သီရိလင်္ကာနိုင်ငံရှိ မီးပြတိုက်များစာရင်း
အောက်ပါတို့သည် သီရိလင်္ကာနိုင်ငံရှီ မီးပြတိုက်များစာရင်းဖြစ်သည်။ သီရိလင်္ကာနိုင်ငံတွင် အလုပ်လုပ်ဆောင်လျက်ရှိသည့် မီးပြတိုက် ၁၄ ခု ရှိသည်။ သီရိလင်္ကာရှိ မီးပြတိုက်အများစုကို သီရိလင်္ကာဆိပ်ကမ်းအာဏာပိုင်က ထိန်းသိမ်း အလုပ်လုပ်ဆောင်လျက်ရှိသည်။ သို့သော်လည်း များစွာသော မီးပြတိုက်များကိ သီရိလင်္ကာရေတပ်က လုပ်ဆောင်လျက်ရှိသည်။ အချို့မှာမူ အလုပ်လုပ်ဆောင်မှု မရှိပေ။
သမိုင်း
[ပြင်ဆင်ရန်]သီရိလင်္ကာနိုင်ငံရှိ မီးပြတိုက်အများစုသည် ဗြိတိသျှကိုလိုနီအဖြစ် အုပ်ချုပ်ခဲ့စဉ်က တည်ဆောက်ခဲ့သည်။ ၎င်းမီးပြတိုက်များကို တော်ဝင်မီးပြတိုက်ဝန်ဆောင်မှုက ထိန်းသိမ်းလုပ်ဆောင်သည်။ သို့သော်လည်း အချို့သော မီးပြတိုက်များသည် Trinity House မှ စေလွှတ်ထားသည့် ထိန်းသိမ်းစောင့်ရှောက်သူများ ရှိသည်။ သီရိလင်္ကာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်တွင် မီးပြတိုက်များ၏ လုပ်ဆောင်မှုများကို ရေတပ်က လွှဲပြောင်းရယူခဲ့သည်။ သီရိလင်္ကာနိုင်ငံတွင် မီးပြတိုက် ၂၅ ခုရှိပြီး ၁၆ ခုသည် ယခုအချိန်အထိ အလုပ်လုပ်ဆောင်လျက်ရှိနေဆဲ ဖြစ်သည်။ ယခုအခါတွင် မီးပြတိုက်အများစုက သီရိလင်္ကာဆိပ်ကမ်းအာဏာပိုင်က ထိန်းသိမ်းလုပ်ဆောင်လျက်ရှိပြီး အခြားကျန်ရှိသည်များကို သီရိလင်္ကာရေတပ်က လုပ်ဆောင်လျက်ရှိသည်။
အပြည်ပြည်ဆိုင်ရာ မီးပြတိုက်လေးခု ရှိသည်။ ၎င်းတို့မှာ -
- Barberyn (Beruwala) Lighthouse
- Dondra Head Lighthouse
- Little Basses Reef Lighthouse
- Great Basses Reef Lighthouse