ဟာရမ်

ဝီကီပီးဒီးယား မှ

ဟာရမ် (ပါရှန်း: حَرَام‎‎) သည် အာရပ်ဘာသာအရ တားမြစ်သည့်အရာဟု အဓိပ္ပာယ်ရသည်။ ဘုရားသခင်က တားမြစ်သော အပြုအမူ အလုပ်အဆောင်တို့ကို ဟာရမ်အဖြစ် သတ်မှတ်သည်။ အစ္စလာမ္မစ်ပညတ်တော် ၅ ပါးတွင် တပါးအဝင်အပါဖြစ်ပြီး လူသားတို့၏ သက်ဝင်ယုံကြည်မှုအတွက် မှတ်ကျောက်တခုပင်တည်း။ [၁]

ဟာရမ်ဖြစ်စေသော အပြုအမူအလုပ်အဆောင်ကို ဘာသာရေးစာအုပ်များ၊ ကိုရန်ကျမ်းတို့တွင် ဖော်ပြထားသည်။ ဟာရမ်ဖြစ်သည်ဟု သတ်မှတ်ထားသောအရာကို ရည်ရွယ်ချက်ကောင်းဖြင့်ဖြစ်စေ၊ စေတနာသန့်သန့်ဖြင့်ဖြစ်စေ လုပ်ဆောင်သည်ဟူ၍ သွေဖည်ခွင့်မရှိ။ [၂] စီရင်ချက်နေ့တွင် ဟာရမ်သည် မြေဆွဲအားအဖြစ်ပြောင်းလဲကာ ဂျန္နက် (ငရဲ) သို့ ဆွဲချမည့်အလေးတုံး ဖြစ်လာမည် ဟူ၏။ သို့သော် ဘာသာရေးကျောင်းအလိုက် မည်သည်က ဟာရမ်ဖြစ်သည်၊ မည်သည်က မဖြစ်၊ အတိမ်အနက် ကွဲသေးသည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Adamec, Ludwig (2009). Historical Dictionary of Islam, 2nd Edition. Lanham: Scarecrow Press, Inc. p. 102.
  2. Al-Qardawi, Yusuf (1999). The Lawful and the Prohibited in Islam. American Trust Publications. p. 26.
  3. The Palgrave Handbook of Spirituality and Business – p. 142, Professor Luk Bouckaert, Professor Laszlo Zsolnai – 2011