သံမဏိလူသား (ရုပ်ရှင်)
ပုံပန်းသွင်ပြင်
သံမဏိလူသား (Iron Man) | |
---|---|
ရုပ်ရှင်ပိုစတာ | |
အခြေခံအချက်အလက် | |
ဒါရိုက်တာ | Jon Favreau |
ထုတ်လုပ်သူ | Avi Arad Kevin Feige |
စာရေးသူ | Mark Fergus Hawk Ostby Art Marcum Matt Holloway John August |
အခြေခံထားသည်မှာ | Iron Man[*] |
သရုပ်ဆောင် | ရောဘတ် ဒေါင်းနီ ဂျူနီယာ Terrence Howard Jeff Bridges Gwyneth Paltrow Leslie Bibb Faran Tahir Shaun Toub |
ဂီတမှူး | Ramin Djawadi |
ဓာတ်ပုံ | Matthew Libatique |
တည်းဖြတ် | Dan Lebental |
ထုတ်လုပ်ရေး ကုမ္ပဏီ | Marvel Studios |
ကြာမြင့်ချိန် | ၁၂၅ မိနစ် |
နိုင်ငံ | အမေရိကန် ပြည်ထောင်စု |
ဘာသာစကား | အင်္ဂလိပ် |
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း | |
ဖြန့်ချိသည့်နေ့ | ၂၀၀၈ မေလ ၂ ရက် |
ထုတ်ဝေသူ | Paramount Pictures |
ကုန်ကျငွေ | $140 million |
ရောင်းရငွေ | $585,133,287 |
နောင်တော်များနှင့် နောက်ဆက်တွဲများ | |
နောက်ထွက်ဇာတ်လမ်း | သံမဏိလူသား ၂ (ရုပ်ရှင်) |
သံမဏိလူသား ရုပ်ရှင်ဇာတ်ကားသည် အမည်တူ ရုပ်ပြကာတွန်းကို အခြေခံ ရိုက်ကူးထားသည့် သိပ္ပံခေတ်လွန် အမေရိကန် ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် ရုံတင်ပြသခဲ့သည်။ မာဗယ်လ်ရုပ်ရှင်စကြဝဠာ၏ ပထမဦးဆုံးရုပ်ရှင်ကားဖြစ်သည်၊၊ ဒါရိုက်တာ ဂျွန် ဖာရိုး (Jon Favreau) ၏ လက်ရာဖြစ်ပြီး ရောဘတ် ဒေါင်းနီ ဂျူနီယာ (Robert Downey Jr.) က သံမဏိလူသား၏ သံချပ်ဝတ်စုံကို တီထွင်သူ စက်မှုလုပ်ငန်းရှင် တိုနီ စတာ့ခ် (Tony Stark) အဖြစ် ပါဝင် သရုပ်ဆောင်ထားသည်။ တိုနီ စတာ့ခ်သည် ရာဇဝတ်မှုများကို လိုက်လံနိမ်နင်းသည့် သူရဲကောင်း "သံမဏိလူသား" ဖြစ်လာသည်။
သံမဏိလူသား ရုပ်ရှင်ဇာတ်ကား၏ နောက်ဆက်တွဲများကိုလဲ ဆက်လက်ရိုက်ကူးခဲ့သည်။ သံမဏိလူသား ၂ ဗွေဆော်ဦး ပြပွဲကို ၂၀၁၀ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ လော့စ်အိန်ဂျယ်လိစ်မြို့တွင် ကျင်းပခဲ့ပြီး သံမဏိလူသား ၃ကို ၂၀၁၃ ခုနှစ်တွင် ရုံတင်ခဲ့သည်။