ဟာတာမူလာ

ဝီကီပီးဒီးယား မှ
နိုဘယ်လ်ဆုရှင် ဟာတာမူလာ

၂၀၀၉ အတွက်စာပေနိုဘယ်လ်ဆုချီးမြင့်ခံရသူမှာ ရူမေးနီးယားနိုင်ငံဖွား၊ ဂျာမနီနိုင်ငံသား စာရေးဆရာမ ဟာတာမူလာ (Herta Muller) ဖြစ်သည်။ သူမွေးဖွားရာဇာတိနိုင်ငံအတွင်း ကွန်မြူနစ် အာဏာရှင်များလက်အောက်တွင် မနေနိုင်သဖြင့် နိုင်ငံစွန့်ခွာခဲ့သူဖြစ်သည်။ မူလာကို ဂျာမနီစာပေအသိုင်းအဝိုင်း ပြင်ပကသိသူမရှိပေ။ စတော့ဟုမ်းမြို့ဆွီဒင် အကယ်ဒမီက မူလာကိုနိုဘယ်လ်ဆုချီးမြင့်ရခြင်း ရှင်းပြရာတွင် သူမသည်ကဗျာကိုအာရုံစိုက်ပြီး စကောပြေကိုပွင့်လင်းစွာရေးသားနိုင်သူဟုဆိုသည်။ မူလာအသက် ၆၅နှစ်သည်၁၉၈၇ခုနှစ်နောက်ပိုင်းတွင်ဂျာမနီနိုင်ငံသို့ ပြောင်းရွေ့ခဲ့သည်။ ရူမေးနီးယားနိုင်ငံကွန်မြူနစ်များက သူ့စာပေများကိုဖြတ်တောက်ခြင်း၊ ပိတ်ပင်ခြင်းများပြုလုပ်ခဲ့သည်။ စာပေဆုရသည့် နိုဘယ်လ်ဆုရှင်များထဲတွင် သူမသည်၁၂ယောက်မြောက်အမျိုးသမီးဖြစ်သည်။ ဝတ္ထု ၂၀ ခန့်ရေးသားခဲ့ပြီး ငါးအုပ်ကိုသာ အင်္ဂလိပ်ဘာသာသို့ပြန်ဆိုခဲ့သည်။