ဟာရိုး ရော်ဘင်

ဝီကီပီးဒီးယား မှ

ဟာရိုး ရော်ဘင် (အင်္ဂလိပ်: Harold Robbins ၊ ၁၉၁၆−၁၉၉၇) သည် အမေရိကန် စာရေးဆရာ ဖြစ်သည်။ အရောင်းသွက်စာအုပ် ၂၅ ကျော် ရေးခဲ့ပြီး သူ၏ စာအုပ်များကို ဘာသာစကား ၃၂ မျိုးဖြင့် ဘာသာပြန် ဆိုခြင်း ခံရသည့်အပြင် အုပ်ရေ သန်း (၇၅၀) ကျော် ပုံနှိပ်ရသည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဟာရိုးကို ၁၉၁၆ ခု၊ မေလ ၂၁ ရက်တွင် နယူးယောက်မြို့၌ မွေးသည်။ မိဘမဲ့ ဖြစ်၍ ဂျူးမိသားစုက မွေးစားသည်။ နောင်သော် ရုရှားမှ နိုင်ငံကူး ဆေးစပ်သမား ဖခင် ပေါ်လာသည်။ ဖခင်၊ မိထွေးနှင့်အတူ ဘရွတ်ကလင်၌ ကြီးသည်။

၁၉၂၀ ဝန်းကျင်တွင် ကျောင်းထွက်ကာ အလုပ်မျိုးစုံ လုပ်ခဲ့သည်။ ၁၉၄၀ မှ ၅၇ ကာလတွင် ယူနီဗာဆယ် ရုပ်ရှင် (Universal Pictures) ၌ စာရေးဘဝမှသည် အမှုဆောင်အဆင့်အထိ လုပ်ကိုင်သည်။

စာပေ လှုပ်ရှားမှု[ပြင်ဆင်ရန်]

ပထမဆုံး စာအုပ်မှာ ၁၉၄၈ ထုတ် သူစိမ်းကို မတိမ်းလေနဲ့ (Never Love a Stranger) ဖြစ်သည်။ ရုပ်ရှင်လောကအကြောင်း ရေးသည့် အိပ်မက်ကုန်သည်များ (Dream Merchants) ကြောင့် လူသိများလာသည်။

၁၉၅၂ ခုထုတ် ဒန်နီဖစ်ရှာအတွက် ခဲတစ်လုံး (A Stone for Danny Fisher) မှာ ၁၉၅၈ ခုတွင် အဲလဗစ် ပရက်စလေ ခေါင်းဆောင်ပါဝင်ကာ ရုပ်ရှင်အဖြစ် ရိုက်ကူးခံရသည်။

မြန်မာဘာသာသို့ ပြန်ဆိုမှုများ[ပြင်ဆင်ရန်]

ခေါင်းစဉ် ပြန်ဆို ခေါင်းစဉ် ပြန်ဆိုသူ ထုတ်ဝေနှစ် ထုတ်ဝေသူ မှတ်ချက်
Never Leave Me ပစ်မသွားနဲ့ အချစ်ရယ် မောင် မိုးသူ ၁၉၈၆ မြဝတ်ရည် စာပေ

dreams die first (အိမ်မက္တစေ)

 ရှစ်စပ္ကဂျင်​​​ခြေလည် (အထောက်တော္လှအောင်)

ပုဂ္ဂိုလ်ရေးရာ[ပြင်ဆင်ရန်]

၁၉၃၇ ခုတွင် အထက်ကျောင်းတက်စဉ်က ငယ်ချစ်ဖြစ်သည့် လီလီယန် မာ့ချနီဗစ် (Lilian Machnivitz) နှင့် ပထမဆုံး လက်တွဲသည်။ ၁၉၆၂ ခုတွင် ကွာပြဲသည်။

ဒုတိယဇနီး ဂရေ့ ပါလာမို (Grace Palermo) နှင့် ၁၉၆၅ တွင် လက်ထပ်ရာ ၁၉၉၀ အစောပိုင်းတွက် ပြတ်စဲကြသည်။

၁၉၉၂ ရောက်သော် ဂျန် စတပ် (Jann Stapp) နှင့် စုံဖက်ရာ ကွယ်လွန်သည်အထိ ဖြစ်သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၉၉၇ ခု၊ အောက်တိုဘာလ ၁၄ ရက်တွင် နှလုံးအားနည်းသည့် ဝေဒနာနှင့် ကာလီဖိုးနီးယားပြည်နယ်၊ ပမ်းစပရင်း (Palm Springs) ၌ ကွယ်လွန်သည်။

ဟောလိဝုဒ်ရှိ အောင်မြင်သူတို့ လျှောက်ရာလမ်း (Walk of Fame) ၌ သူ၏အမည်ကို ရေးထွင်းထားသည်။

ကိုးကား[ပြင်ဆင်ရန်]