနံ၊ သံဖြူ၊ အုန်းသားခြောက်နှင့် ဟင်းခတ်အမွှေးအကြိုင်များ ဖြစ်ကြသည်။

ဗာလီကျွန်းမှာ နက်ရှိုင်းသော ရေလက်ကြားကို ဖြတ်ကျော် ၍ လွမ်ဗော့ကျွန်းသို့ရောက်လျှင် တော တောင်ရေမြေ ကျေး ငှက်တိရစ္ဆာန်မှစ၍ အားလုံးပင် လုံးဝမတူပဲ ကွဲပြားလာ၏။ ဂျားဗားကျွန်း၏ အနောက် ပိုင်းတွင် အာရှတိုက်၏ သစ်ပင် ပန်းပင်၊ တောတိရစ္ဆာန်များကို တွေ့ရပြီးသော် လွမ်ဗော့ကျွန်း မှစ၍ အရှေ့ပိုင်း၌မူ သြစတြေးလီးယားကျွန်း၏ တောတောင် ရေမြေ ကျေးငှက်တိရစ္ဆာန်မျိုးကို ရှာမှီးလေ့လာသူ အဲလဖရက် ရပ်ဆယ်ဝေါလေ့က ခွဲခြားသတ်မှတ်ခဲ့သဖြင့် ဂျားဗားကျွန်းနှင့် လွမ်ဗော့ကျွန်းစပ်ကြားတွင် ဝေါ့လေ့မျဉ်းကြောင်းဟူ၍ သဘာဝ ကွဲပြားပုံကို ခြားနားပြထားသော မျဉ်းအမှတ်အသား လမ်းကြောင်းရှိလေသည်။

ဤကျွန်းစုများမှ ထွက်သော အမွှေးအကြိုင်များကို ဥရောပ တိုက်ရှိ အနောက်တိုင်းသားများ အထူး နှစ်သက်သောကြောင့် နာမည်ကျော်စောခဲ့သဖြင့် ပေါ်တူဂီ၊ အာရပ်နှင့်တရုတ်လူမျိုးများ သည် ရှေးနှစ်ပေါင်း များစွာကပင် ရွက်သင်္ဘောများနှင့် စွန့်စား သွားလာလျက် ကူးသန်းရောင်းဝယ်ခဲ့ကြ၏။ သို့ဖြင့် နောက် မကြာမီ ဥရောပတိုက်ရှိ အင်္ဂလန်၊ ပေါ်တူဂီနှင့် ဟော်လန်အစ ရှိသော တန်ခိုးကြီးနိုင်ငံများသည် ဤကျွန်းများကို အပြိုင် အဆိုင် စိုးမိုးအုပ်ချုပ်ရန် စစ်ခင်းပေးကြသည်။

ဥရောပရှိ နိုင်ငံအသီးသီးတွင် ကုမ္ပဏီကြီးများဖွဲ့လျက် ဤ ကျွန်းစုများတွင် ကူးသန်းရောင်းဝယ်ရန် ကြိုးစားကြ၏။ ဤသို့ ဖြင့် ဗြိတိသျှတို့က ၁၆ဝဝ ပြည့်နှစ်တွင် အရှေ့အိန္ဒိယကုမ္ပဏီ ကို ဖွဲ့စည်းလျက် လည်းကောင်း၊ ဒပ်ချတို့က ဒပ်ချ အရှေ့ အိန္ဒိယကုမ္ပဏီကို ၁၆ဝ၂ ခုနှစ်တွင် ဖွဲ့စည်းလျက်လည်းကောင်း၊ ပြင်သစ်တို့ကလည်း ပြင်သစ်အရှေ့အိန္ဒိယကုမ္ပဏီကို ၁၆၆၄ ခုနှစ်တွင် ဖွဲ့စည်းလျက် လည်းကောင်း အသီးအသီး အပြိုင် အဆိုင် ကြိုးပမ်းခဲ့ကြလေသည်။

နောင်အခါ ကျွန်းများစွာတို့ကို နယ်သာလန်နိုင်ငံ(ဟော်လန်) က ပိုင်ဆိုင်ခဲ့၍ ဗော်နီယိုကျွန်းမြောက်ပိုင်းနှင့် နယူးဂင်းနီကျွန်း ၏တစ်စိတ်တစ်ဒေသကိုသာ ဗြိတိသျှတို့က ပိုင်ခဲ့ကြလေသည်။ နယ်သာလန်နိုင်ငံက ပိုင်ဆိုင်ခဲ့သော ကျွန်းများကို နယ်သာလန် အရှေ့အိန္ဒိယကျွန်းစုဟု ခေါ်သည်။

ပထမကမ္ဘာစစ်ကြီး မဖြစ်မီက နယူးဂင်းနီကျွန်း အရှေ့မြောက်ပိုင်းကို ဂျာမန်တို့ ပိုင်ခဲ့သော်လည်း စစ်ပြီးသောအခါ သြစတြေးလီးယားလက် အောက်သို့ လွှဲအပ်ခဲ့ရလေသည်။

ဖိလစ်ပိုင် ကျွန်းစုမှာ ရှေးက စပိန်ပိုင်ခဲ့သော်လည်း စပိန်- အမေရိကန်စစ်ပွဲအပြီး ၁၈၉၈ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုနိုင်ငံသို့ ပေးအပ်လိုက်ရသဖြင့် အမေရိကန်ပိုင် ဖြစ်လာခဲ့၏။

၁၉၄၆ ခုနှစ်တွင် ဖိလစ်ပိုင်အား အချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ် လွတ်လပ်ရေးပေးခဲ့သဖြင့် အရှေ့အိန္ဒိယကျွန်းစုတွင် ဖိလစ်ပိုင် သည် ပထမဆုံး လွတ်လပ်သောနိုင်ငံ ဖြစ်လာလေသည်။ နယ် သာလန် အရှေ့အိန္ဒိယကျွန်းစုကား လွတ်လပ်ရေးကို ၁၉၅ဝ ပြည့်နှစ်တွင် ရခဲ့၍ ယခုအခါ အင်ဒိုနီးရှားနိုင်ငံဟု ထူထောင် ထားပြီး ဖြစ်လေသည်။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)