ဟောက်မေယာ၏ ဂြိုဟ်ရံလများ

ဝီကီပီးဒီးယား မှ
ဟာဘယ်တယ်လီစကုပ်မှရုပ်ပုံအားရရှိသည့် ဟောက်မေယာနှင့် ယင်း၏ဂြိုဟ်ရံလနှစ်စင်းအား ပုံဖော်ထားပုံ။
ဟောက်မေယာ၊ ကွင်းနှင့် ဂြိုဟ်ရံလနှစ်စင်း၏ ပတ်လမ်းများ

နေအဖွဲ့အစည်းအပြင်ဘက်ရှိ ဂြိုဟ်ပု ဟောက်မေယာတွင် နာမကာနှင့် ဟီယကာဟုအမည်ရသော ဂြိုဟ်ရံလနှစ်စင်းရှိသည်။ သေးငယ်သော ယင်းဂြိုဟ်ရံလများကို ဟာဝိုင်အီရှိ W. M. Keck Observatory မှ ၂၀၀၅ ခုနှစ်တွင် ဟောက်မီယာအား လေ့လာစောင့်ကြည့်ရင်း ရှာဖွေတွေ့ရှိခဲ့သည်။[၁] ဟီယကာသည် အပြင်ဘက်အကျဆုံးဖြစ်ပြီး ထုထည်အားဖြင့်လည်း ပိုမိုကြီးမားသည်။

ပတ်လမ်းဆိုင်ရာ ဂုဏ်သတ္တိများ[ပြင်ဆင်ရန်]

နာမကာသည် ဟောက်မေယာအား ၁၈ ရက်လျင် တစ်ပတ်နှုန်း ဘဲဥပုံစံပတ်လမ်းကြောင်းအတိုင်း လှည့်ပတ်နေပြီး ဟီယကာသည် ၄၉ ရက်လျင် တစ်ပတ်နှုန်းဖြင့် စက်ဝိုင်းပုံစံနီးနီးပတ်လမ်းကြောင်းဖြင့် လှည့်ပတ်နေသည်။


ကိုးကား[ပြင်ဆင်ရန်]