ဟောင်းဝါ့ဒ် ရှော

ဝီကီပီးဒီးယား မှ
Howard Shore
ဟောင်းဝါ့ဒ် ရှော
၂၀၁၃ မေ တွင် တွေ့ရစဉ်
ကိုယ်ရေး အချက်အလက်များ
အမည်ရင်းဟောင်းဝါ့ဒ် လက်ဇ်လီ ရှော
မွေးဖွား (1946-10-18) အောက်တိုဘာ ၁၈၊ ၁၉၄၆ (အသက် ၇၇)
ကနေဒါ၊ အွန်တေးရီးယိုးပြည်နယ်တိုရွန်တိုမြို့
ဂီတဟန်ဂန္ထဝင်၊ သံစုံတီးဝိုင်းဂီတ၊ ရုပ်ရှင်ဂီတ
အလုပ်အကိုင်ဂီတစာဆို၊ ဂီတမှူး၊ ဂီတထုတ်လုပ်သူ၊ , သံစုံတီးဝိုင်းခေါင်းဆောင်
တူရိယာကလာရီနတ် (Clarinet) ၊ ဆက်ခ်ဆာဖိုးန် (saxophone)၊ အော်ဂန် (organ) ၊ ဖလု(တ်) (flute)
တက်ကြွသည့်နှစ်များ၁၉၇၈–လက်ရှိ
ဝက်ဘ်ဆိုက်howardshore.com

ဟောင်းဝါ့ဒ် လက်ဇ်လီ ရှော (အင်္ဂလိပ်: Howard Leslie Shore) သည် ကနေဒါသား ဂီတစာဆိုနှင့် ဂီတမှူးတစ်ဦးဖြစ်၍ ရုပ်ရှင်တီးလုံးများစွာအတွက် ထင်ရှားကျော်ကြားသူဖြစ်သည်။[၁] ရုပ်ရှင်ကားပေါင်း ၈၀ ကျော်အတွက် ဂီတတေးသံများဖွဲ့ဆိုသီကုံးခဲ့၍ အထူးထင်ရှားသည်မှာ ဒါရိုက်တာ ပီတာ ဂျက်ဆန် ရိုက်ကူးသော လက်စွပ်များ၏ အရှင်သခင် ရုပ်ရှင်သုံးကား၊ ဟော့ဘစ် ရုပ်ရှင်သုံးကားတို့ဖြစ်ကြသည်။[၂] လက်စွပ်များ၏ အရှင်သခင်ဇာတ်ကားများမှ အော်စကာဆု သုံးခုရရှိထားပြီး ထိုထဲမှတစ်ဆုသည် ယူရစ်သ်မစ်အဖွဲ့မှ ဦးဆောင်အဆိုတော် အန်နီ လန်းနစ်ခ်စ် (Annie Lennox) ၊ သီချင်းစာသားရေးသူ ဖရန် ဝေါလ်ရှ် (Fran Walsh) တို့နှင့်အတူ လက်စွပ်များ၏ အရှင်သခင် : ဘုရင်အဖြစ်ပြန်လည်ရောက်ရှိလာခြင်း ရုပ်ရှင်ဇာတ်ဝင်တေး အနောက်ဘက်ဆီသို့ (Into the West) သီချင်းဖြင့် ပူးတွဲရရှိခဲ့သည်။ ဟောင်းဝါ့ဒ်သည် ဒါရိုက်တာ ဒေးဗစ် ခရိုနန်ဘာ့ဂ် (David Cronenberg) နှင့် အစဉ်တစိုက်ပူးတွဲလုပ်ကိုင်ခဲ့သော သူတစ်ဦးလည်းဖြစ်သည်။

ခရိုနန်ဘာ့ဂ်၏ ဇာတ်လမ်းဖြစ်သော ၁၉၈၆ တွင်ထွက်ရှိသည့် The Fly ရုပ်ရှင်ကို အခြေခံ၍ ဂီတအော်ပရာတစ်ခုကို ရေးစပ်သီကုံးခဲ့၍ အဆိုပါတေးဂီတအော်ပရာသည် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၌ ၂၀၀၈ ဇူလိုင်တွင် Théâtre du Châtelet ဇာတ်ရုံတွင် ဖျော်ဖြေခဲ့သည်။[၃] အခြား ဂီတလက်ရာအချို့တွင် Fanfare for the Wanamaker Organthe Philadelphia Orchestra တို့ကဲ့သို့သော ဂီတတိုများ၊ ဆွစ် ၂၁ ရာစု ဆင်ဖိုနီ သံစုံတီးဝိုင်းအတွက် ပဏာမအဖွင့်တေးသွားအတိုတစ်ခုတို့ဖြစ်ကြသည်။ ရှောသည် ရုပ်မြင်သံကြားများအတွက် တေးဂီတများ ဖွဲ့ဆိုပေးရာ ၁၉၇၅ မှ ၁၉၈၀ အထိ အမေရိကန် ဟာသအစီစဉ်တစ်ခုဖြစ်သော Saturday Night Live တွင် ဂီတဦးဆောင်ညွှန်ကြားသူအဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။

အကယ်ဒမီဆုများအပြင် ရွှေကမ္ဘာလုံးဆု သုံးခုနှင့် ဂရမ်မီဆု လေးခုလည်း ရရှိထားလေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Handy, Bruce 'Lord of the Rings' Composer Howard Shore Talks Hobbits, His Start on 'SNL' and Working With Martin Scorsese Billboard. February 25, 2015
  2. Adams၊ Doug။ "Why NZ Matters"၊ The Music of The Lord of the Rings Films၊ October 27, 2010။ 
  3. The Fly The Opera။ The Fly The Opera။ 18 August 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 December 2020 တွင် ပြန်စစ်ပြီး။