ရှောင်လင်ကျောင်းတော်

ဝီကီပီးဒီးယား မှ
ရှောင်လင်ကျောင်းတော်ပင်မမုခ်ဦးအဝင်ပုံ

ရှောင်လင်ကျောင်းတော် (သို့မဟုတ်) ရှောင်လင်ဘုရားကျောင်း ( တရုတ်: 少林寺 ; ပင်ယင်း : Shàolínsi )သည် ယခု တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဟန်နန် ပြည်နယ် ဆောန်ရှန်း တောင်တန်း (Song Shan)ပေါ်တွင် တည်ရှိသော ဘုန်းကြီးကျောင်း တစ်ခုဖြစ်သည်။ ရှောင်လင်ကျောင်းတော်ကို ဧကရာဇ်ရှောင်ဝမ် (孝文帝) က အေဒီ ၄၇၇ တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပထမဦးဆုံးသော ကျောင်းထိုင်ဘုန်းကြီးမှာ ဗုဒ္ဓသာသနာတော် ပြန့်ပွားရေးအတွက် အေဒီ ၄၆၄ တွင် တရုတ်ပြည်သို့ ရောက်ရှိခဲ့သော အိန္ဒိယလူမျိုး တရားပြဆရာတော် ဘတ်တူ (Batuo) ( ဖော့တူ(Fotuo) သို့မဟုတ် ဘဒ္ဒရာ (Bhadra - the Chinese transposition of Buddha)) ဖြစ်လေသည်။ တရုတ်ကိုယ်ခံပညာနှင့် အထူးသဖြင့် ရှောင်လင်ကွန်ဖူးနှင့် တွဲဖက်၍ နှစ်ရှည်လများ ထင်ရှားခဲ့သည်။ အနောက်ကမ္ဘာတွင် နာမည်ကျော်ကြား လူသိအများဆုံး မဟာယာနဗုဒ္ဓဘာသာ ကျောင်းတော်တစ်ခုဟုပင်ဆိုနိုင်သည်။

ဆရာတော် ဗောဓိဓမ္မ ( Around 500 A.D) သည် တရုတ်ပြည်တွင် ချန် ဗုဒ္ဓဘာသာကို စတင်တည်ထောင်ခဲ့သည်။ ဆရာတော် ဗောဓိဓမ္မ (Father of Zen Buddhism )သည် ဗုဒ္ဓသာသနာတော် ပြန့်ပွားရေးအတွက် (5th/6th century) တွင် တရုတ်ပြည်ရှောင်လင်ဘုရားကျောင်းသို့ ရောက်ရှိခဲ့သော အိန္ဒိယလူမျိုး တရားပြဆရာတော်ဖြစ်သည်။ မဟာယာန ဇင်ဗုဒ္ဓဘာသာ တွင် ကမ္ဘာတွင် နာမည်ကျော်ကြား လူသိအများဆုံးဆရာတော် ဖြစ်သည်။ ဆရာတော် ဗောဓိဓမ္မ ၏ ဘခမည်းတော်သည် အိန္ဒိယနိုင်ငံ Kanchipuram Pallava ၏ ဘုရင်Tamil Pallava ဖြစ်သည်။[၁] တရုတ်ပြည်ရှောင်လင်ဘုရားကျောင်းသို့ ရောက်ရှိခဲ့ပြီးရှောင်လင် ကိုယ်ခံပညာ နှင့် ချန်ဗုဒ္ဓဘာသာ ကို စံနစ်တကျ သင်ကြားလေ့ကျင့်ပေးခဲ့သည်။ ကိုယ်ခံပညာ သမိုင်းတွင် ဩဇာအကြီးမားဆုံးသော သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ [၂][၃][၄][၃] တရုတ်ပြည်ရှောင်လင်ဘုရားကျောင်း မှ လာသော ချန်( 禪 ) ဗုဒ္ဓဘာသာ အယူအဆများပေါ်တွင် မူတည်၍ ဂျပန်တို့သည် ဇင်(ဈာန်) (禪) ဗုဒ္ဓဘာသာအဖြစ်ပြောင်းလဲလာခြင်းပင် ဖြစ်သည်။ တရုတ်ပြည်တွင်ဆရာတော် ဗောဓိဓမ္မ ကို ( 達摩 Bodhidharma)၊ ချန်ဗုဒ္ဓဘာသာ( Chán Buddhism) နှင့် ရှောင်လင်၊ ကွန်ဖူးကိုယ်ခံပညာတို့ ၏ ရှေ့ဆောင်ဦးစီးဦးကိုင်တည်ထောင်သူအဖြစ် ဖော်ပြကြသည်။ ဂျပန်ပြည်တွင်ဆရာတော်ဗောဓိဓမ္မ ကို 達磨 Daruma) ၊ ဇင်ဗုဒ္ဓဘာသာ(Zen Buddhism) နှင့် ဂျပန် ကရာတေး ကိုယ်ခံပညာတို့၏ရှေ့ဆောင်ဦးစီးဦးကိုင်တည်ထောင်သူအဖြစ် ဖော်ပြကြသည်။ [၅]


နာမည်[ပြင်ဆင်ရန်]

ရှောင်လင် (少林) ဟူသောဝေါဟာရတွင် ရှောင်(少) မှာ ဆောန်ရှန်း တောင်တန်း(嵩山) ပေါ်ရှိ ရှောင်ရှိတောင်(少室山) ကိုကိုယ်စားပြု ၍ လင်(林) ၏အဓိပါယ်မှာ တောအုပ် ဖြစ်သည်။ အတိအကျအားဖြင်.ဆိုသော် ရှောင်လင် ဆိုသည်မှာ ရှောင်ရှိတောင်ရှိတောအုပ်များထဲမှ ကျောင်းတော် ဟု အဓိပ္ပာယ်ရသည်။

ရည်ညွှန်းချက်များ[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]