လီလီ ကောလင်း

ဝီကီပီးဒီးယား မှ
Lily Collins (2020)
Lily Collins (2020)

လီလီ ဂျိန်း ကောလင်း သည် အင်္ဂလိပ်နှင့် အမေရိကန် ရုပ်ရှင်သရုပ်ဆောင်နှင့် မော်ဒယ်ဖြစ်ပြီး မမြင်ရသည့်ဘက်၊ ပြန်ပေး၊ ကြေးမုံကြီ:ရယ် ကြေးမုံကြီ:ရယ် စသည့်ဇာတ်ကားတို့ကြောင့် ကျော်ကြားသည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ကောလင်းကို အင်္ဂလန်နိုင်ငံ၊ ဆာရေးပြည်နယ်၊ ဂေ့ဖို့မြို့၌ ၁၉၈၉ ခုနှစ်၊ မတ်လ ၁၈ ရက်တွင် ဖွားမြင်သည်။ ဖခင်ဖြစ်သူမှာ အဆိုတော် ဖေး ကောလင်း ဖြစ်ပြီး မိခင်မှာ ဖေး၏ ဒုတိယဇနီး ဂျေး တာဗဲမန်း ဖြစ်သည်။ မိခင်သည် အမေရိကန်လူမျိုး ဖြစ်ပြီး ဘယ်ဘလီဟေး အမျိုးသမီးကလပ်၌ ဥက္ကဋ္ဌဖြစ်သည်။

အသက်ငါးနှစ်အရွယ်၌ မိဘများ ကွာရှင်းချိန်တွင် မိခင်နှင့်အတူ ကာလီဖိုးနီးယားပြည်နယ်၊ လော့အိန်ဂျလိစ်သို့ ပြောင်းရွှေ့လာသည်။ ဟားဗတ် ဝက်စလိတ် ကျောင်းမှ အောင်မြင်သောအခါ ကာလီဖိုးနီးယားတောင်ပိုင်းတက္ကသိုလ်တွင် ပြန်ကြားရေးဆိုင်ရာဂျာနယ်လစ်ဇင် ဘာသာရပ်အထူးပြုဖြင့် ဘွဲ့ယူသည်။

ရိုက်ကူးခဲ့သည့် ဇာတ်ကားများ[ပြင်ဆင်ရန်]

စဉ် ဇာတ်ကားအမည် ခုနှစ်
မမြင်ရသည့်ဘက် ၂၀၀၉
ဘုန်းတော်ကြီး ၂၀၁၁
ပြန်ပေး ၂၀၁၁
ကြေးမုံကြီ:ရယ် ကြေးမုံကြီ:ရယ် ၂၀၁၂
အချစ်တွင် ငြိတွယ်ခြင်း ၂၀၁၂
အင်္ဂလိပ်ဆရာမ ၂၀၁၃
သက်ရှိတို့၏ လက်နက်များ − အရိုးမြို့တော် ၂၀၁၃
ချစ်ရပါသော ရိုစီ ၂၀၁၄

ထုတ်ဝေခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]

  • လီလီကောလင်း, "မကွယ်မဝှက်", ဟာပါကောလင်း, ၂၀၁၇, ISBN: 978-0-06-247301-1

ကိုးကား[ပြင်ဆင်ရန်]