လူဝီ ဟောင်းဝပ် လက်တီမာ

ဝီကီပီးဒီးယား မှ
Lewis Howard Latimer
၁၈၈၂ ခုနှစ်တွင် ရိုက်ကူးထားသည့် လူဝီ လက်တီမာ၏ ဓာတ်ပုံ
မွေးဖွား(1848-09-04)စက်တင်ဘာ ၄၊ ၁၈၄၈
Chelsea, Massachusetts, U.S.
ကွယ်လွန်ဒီဇင်ဘာ ၁၁၊ ၁၉၂၈(1928-12-11) (အသက် ၈၀)
New York City, New York, U.S.
အလုပ်အကိုင်Inventor
အိမ်ထောင်ဖက်(များ)Mary Wilson Lewis
သားသမီးJeanette (Mrs. Gerald F. Norman), Louise
မိဘ(များ)George W. Latimer (1818-1896) and Rebecca Smith(1823-1910)


လူဝီ ဟောင်းဝပ် လက်တီမာ (Lewis Howard Latimer) သည် အာဖရိက နွယ်ဖွား တီထွင်သူ တစ်ဦးဖြစ်သည်။ သူ့ကို အမေရိကန် ပြည်ထောင်စု မက်ဆာ ချူးဆက်ပြည်နယ် ချယ်လ်ဆီးတွင် ၁၈၄၈ ခုနှစ်က မွေးဖွားပြီး မွေးချင်းလေးဦးအနက် အငယ်ဆုံးဖြစ်သည်။ သူသည် လူငယ်တဦးအနေဖြင့် ဘော့စတွန်မြို့ မူပိုင်ခွင့်ရုံးတွင် အလုပ်လုပ်ကိုင်ရင်း စက်မှုပုံဆွဲပညာကို သင်ယူခဲ့သည်။

၁၈၈၀ ပြည့်နှစ်တွင် အမေရိကန် လျှပ်စစ်မီးကုမ္ပဏီမှ ဟီရမ် မက်ဇင်က စီးပွားဖြစ် လျှပ်စစ်မီးအိမ်များ တီထွင်ထုတ်လုပ်ရေး လုပ်ငန်းအတွက် ၎င်းအား ခေါ်ယူခဲ့သည်။ ၁၈၈၂ ခုနှစ်တွင် လျှပ်စစ်မီးအိမ်အတွင်း၌ အသုံးပြုသည့် ကာဗွန်နန်းကြိုးမျှင် အများအပြား ထုတ်လုပ်နိုင်သည့် ကိရိယာကို သူတီထွင်သည်။

ယင်းနောက် မက်ဇင်လျှပ်စစ်မီးအိမ်အတွက် ပူးတွဲမူပိုင်ခွင့် ရရှိသည်။ ထို့အပြင် လျှပ်စစ်မီးလုံးများအတွက် ဝက်အူရစ်ပါသော သစ်သား ပလပ်ပေါက်ကို တီထွင်ပြီး မူပိုင်ခွင့် မှတ်ပုံတင်သည်။ နယူးယောက်မြို့၊ ဖီလာဒဲလ်ဖီးယား၊ မွန်ထရီယယ်နှင့် လန်ဒန်မြို့တို့၌ လျှပ်စစ်လမ်းမီးများ တပ်ဆင်ရေးကို လူဝီ ဟောင်းဝပ် လက်တီမာ ကြီးကြပ်ဆောင်ရွက်ပေးသည်။

၁၈၈၄ ခုနှစ်တွင် သူသည် အက်ဒီဆင် လျှပ်စစ်မီးကုမ္ပဏီတွင် အင်ဂျင်နီယာဖြစ်လာသည်။ သောမတ် အက်ဒီဆင်၏ တီထွင်သူများအဖွဲ့တွင် တစ်ဦးတည်းသော အာဖရိက နွယ်ဖွား အမေရိကန် နိုင်ငံသားအဖြစ် ထင်ရှားသည်။ ထိုအချိန်တွင် အလင်းရောင်ထွက်သော လျှပ်စစ်မီးဟူသော စာတမ်းကို သူရေးသားလိုက်သောအခါ လျှပ်စစ်မီးနှင့် ပတ်သက်၍ ပထမဆုံး အင်ဂျင်နီယာ လက်စွဲစာအုပ်အဖြစ် ထင်ရှားသည်။

မျက်မှောက်ကာလတွင် မီးသီးအတွင်း ကာဗွန်ထက် အဖြိုက်နက် နန်းကြိုးမျှင်ကို သုံးစွဲနေသော်လည်း လျှပ်စစ်မီး ထိန်ထိန်ညီးအောင် အလင်းဆောင် ပေးနိုင်ခြင်းမှာ လူဝီ ဟောင်းဝပ် လက်တီမာ၏ ကျေးဇူးမကင်းဟု ဆိုရမည်ဖြစ်သည်။