လယ်တွင်းကိုးခရိုင်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
"==လယ်တွင်းကိုးခ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာကြောင်း ၁၃ - စာကြောင်း ၁၃ -
(၈) ပနံမြို့ (ပေါက်မြိုင်မြို့)၊ <br>
(၈) ပနံမြို့ (ပေါက်မြိုင်မြို့)၊ <br>
(၉) မြင်စိုင်းမြို့တို့ဖြစ်ကြသည်။<br>
(၉) မြင်စိုင်းမြို့တို့ဖြစ်ကြသည်။<br>
ခရိုင်ကို ရှေးမြန်မာစာ၌ ခရိုန်ဟု နသတ်နှင့် ရေးမြဲဖြစ်၏။ တက္ကသိုလ် မြန်မာအဘိဓာန်၌ ခရိုင်ကို
ခရိုင်ကို ရှေးမြန်မာစာ၌ ခရိုန်ဟု နသတ်နှင့် ရေးမြဲဖြစ်၏။ တက္ကသိုလ် [[မြန်မာအဘိဓာန်]]၌ ခရိုင်ကို
ထီးတွင် ထီးကိုင်းကို ထောက်ကန်ထားသော ထီးလက်များစုဝေးရာ လှည်းပုံ
ထီးတွင် ထီးကိုင်းကို ထောက်ကန်ထားသော ထီးလက်များစုဝေးရာ လှည်းပုံ
တောင်သဏ္ဌာန်အဆောက်အဦ မြို့ သို့မဟုတ် ရွာနှင့် ယင်းတို့အုပ်ချုပ်သော
တောင်သဏ္ဌာန်အဆောက်အဦ မြို့ သို့မဟုတ် ရွာနှင့် ယင်းတို့အုပ်ချုပ်သော

၁၁:၃၇၊ ၁၀ နိုဝင်ဘာ ၂၀၁၁ ရက်နေ့က မူ

လယ်တွင်းကိုးခရိုင်

အထက်မြန်မာနိုင်ငံ၊ ကျောက်ဆည်နယ်ကို လယ် တွင်းကိုးခရိုင်ဟုခေါ်သည်။ ရေလွှဲကိုးခရိုင်ဟုလည်းခေါ်၏။ ရှေးခေတ် မြန်မာနိုင်ငံသမိုင်းတွင် ထင်ရှား၍ ဆန်ရေစပါး ပေါများကြွယ်ဝသော ထို လယ်တွင်းရိုးခရိုင်ကား ပန်းလောင်မြစ်၏မှီခိုရာ
(၁) စောလှမြို့၊
(၂) ပင်လယ်မြို့၊
(၃) မြစ်သားမြို့၊
(၄) မြစ်မနား(ပျဉ်းမနားမြို့၊ ဇော်ဂျီမြစ်၏ မှီခိုရာ)
(၅) မြောင်လှမြို့၊
(၆) မြင်းခုံတိုင်မြို့၊
(၇) မက္ခရာမြို့၊
(၈) ပနံမြို့ (ပေါက်မြိုင်မြို့)၊
(၉) မြင်စိုင်းမြို့တို့ဖြစ်ကြသည်။
ခရိုင်ကို ရှေးမြန်မာစာ၌ ခရိုန်ဟု နသတ်နှင့် ရေးမြဲဖြစ်၏။ တက္ကသိုလ် မြန်မာအဘိဓာန်၌ ခရိုင်ကို ထီးတွင် ထီးကိုင်းကို ထောက်ကန်ထားသော ထီးလက်များစုဝေးရာ လှည်းပုံ တောင်သဏ္ဌာန်အဆောက်အဦ မြို့ သို့မဟုတ် ရွာနှင့် ယင်းတို့အုပ်ချုပ်သော လက်အောက်ခံနယ်မြေ အပိုင်းအခြား၊ ရွာအများ၊ မြို့အများကို စုပေါင်း၍ ဝန်တစ်ဦး အုပ်ချုပ်ရသော နယ်မြေအပိုင်းအခြားဟု အဓိပ္ပာယ်ပေး၏။ သက္ကရာဇ် ၃၇၉ ခုနှစ်တွင် နန်းတက်တော်မူသော ပုဂံပြည့်ရှင် အနော်ရထာမင်းစောသည် မြန်မာပြည်အလုံး၌ ဆည်မြောင်း ကန် ချောင်း ဖြစ်ကောင်းသောအရာတို့ကို ဆည် မြောင်း ကန် ချောင်း ဖြစ်စေ၏။ တောင်ဘက်လယ်တွင်းသို့ ရောက်တော်မူသောအခါ သာလျောင်းတောင်သို့ တက်၍ ကြည့်တော်မူသော် ကယွတ်တောင်ထက်ကကျသော ရေကို အတန့် တန့်ဆည်၍ လယ်လုပ်ရသော် သာသနာ ၅ဝဝဝ ပတ်လုံး ခပ်သိမ်းသော သတ္တဝါအပေါင်းတို့၏ စီးပွားများလတ္တံ့သည်ကို မြင်တော်မူ၏။ ထို့ကြောင့် ပန်းလောင်မြစ်မှာ (၁) ကင်းတားဆည်၊ (၂) ငနိုင့်သေဉ်ဆည်၊ (၃) ပြောင်း ပြာဆည်၊ (၄) ဂူမည်းဆည်များကို ဆည်ဖို့တော်မူသည်။ ဇော်ဂျီ(မက္ခရာ) မြစ်မှာ (၁) နွားတက်ဆည်၊ (၂) ကွမ်းဆေး ဆည်၊ (၃) ဂူတော် (ငပြောင်း) ဆည်များကို ဆည်ဖို့တော်မူသည်။ ထို့ပြင် အနော်ရထာမင်းစောသည် လယ်တွင်း ၁၁ ရွာပြုစုတော်မူခဲ့၏။ ထို ၁၁ ရွာ ကား ပင်လယ်၊ မြစ်မနား(မည်မနာ)၊ မြစ်သား (မစ်သာ)၊ မြင်းခုံတိုင်၊ ယမုံး(ရငုန်)၊ ဖနံ (ပနန်)၊ မက္ခရာ၊ တပြက်သာ၊ သင်တောင်၊ တမုတ်ဆိုး၊ ခံလူး(ခံမှု(ဝါ)ခမ်လှူ)တို့ဖြစ် ၏။ ယင်းတို့ကို မြစ်သား ၁၁ ရွာ (ဝါ) မြစ် သား ၁၁ ခရိုင်ဟုလည်းခေါ်သည်။ ဤသို့ လယ်ယာစိုက်ပျိုးမှုကို ကောင်း စွာအားပေးပြုစုသဖြင့် ကျောက်ဆည်နယ်သည် ပုဂံပြည်၏ စားရေးရိက္ခာ သိုမှီးရာ စပါးကျီသဖွယ် ဖြစ်လာပေသည်။ ရေလွှဲဆည်မြောင်းတို့ကို မင်း အဆက်ဆက်သုံးလူများကို နေရာချထား၍ ကြည့်ရှုပြုစုစေသည်။ မြန်မာ နိုင်ငံသမိုင်းတွင် လယ်တွင်းခရိုင်များကို စိုးအုပ်ရသူများသည် အလုံးအရင်း အားအင်ပြည့်ဝမှုများရရှိသဖြင့် မြန်မာမင်းအဆက်ဆက်တို့ ပြုစုစောင့်ရှောက် ခဲ့ကြောင်းတွေ့ရသည်။ အထက်မြန်မာနိုင်ငံ မြို့တော်များသည် လယ်တွင်း နယ်များ အနီးဝန်းကျင်၌သာ ရှိကြလေသည်။

သက္ကရာဇ် ၁၁၄၅ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက် တနင်္လာနေ့ နံနက် တစ်ချက်တီးကျော်အချိန် ဘိုးတော်ဘုရားသည် မြန်မာ နိုင်ငံအလုံးကို အိမ်ခြေစာရင်းပြုလုပ်၍ ရွှေတိုက်သို့သွင်းထားစေသည်။ ထို အခါ ပန်းလောင်မြစ်ရေသောက်ဖြစ်သော အနော်ရထာမင်း ဆည်ဖို့ဖောက် လုပ်ထားခဲ့သော ငနိုင့်သေဉ်ဆည် ငနိုင့်သေဉ်မြောင်း ရေသောက်ခရိုင်ကို စောလှခရိုင်၊ ပြောင်းပြာဆည် ပြောင်းပြာ မြောင်း ရေသာက်ခရိုင်ကို မြစ် သားခရိုင် အစရှိသည်ဖြင့် ပန်းလောင်မြစ်ရေသောက် မြစ်သားမြို့နယ်တွင် လေးးခရိုင်၊ ဇော်ဂျီမြစ်ရေသောက် ကျောက်ဆည်မြို့နယ်တွင် ငါးခရိုင်၊ ပေါင်းကိုးခရိုင်အဖွဲ့မူ၍ ကိုးခရိုင်ဟု ခေါ်တွင်စေခဲ့လေသည်။ [၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)