ဟန်းစ် ရော့ဆင်း

ဝီကီပီးဒီးယား မှ
ဟန်းစ် ရော့ဆင်း
၁၉၆၃ ခုနှစ်က တွေ့ရသော ဟန်းစ်ရော့ဆင်း
မွေးဖွား (1926-03-25) ၂၅ မတ်၊ ၁၉၂၆ (အသက် ၉၇)
ဂိုသန်ဘာ့ဂ်မြို့၊ ဆွီဒင်နိုင်ငံ
နိုင်ငံလူမျိုးဆွီဒင်
မိခင်ကျောင်းLund University
အလုပ်အကိုင်စီးပွားရေးလုပ်ငန်းရှင်
ကျော်ကြားမှုအရင်းခံTetra Pak
ကြွယ်ဝမှုDecrease US$၁၂.၅ ဘီလီယံ (ဇွန် ၂၀၁၅)[၁]
အိမ်ထောင်ဖက်(များ)Märit Rausing
သားသမီးLisbet, Sigrid, and Hans Kristian Rausing
မိဘ(များ)Ruben Rausing

ဆာ ဟန်းစ် ရော့ဆင် (အင်္ဂလိပ်: Hans Rausing) KBE သည် ၁၉၂၆ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ဗြိတိသျှတွင်ကြီးပြင်းသည့် ဆွီဒင်လူမျိုးဘီလျံနာ စီးပွားရေးလုပ်ငန်းရှင်ဖြစ်သည်။

သူသည် သူ့ဖခင် Ruben Rausing တည်ထောင်ထားခဲ့သော ကမ္ဘာပေါ်တွင်အကြီးဆုံး ကုန်ထုတ်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း Tetra Pak (နောက်ပိုင်းတွင် Tetra Laval) ကုမ္ပဏီကို အမွေရရှိပြီး ချမ်းသာလာသည်။၂၀၁၀ ခုနှစ် တွင်း Sunday Times သတင်းစာ၏ UK တွင်အချမ်းသာဆုံးလူများစာရင်းတွင် သူသည် ပေါင် ၄၀၀၀ မီလျံ ပိုင်ဆိုင်မှုဖြင့် နံပါတ် ၁၁ နေရာတွင်ရှိသည်။

Tetra Laval ကုမ္ပဏီတွင် သူသည် စီမံခန့်ခွဲမှုဒါရိုက်တာအဖြစ် ၁၉၉၆ ခုနှစ်မှစ၍ ၃၇ နှစ်တိုင်တိုင် ဆောင်ရွက် ခဲ့ပြီး သူ၏ညီငယ်ဖြစ်သူ Gad Rausing ကို ယူအက်စ်ဒေါ်လာ ၇ ဘီလျံဖြင့် လုပ်ငန်းတစ်ဝက်ကို ရောင်းလိုက် သည်။ သူသည် ရုရှားအရေးကိစ္စများကို ကျွမ်းကျင်သူဖြစ်သောကြောင့် ရုရှားနှင့်ယူကရိန်းနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှု များစွာလုပ်ခြင်းဖြင့် သူ၏စီးပွားရေးလမ်းကြောင်းပြောင်းသွားခဲ့သည်။

ဟန်းစ် ရော့ဆင် သည် အင်္ဂလန် East Sussex ရှိ Wadhurst တွင် ဧက ၉၀၀ ကျယ်သောခြံကျယ်ကြီးတွင် နေထိုင်လျက်ရှိသည်။ ထိုခြံကျယ်ကြီးထဲတွင် Vintage ကားများကိုစုဆောင်းထားပြီး သမင်များလည်း မွေးမြူထားသည်။ ရော့ဆင် သည် အားလပ်ရက်ခရီးထွက်သည့်အခါနေရန် အိမ်တစ်လုံးလည်း သူ၏မွေးရပ် ဆွီဒင်နိုင်ငံတွင် ရှိသေးသည်။ သူသည် အင်္ဂလန်သို့ ၁၉၈၀ ခုနှစ်များတွင် အခွန်ရည်ရွယ်ချက်ကြောင့် ပြောင်းရွှေ့လာသည်။

Rausing သည် Lisbet, Sigrid နှင့် Hans Kristian Rausing တို့၏ဖခင်ဖြစ်ပြီး Kirsten Rausing ၏ ဦးလေး ဖြစ်လေသည်။ Rausing တွင် မြေး ၇ ယောက်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]