လခြမ်းရပ်ဝန်းဒေသ

ဝီကီပီးဒီးယား မှ
လခြမ်းရပ်ဝန်းဒေသ မြေပုံ

လခြမ်းရပ်ဝန်းဒေသသည် အရှေ့အလယ်ပိုင်းဒေသရှိ လခြမ်းပုံစံရှိသော နယ်မြေတခုဖြစ်ပြီး ယနေ့ခေတ် အီရတ်နိုင်ငံအစ္စရေးနိုင်ငံဂျော်ဒန်နိုင်ငံလက်ဘနွန်နိုင်ငံပါလက်စတိုင်းနိုင်ငံဆီးရီးယားနိုင်ငံ၊ မြောက်ပိုင်း ကူဝိတ်နိုင်ငံ၊ အရှ့တောင်ပိုင်း တူရကီနိုင်ငံနှင့် အနောက်ပိုင်း အီရန်နိုင်ငံအထိ နယ်နမိတ် ကျယ်ပြန့်သည်။[၁][၂] အချို့ စာရေးဆရာများက ဆိုက်ပရပ်စ်နိုင်ငံနှင့် မြောက်ပိုင်း အီဂျစ်နိုင်ငံလည်း ပါဝင်သည်ဟုဆိုကြသည်။[၃][၄]

လခြမ်းရပ်ဝန်းဒေသသည် သဘာဝအတိုင်းပေါက်ရောက်သော သီးနှံပင်များကို ယနေ့ခေတ်စားသုံးကြသော သီးနှံပင်များအဖြစ် အသွင်ပြောင်း စိုက်ပျိုးခဲ့သော ပထမဆုံးဒေသတခုအဖြစ် လူသိများသည်။ အစောပိုင်း လူ့ယဉ်ကျေးမှု အဖွဲ့အစည်းများဖြစ်ကြသော ဆူမားရီးယန်းမက်ဆိုပိုတေးမီးယားတို့သည် ရလဒ်အဖြစ် ထွန်းကားလာခဲ့သည်။[၅] နည်းပညာရပ်ဆိုင်ရာ ထွန်းကားမှုအဖြစ် စိုက်ပျိုးမွေးမြူရေးရှိ ဆည်မြောင်းဖောက်လုပ်ခြင်းစာရေးခြင်းဘီးများ အသုံးပြုခြင်း၊ ဖန် ပြုလုပ်ခြင်း စသည်တို့သည် မက်ဆိုပိုတေးမီးယားတွင် စတင်ထွန်းကားခဲ့သည်။

တည်နေရာနှင့် အကျယ်အဝန်း[ပြင်ဆင်ရန်]

အနောက်အာရှသမိုင်းတွင် ထင်ရှားသည့် လခြမ်းရပ်ဝန်း ဒေသသည် အနောက်ဘက်ဆုံး မြေထဲပင်လယ်ကမ်းစပ်မှစတင်ကာ ဆော်ဒီအာရေဗျနိုင်ငံမြောက်ပိုင်းကို ဗဟိုပြု၍ အရှေ့ဘက်စွန်းအဖြစ် ပါရှန်ပင်လယ်ကွေ့မြောက်တစ်လျှောက် နေရာယူကာ တောင်ဘက်ကိုမျက်နှာမူပြီး မြောက်ဘက်ကိုကျောပေး၍ ခပ်ကိုင်းကိုင်း သဏ္ဍန်တည်ရှိသည်။ အနောက်ဘက်အစွန်းသည် ပါလက်စတိုင်း ဒေသဖြစ်ပြီး အလယ်ပိုင်းဒေသသည် ရှေးခေတ် အာဆီးရီးယားနိုင်ငံအတွင်း ပါဝင်ကာ အရှေ့ဘက်ဒေသတစ်ခုလုံးနီးပါးသည် ယူဖရေးတီး နှင့် တိုက်ဂရစ် မြစ်နှစ်သွယ် ကြားရှိ ရှီးနားလွင်ပြင်တို့ ဖြစ်ကြသည်။ ထိုဒေသ၏ မြောက်ဘက်တွင် တောင်တန်းများတည်ရှိပြီး တောင်ဘက်အရပ်တွင် မိုင်ပေါင်း၅၀၀ကျော် ရှည်လျားသည့် သဲကန္တာရကြီး ရှိပေသည်။

ရာသီဥတု[ပြင်ဆင်ရန်]

သဲကန္တာရနှင့် ထိစပ်နေသော တောင်ဘက်စွန်းဒေသတွင် မိုးအနည်းငယ်ရွာလေ့ရှိသောကြောင့် တစ်နှစ်တာကာလ၏ အချိန်ပိုင်းအနည်းငယ်မျှတွင် မြက်ခင်းများဖြင့် စိမ်းစိုလာတတ်သည်။ ထိုမြက်ခင်းဒေသလေးကပင် ကန္တာရအတွင်း ခြေသလုံးအိမ်တိုင် လှည့်လည်နေသည့် ဆိတ်ကျောင်းသား၊ သိုးကျောင်းသားများက မွေးမြူရေးအလို့ငှာ လိုလားကြသည်။ ထို့အတူ မြေဩဇာကောင်းသည့်အတွက် မြောက်ပိုင်းတောင်ပေါ်သားများကလည်း လိုချင်မျက်စိရှိကြပြန်သည်။ (အမှန်စင်စစ် အနောက်အာရှသမိုင်း ဆိုသည်မှာ အဆိုပါ မြေဩဇာကောင်းသည့် လခြမ်းရပ်ဝန်းအား အပြန်အလှန် သိမ်းပိုက်ကြသည့် စစ်ပွဲများအကြောင်းသာဖြစ်သည်။)

သမိုင်း[ပြင်ဆင်ရန်]

သမိုင်းတစ်လျှောက်တွင် လခြမ်းရပ်ဝန်းဒေသအား အုပ်စိုးကြသူများသည် အင်အားကောင်းသောအရှင်သခင် အဖြစ်ကိုပါ ရယူနိုင်ကြသည်ကို တွေ့ရသည်။ စင်စစ် မြေဩဇာကောင်းသည့် ဒေသတွင် အခြေချနိုင်ခြင်းကြောင့် ကျန် လူမျိုးစုများထက် တစ်ပန်းသာသည့် အခြေအနေကောင်းကို ပိုင်ဆိုင်နိုင်ခြင်းကြောင့် ဖြစ်ပေသည်။ ထိုသို့ လခြမ်းရပ်ဝန်းကို အမှီပြုကာ အနောက်အာရှတွင် ခေတ်အဆက်ထူထောင်ခြင်းဖြင့် ယဉ်ကျေးမှုများ၊ ဘာသာစကား စသည်ဖြင့် အဆင့်ဆင့်၊ အပြန်အလှန် ကူးသန်းခဲ့ကြသည်ကို တွေ့ရသည်.

ကိုးကား[ပြင်ဆင်ရန်]

  1. Haviland၊ William A.; Prins၊ Harald E. L.; Walrath၊ Dana; McBride၊ Bunny (13 January 2013)။ The Essence of Anthropology (3rd ed.)။ Belmont, California: Cengage Learning။ p. 104။ ISBN 978-1111833442
  2. Ancient Mesopotamia/India။ Culver City, California: Social Studies School Service။ 2003။ p. 4။ ISBN 978-1560041665
  3. Countries in the Fertile Crescent 2024
  4. North Africa & the Middle East: Regional Example – The Fertile Crescent
  5. The Editors of Encyclopaedia Britannica ။ "Fertile Crescent"Encyclopædia Britannica။ Cambridge University Press28 January 2018 တွင် ပြန်စစ်ပြီး