ဂန္ဒီအင်ဒီရာ ပရိယာဒါရှီနီ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.6.4) (ရိုဘော့က တည်းဖြတ်နေသည် - sa:इन्दिरागान्धिः
အရေးမကြီး r2.5.4) (ရိုဘော့က တည်းဖြတ်နေသည် - ne:ईन्दिरा गान्धी
စာကြောင်း ၇၈ - စာကြောင်း ၇၈ -
[[ms:Indira Gandhi]]
[[ms:Indira Gandhi]]
[[nds:Indira Gandhi]]
[[nds:Indira Gandhi]]
[[ne:इन्दिरा गान्धी]]
[[ne:ईन्दिरा गान्धी]]
[[new:ईन्दिरा गान्धी]]
[[new:ईन्दिरा गान्धी]]
[[nl:Indira Gandhi]]
[[nl:Indira Gandhi]]

၀၈:၃၇၊ ၃၀ စက်တင်ဘာ ၂၀၁၁ ရက်နေ့က မူ

အိန္ဒိယနိုင်ငံ၏ တတိယမြောက် ဝန်ကြီးချုပ် အင်ဒီရာ ဂန္ဒီ

ဂန္ဒီအင်ဒီရာ ပရိယာဒါရှီနီ (ခရစ် ၁၉၁၇-၁၉၈၄) ။ ။ အိန္ဒိယအမျိုးသမီး ဝန်ကြီးချုပ် အင်ဒီရာဂန္ဒီကို အလာဟာ ဘတ်မြို့၌ ၁၉၁၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မွေးဖွား သည်။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရရှိသော ၁၉၄၇ ခုနှစ်မှစ၍ ၁၉၆၄ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ရှရီ ဂျဝါ ဟာလာနေရူး၏ သမီးဖြစ်သည်။ အင်ဒီရာဂန္ဒီသည် အိန္ဒိယနိုင်ငံဆွစ်ဇာလန်နိုင်ငံ နှင့် အောက်စဖို့ တက္ကသိုလ် ဆွန်မာဗီး ကောလိပ်တို့တွင် ပညာဆည်းပူးခဲ့၍ အင်္ဂလိပ်ဘာသာစကားနှင့် ပြင်သစ်ဘာသာနှစ်မျိုးစလုံးကို ကျွမ်းကျင်စွာ တတ်မြောက် သည်။ ငယ်စဉ်ကပင် နိုင်ငံရေးအသိအမြင်ရှိလေရာ ၁၅ ရာစုနှစ်အတွင်းက ပြင်သစ်ပြည် လွတ်မြောက်ရေးအတွက် အင်္ဂလိပ်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့သူ အမျိုးသမီးသူရဲကောင်း ဂျုန်းအော့အတ်အဖြစ် ခံယူကာ ယဇ်တိုင်၌ မီးရှို့ခံခြင်း ကစားနည်းအမျိုးမျိုးကို ကစားခဲ့သည်။ နိုင်ငံခြားတွင် ပညာသင်ရာမှ ပြန်လည်ရောက်ရှိလာတိုင်း ကွန်ဂရက်ပါတီကို ကူညီ၍ နယ်ချဲ့ ဆန့်ကျင်ရေး လှုပ်ရှား ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ကွန်ကရက်ပါတီသို့ ဝင်ရောက် သည်။ နယ်ချဲ့အင်္ဂလိပ်က အင်ဒီရာကို ၁၉၄၂ ခုနှစ်တွင် ၁၃ လကြာ ထောင်ဒဏ်ချမှတ်ခဲ့သည်။

အင်ဒီရာသည် မျိုးရိုးဇာတိ ဓလေ့အလိုက် ကက်ရှမီးရီး ဗြဟ္မဏချင်း လက်မထပ်ပဲ ကျောင်းနေဘက် ဖာရစီလူမျိုး ရှေ့နေဖီရို့ဂန္ဒီနှင့် ၁၉၄၂ ခုနှစ်တွင် အိမ်ထောင်ပြုသည်။ ခင်ပွန်းဖြစ်သူ ၁၉၆ဝ ပြည့်နှစ်တွင် ကွယ်လွန်၍ သားကြီး ရာဂျစ်နှင့် သားငယ် ဆန်ဂျေးတို့နှင့်အတူ ဘဝခရီးဆက်ခဲ့ ရသည်။ ဖခင်ဂျဝါဟာလာ နေရူး၏ လမ်းညွှန်ပျိုးထောင်မှုကြောင့် ၁၉၄၆ ခုနှစ်မှစ၍ အိန္ဒိယနိုင်ငံရေးလောကနှင့် အကျွမ်းတဝင် ရှိသည်။ ၁၉၄၇ ခုနှစ်က မဟတ္တမဂန္ဓီ ဦးဆောင်သော နယ်ချဲ့ ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင်လည်း ပါဝင်ဆောင်ရွက်သည်။ ၁၉၅ဝ ပြည့်လွန်နှစ်များမှစ၍ နိုင်ငံရေးနယ်ထဲသို့ ခြေစုံပစ် ဝင်ခဲ့ရာ ၁၉၅၉ ခုနှစ်မှ ၁၉၆ဝ ပြည့်နှစ်အထိ အိန္ဒိယနိုင်ငံလုံး ဆိုင်ရာ ကွန်ဂရက်ပါတီဥက္ကဋ္ဌ ဖြစ်လာသည်။

မစ္စက် အင်ဒီရာဂန္ဓီသည် ၁၉၆၄ ခုနှစ်တွင် ဖခင် ကွယ်လွန်သောအခါ ဝန်ကြီးချုပ် ဗဟာဒူး ရှပ်စထရီ လက်ထက်၌ ပြန်ကြားရေးနှင့် အသံလွှင့်ဝန်ကြီးဌာန ဝန်ကြီး အဖြစ် တာဝန်ယူခဲ့သည်။ ဝန်ကြီးချုပ် ရှပ်စထရီသည် ဆိုဗီယက်ပြည်ထောင်စု တပ်ရှကင့်၌ နှလုံးရောဂါဖြင့် ကွယ်လွန်သောကြောင့် မစ္စက်ဂန္ဒီသည် ၁၉၆၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်မှစ၍ ဝန်ကြီးချုပ် ဖြစ်လာသည်။ မစ္စက်ဂန္ဒီက ၁၉၇၅ ခုနှစ် ဇွန်လမှစ၍ အရေးပေါ် အုပ်ချုပ်ရေးကာလ သတ်မှတ်ခဲ့ခြင်း၊ ၁၉၇၆ ခုနှစ်တွင် လက်ထပ်ထိမ်းမြားနိုင်သည့် အသက်ကို အမျိုးသားအတွက် ၂၁ နှစ်၊ အမျိုးသမီးအတွက် ၁၈ နှစ် သတ်မှတ်၍ မိသားစု စီမံကိန်းနှင့် ပဋိသန္ဓေတားဆီးမှု အစီအစဉ်များ ချမှတ် ဆောင်ရွက်ခြင်း၊ မစ္စက်ဂန္ဒီအား အတိုက်အခံများက ဘုံရန်သူ အဖြစ် ဝိုင်းတိုက်ချိန်တွင် ကွန်ဂရက်ပါတီအတွင်း သဘောထား ကွဲလာခြင်းတို့ကြောင့် မစ္စက်ဂန္ဒီသည် ၁၉၇၇ ခုနှစ် မတ်လ ရွေးကောက်ပွဲတွင် အာဏာလက်လွှတ်ခဲ့ရသည်။ မစ္စက်ဂန္ဒီသည် ရွေးချယ်တင်မြှောက်ပွဲဥပဒေကို ချိုးဖောက်သည်ဟု စွပ်စွဲခံရ၍ ထိန်းသိမ်းခံရပြီးနောက် ၁၉၇၇ ခုနှစ် အောက်တိုဘာလတွင် လွတ်မြောက်လာသည်။ ၃၃ လကြာမျှ အာဏာလက်လွှတ်ခဲ့ရပြီးနောက် ၁၉၈ဝ ပြည့်နှစ် ဇန္နဝါရီလ ရွေးကောက်ပွဲတွင် အပြတ် အသတ်အနိုင် ရရှိရာ ဝန်ကြီးချုပ်အဖြစ် ပြန်လည် ရွေးချယ်တင်မြှောက် ခံရသည်။

မစ္စက်ဂန္ဒီသည် အဖွဲ့ဝင် ၁ဝ၁ နိုင်ငံရှိသော ဘက်မလိုက်နိုင်ငံများအဖွဲ့ကို ၁၉၈၃ ခုနှစ်မှ စ၍ တည်ငြိမ်စွာ ဦးဆောင်မှု ပေးခဲ့သည်။ မစ္စက်အင်ဒီရာဂန္ဒီသည် မိမိအရိုက်အရာကို ဆက်ခံနိုင်ရန် သားငယ် ဆန်ဂျေးဂန္ဒီကို မြေတောင်မြှောက်ခဲ့ရာ ဆန်ဂျေးသည် ကွန်ဂရက်(အိုင်)ပါတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး မကြာမီ ၁၉၈ဝ ပြည့်နှစ်တွင် လေယာဉ်ပျက်ကျ၍ ကွယ်လွန်သည်။ ထို့ကြောင့် မစ္စက်ဂန္ဒီ သည် သားကြီး ရာဂျစ်ဂန္ဒီကို နိုင်ငံရေးလောကသို့ လက်တွဲ ခေါ်ယူလာရာ ၁၉၈၁ ခုနှစ်တွင် ရာဂျစ်သည် ကွန်ဂရက်(အိုင်) ပါတီ အထွေထွေ အတွင်းရေးမှူး ဖြစ်လာသည်။ မစ္စက်ဂန္ဒီသည် အောက်စဖို့ဒ်တက္ကသိုလ်မှ ဂုဏ်းထူဆောင် ဥပဒေပါရဂူဘွဲ့နှင့် ဆိုဗီယက်သိပ္ပံပညာတံခွန်အသင်းမှ ဂုဏ်ထူးဆောင်သိပ္ပံပါရဂူဘွဲ့တို့ကို ချီးမြှင့်ခံရသည်။ အင်ဒီရာ ဂန္ဒီ၏ အမှတ်တရဖြစ်ရပ်များနှင့် မိန့်ခွန်းများစာအုပ်ကို ၁၉၇၅ ခုနှစ်က ပြုစုထုတ်ဝေခဲ့သည်။

မစ္စက်အင်ဒီရာဂန္ဒီသည် ဆစ်ခ်လူမျိုးများအား အင်အားသုံးနှိမ်နှင်းခဲ့သည့် ဘလူးစတား စစ်ဆင်ရေးအပြီး ၁၉၈၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကိုယ်ရံတော်အစောင့်တပ်မှ ဆစ်ခ်လူမျိုး နှစ်ဦးက လုပ်ကြံသဖြင့် ကွယ်လွန်သည်။ [၁]


ကိုးကား

  1. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၅)