လီတိန်းဟွေး

ဝီကီပီးဒီးယား မှ
လီတိန်းဟွေး
Lee Teng-hui
李登輝
တရုတ်သမ္မတနိုင်ငံ၏ သမ္မတ
တာဝန်သက်တမ်း
၁၃ ဇန်နဝါရီ ၁၉၈၈ – ၂၀ ‌မေ ၂၀၀၀
Premier
ဒုတိယ သမ္မတ
ယခင်လူကျန်ကျင်းကော်
ဆက်ခံသူချင်ရွှေဗြန်း
တရုတ်သမ္မတနိုင်ငံ၏ ဒုတိယသမ္မတ
တာဝန်သက်တမ်း
၂၀ မေ ၁၉၈၄ – ၁၃ ဇန်နဝါရီ ၁၉၈၈
သမ္မတကျန်ကျင်းကော်
ယခင်လူရှေတုန်မင်
ဆက်ခံသူလီးယွမ်ဆူ
၂ ဦးမြောက် ကိုမင်တန်ပါတီ၏ ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၂၇ ဇူလိုင် ၁၉၈၈ – ၂၄ မတ် ၂၀၀၀
ယာယီ: ၁၃ ဇန်နဝါရီ ၁၉၈၈ – ၂၇ ဇူလိုင် ၁၉၈၈
ယခင်လူကျန်ကျင်းကော်
ဆက်ခံသူလျန်းချန်
ထိုင်ဝမ်ပြည်နယ်အစိုးရ ၏ ၁၁ ယောက်မြောက် ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၅ ဒီဇင်ဘာ ၁၉၈၁ – ၂၀ မေ ၁၉၈၄
ယခင်လူလင်ယန်ကန်
ဆက်ခံသူ
ထိုင်ပေမြို့တော်ဝန်
တာဝန်သက်တမ်း
၉ ဇွန် ၁၉၇၈ – ၅ ဒီဇင်ဘာ ၁၉၈၁
ယခင်လူလင်ယန်ကန်
ဆက်ခံသူရှောင်အင်းရှင် (邵恩新)
ဌာနလက်ကိုင်မရှိဝန်ကြီး
တာဝန်သက်တမ်း
၁ ဇွန် ၁၉၇၂ – ၁ ဇွန် ၁၉၇၈
Premierကျန်ကျင်းကော်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၅ ဇန်နဝါရီ ၁၉၂၃
ဆန်းကျီခရိုင်ထိုင်ဟိုကူပြည်နယ်ဂျပန်ခေတ်ထိုင်ဝမ်
ကွယ်လွန်၃၀ ဇူလိုင် ၂၀၂၀ (၉၇ နှစ်)
ထိုင်ပေစစ်မှုထမ်းဟောင်း အထွေထွေဆေးရုံဘေထိုခရိုင်ထိုင်ပေထိုင်ဝမ်
သင်္ဂြိုဟ်ရာနေရာဝူကျီတောင် စစ်သင်္ချုင်း
လူမျိုး
နိုင်ငံရေးပါတီတစ်သီးပုဂ္ဂလ (၂၀၀၁–၂၀၂၀)
အခြား
နိုင်ငံရေးလွှမ်းမိုးမှု
ကြင်ဖော်(များ)စန်းဝမ်ဟွေ (၁၉၄၉)
ပညာရေး
အလုပ်အကိုင်စီးပွားရေးပညာရှင်၊ နိုင်ငံ့ဝန်ထမ်း
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ ဂျပန်
တပ်/တပ်ဖွဲ့ခွဲ ဂျပန်အင်ပါယာ ကြည်းတပ်မတော်
အမှုထမ်းကာလ၁၉၄၄–၁၉၄၅
ရာထူးဒုတိယဗိုလ်
တိုက်ပွဲ/စစ်ပွဲများဒုတိယကမ္ဘာစစ်ပစိဖိတ်စစ်ပွဲ
တရုတ်အမည်
ရိုးရာ တရုတ်李登輝
ရိုးရှင်းသော တရုတ်李登辉
ဂျပန်အမည်
Kanji岩里政男
Kanaいわさと まさお

လီတိန်းဟွေး (အင်္ဂလိပ်: Lee Teng-huiတရုတ်: 李登輝) သည် ထိုင်ဝမ်လူမျိုး စီးပွားရေးပညာရှင်တစ်ဦးဖြစ်ပြီး တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်) ၏ သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ပထမဆုံးထိုင်ဝမ်ပြည်ဖွား သမ္မတလည်းဖြစ်သကဲ့သို့ နောက်ဆုံးအကြိမ် သွယ်ဝိုက်ရွေးချယ်တင်မြောက်ခံရရုံသာမက ပထမဆုံးအကြိမ် တိုက်ရိုက်ရွေးချယ်တင်မြောက်ခံခဲ့ရသော သမ္မတလည်းဖြစ်သည်။ သူ၏သမ္မတသက်တမ်းအတွင်း စစ်အုပ်ချုပ်ရေးအဆုံးသတ်ရေးနှင့် တရုတ်သမ္မတနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတို့ကို ဆောင်ရွက်ခဲ့ရာ အနောက်တိုင်းမီဒီယာများက သူ့အား "မစ္စတာဒီမိုကရေစီ" ဟူ၍ပင်ခေါ်ဆိုကြသည်။

ရာထူးမှဆင်းပြီးနောက် ထိုင်ဝမ်နိုင်ငံရေးတွင် ဆက်လက်လှုပ်ရှားခဲ့သည်။ သူ့အား လွတ်လပ်ရေးလိုလားသော ထိုင်ဝမ်သွေးစည်းညီညွတ်ရေးသမဂ္ဂ (TSU) ၏ "လမ်းပြခေါင်းဆောင်" အဖြစ် သတ်မှတ်ကြသည်။[၁] သူသည်အဆိုပါသမဂ္ဂအတွက် စည်းရုံးရေးများလုပ်ဆောင်ခဲ့သောကြောင့်ဖြစ်သည်။[၂] သူသည် ၂၀၀၁ ထိုင်ဝမ်နိုင်ငံ လွှတ်တော်ရွေးကောက်ပွဲတွင် TSU ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်စည်းရုံးခဲ့ရာမှ ကိုမင်တန်ပါတီမှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။ ထို့အပြင် ယခင်ထိုင်ဝမ်သမ္မတဟောင်း ချင်ရွှေဗြန်းနှင့်သာမက ဂျပန်နိုင်ငံနှင့် နီးကပ်သည့် ဆက်ဆံရေးလည်းရှိခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]