ဟဲရိုးဘုရင်

ဝီကီပီးဒီးယား မှ

အင်္ဂလန်နိုင်ငံဘုရင်များတွင် ဟဲရိုးဘွဲ့ခံဘုရင်နှစ်ပါးရှိ၍ ထိုဘုရင်နှစ်ပါးစလုံး သည်နော်မန်မင်းဆက်မတိုင်မီက အုပ်ချုပ်ခဲ့သောမင်းများ ဖြစ်ကြသည်။ ပထမဟဲရိုးဘုရင်သည်က နွတ်ဘုရင်၏ သားတော်ဖြစ်၍ ၁ဝ၃ရ ခုနှစ်တွင် အင်္ဂလိပ်ထီးနန်းကို ဆက်ခံအုပ်စိုးသည်။ ၁ဝ၄ဝ ပြည့်နှစ်တွင် ကွယ်လွန်လေသည်။ ( ကနွတ်ဘုရင်•။)

ဒုတိယဟဲရိုးဘုရင် (ခရစ် ၁ဝ၂ဝခန့် ၁ဝ၆၆)[ပြင်ဆင်ရန်]

ဒုတိယ ဟဲရိုးဘုရင်သည် အင်္ဂလိုဆက္ကဆန်မင်းဆက်တွင် နောက်ဆုံးဘုရင်ဖြစ်၍၊ နန်းသက်ကိုးလနီးပါးမျှသာကြာသည်။ ဟဲရိုးသည်အင်္ဂလန်နိုင်ငံတွင်တန်ခိုးအာဏာကြီးမားသောအားဘွဲ့ရ ဝက်ဆက်နယ်စားဂေါ်ဒွင်၏ သားဖြစ် သည်။ ၁ဝ၅၃ ခုနှစ်တွင် ဂေါ်ဒွင်ကွယ်လွန်သောအခါဟဲရိုးသည်ဝက်ဆက်နယ်စားဘွဲ့ကို ဆက်ခံရရှိလေသည်။ထိုအချိန်မှစ၍ဟဲရိုးသည်အင်္ဂလန်နိုင်ငံတွင် ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝဆုံးနှင့်အ ထင်ရှားဆုံးပုဂ္ဂိုလ်ကြီး ဖြစ်လာလေသည်။ အက်ဒွပ်•သ•ကွန်ဖက်ဆားသည် ၁ဝ၆၆ခုနှစ်တွင် သာထောက်သမီးခံ မကျန်ရစ်ဘဲ ကွယ်လွန်ခဲ့ရာ မှူးမတ်မျိုးနွယ်အပေါင်းတို့က ဟဲရိုးကိုဘုရင်အဖြစ် တင်မြှောက် ကြသည်။ သို့ရာတွင်နော်မန်ဒီ နယ်စားဝီလျံက ဦးရီးတော်အက်ဒွပ်ဘုရင်သည်မိမိအားထီးနန်းကိုဆက်ခံစေမည် ဟုကတိပေးခဲ့ဖူးသည်ဟူ၍လည်းကောင်း၊ဟဲရိုးကိုယ်တိုင်ကလည်း အင်္ဂလိပ်ထီးနန်းရရှိရေး၌မိမိအားကူညီပါမည်ဟု သစ္စာဆိုခဲ့ ဘူးသည်ဟူ၍လည်းကောင်း အကြောင်းပြ၍ မိမိသာလျှင်ထီးနန်းကိုဆက်ခံထိုက်သည်ဟု တောင်းဆိုလာလေ သည်။ ဟဲရိုးဘုရင်ကလည်း အင်္ဂလန်နိုင်ငံတွင် နော်မန်တို့လာရောက်ကြီးစိုးမှုကို ခုခံတွန်းလှန်ရန် အသင့်ပြင်ထားလေသည်။ ( ဝီလျံ၊အင်္ဂလိပ်ဘုရင်များ။)

၁ဝ၆၆ ခုနှစ်အောက်တိုဘာလတွင် ဝီလျံ၏စစ်တပ်များက အင်္ဂလန်တောင်ဘက်ကမ်းခြေပေါ်သို့ တက်ရောက်လာကြသောအခါ ဟဲရိုးဘုရင်သည်မြောက်ပိုင်း၌ ဒိန်းလူမျိုးတို့ကိုတိုက်ခိုက်နှိမ်နင်းလျက်ရှိသည်။ ဟဲရိုးသည်နော်မန်တို့ကို တိုက်ခိုက်ရန် မိမိ၏တပ်များကို တောင်ဘက်သို့အပြင်းချီလာစေသည်။ နော်မန်တပ်များနှင့် ဟေးစတင်းမြို့အနီးတွင် အောက်တိုဘာလ ၁၄ ရက်နေ့၌တွေ့ ဆုံတိုက်ခိုက်ရာ ဟဲရိုးဘုရင် ကျဆုံးလေသည်။ ( ဟေးစတင်းတိုက်ပွဲ•။) ထိုတိုက်ပွဲတွင် အင်္ဂလိပ်တို့အရေးနိမ့်ခဲ့ကြသဖြင့် အင်္ဂလန်နိုင်ငံ၌ အင်္ဂလိုဆက္ကဆန်မင်းဆက်ပြတ်၍ နော်မန်မင်းဆက်တို့ ကြီးစိုးလာကြလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)