ဝင်ဒီလောရုံ

ဝီကီပီးဒီးယား မှ
Wendy Law-Yone
မွေးဖွား (1947-04-01) ဧပြီ ၁၊ ၁၉၄၇ (အသက် ၇၆)[၁]
မန္တလေးမြို့မြန်မာနိုင်ငံ
အလုပ်အကိုင်စာရေးဆရာမ
နိုင်ငံလူမျိုးအမေရိကန်ပြည်ထောင်စု
အိမ်ထောင်ဖက်John Randall
သားသမီးJocelyn Seagrave, Sean Seagrave, Chad O'Connor, Bess O'Connor
ဆွေမျိုးသားချင်းဦးလောရုံ (နေရှင်း) (ဖခင်)

ဝင်ဒီလောရုံ (အင်္ဂလိပ်: Wendy Law-Yone; ၁၉၄၇ မွေးဖွား) သည် မြန်မာနိုင်ငံဖွား အမေရိကန် စာရေးဆရာမ တစ်ဦးဖြစ်သည်။ The Road to Wanting (၂၀၁၀), Irrawaddy Tango (၁၉၉၄), The Coffin Tree (၁၉၈၃), Golden Parasol (၂၀၁၃) တို့မှာ ဝင်ဒီလောရုံ၏ ထင်ရှားသည့် စာပေလက်ရာများဖြစ်သည်။[၂]

ငယ်ဘဝ[ပြင်ဆင်ရန်]

၁၉၄၇ခုနှစ် မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။[၃] ဖခင်ဖြစ်သူမှာ မြန်မာ့စာနယ်ဇင်းလောကတွင် ထင်ရှားသည့် နေးရှင်း သတင်းစာ တည်ထောင်သူ နေးရှင်း ဦးလောရုံ ဖြစ်သည်။

၁၉၆၂ ခု စစ်တပ်အာဏာသိမ်းပြီးနောက် ဖခင်ဖြစ်သူ ထောင်ဒဏ် (၅) နှစ် ကျခံရပြီး ဝင်ဒီလည်း ပညာသင်ကြားခွင့် ရပ်စဲခံရသည်။

နိုင်ငံကူးခြင်း[ပြင်ဆင်ရန်]

၁၉၆၇ ခု၊ မေလတွင် ထိုင်းနိုင်ငံသို့ နယ်စပ်မှ ကူးရန် ကြိုးပမ်းရာ မော်လမြိုင်အလွန်တွင် အဖမ်းခံရသည်။ ရန်ကုန်ရှိ စစ်ထောက်လှမ်းရေးသို့ ပို့ကာ (၁၀) ရက်ကြာ စစ်ဆေးခံရသည်။

ဇူလိုင်လ၊ ၁၅ ရက်တွင် မင်္ဂလာဒုံ လေဆိပ်မှ လေယာဉ်စီး၍ ထိုင်းနိုင်ငံသို့ နိုင်ငံမဲ့အဖြစ် ပြေးပြီး [၄] ဘန်ကောက်မြို့ရှိ လုမ္ပနီ ဥယျာဉ် (Lumpini Park) ၌ ခေတ္တခိုသည်။

၁၉၆၉ ခုတွင် ဘန်ကောက်ကမ္ဘာ (Bangkok World) သတင်းစာ၌ အလုပ်ဝင်ခဲ့သေးသည်။

၁၉၇၃ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုသို့ ပြောင်းရွှေ့ အခြေချခဲ့သည်။

ဖလော်ရီဒါ ပြည်နယ် အက္ကာ့ ကောလိပ် (Eckerd College) တွင် ကာနေဂျီ ပညာသင်ဆု (Carnegie Fellowship) နှင့် Comparative Literature and Modern Language ဘာသာကို သင်ယူသည်။

ဝါရှင်တန်ဒီစီတွင် နှစ်သုံးဆယ်ကြာ နေထိုင်ခဲ့သည်။[၅] ၂၀၁၅ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဘန်းတက္ကသိုလ် (University of Bern) တွင် ဧည့်ပါမောက္ခအဖြစ် လုပ်ကိုင်ခဲ့သည်။[၆]

မိသားစုဘဝ[ပြင်ဆင်ရန်]

စတာလင် ဆီးဂရေ့ (Sterling Seagrave) နှင့် ၁၉၆၇ ခု၊ ဧပြီလ ၃၀ ရက်တွင် အိမ်ထောင်ပြုသည်။ စတာလင်မှာ (၂၄) နာရီသာ ပြည်ဝင်ခွင့်ရ၍ လက်ထပ်ပြီးသည်နှင့် ပြန်ထွက်ရသည်။ ထိုင်းနိုင်ငံရောက်မှသာ ပေါင်းကြသည်။ တင်ကာ (Jocelyn "Tinker" Seagrave) နှင့် ရှောင် (Sean Seagrave) ဟူသော အမွှာနှစ်ယောက်ကို ၁၉၆၈ ခု၊ စက်တင်ဘာလ ၈ ရက်တွင် ရသည်။ ၁၉၇၅ ခုတွင် စတာလင်နှင့် လမ်းခွဲသည်။ [၇]

စာပေလက်ရာများ[ပြင်ဆင်ရန်]

  • The Coffin Tree (၁၉၈၃)
  • Irrawaddy Tango (၁၉၉၃)
  • The Road to Wanting (၂၀၁၀)
  • A Daughter's Memoir of Burma (၂၀၁၄)

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. American ethnic writers။ Salem Press။ 2008။ pp. 679ISBN 978-1-58765-464-0
  2. ဟိန်းလတ်(မြန်မာပြန်)။ ဝင်ဒီလောရုံ Golden Parasol Unknown parameter |book= ignored (အကူအညီ)
  3. Huang၊ Guiyou (2006)။ The Columbia Guide to Asian American Literature Since 1945။ Columbia University Press။ p. 136ISBN 0-231-12620-4
  4. "Beyond Rangoon: an interview with Wendy Law-Yone." (2002-12-22). Retrieved on 2008-10-12. 
  5. Yoo and Ho, 283
  6. (in German) Retrieved 22 March 2016.။ 4 July 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 January 2017 တွင် ပြန်စစ်ပြီး။
  7. Law-Yone, Wendy (2014) "A Daughter's Memoir of Burma". Columbia University Press, New York.