ရှိရခဝရွာ၊ ဂိဖု

ဝီကီပီးဒီးယား မှ
ရှိရခဝရွာ
白川村
Village
Shirakawa Village Hall
Shirakawa Village Hall
ရှိရခဝရွာ၏ အလံတော်
အလံတော်
ရှိရခဝရွာ၏ တံဆိပ်တုံး
စည်းတံဆိပ်
Location of Shirakawa in Gifu Prefecture
Location of Shirakawa in Gifu Prefecture
ရှိရခဝရွာ သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
ရှိရခဝရွာ
ရှိရခဝရွာ
 
ကိုဩဒိနိတ်: 36°16′15.4″N 136°53′54.8″E / 36.270944°N 136.898556°E / 36.270944; 136.898556ကိုဩဒိနိတ်: 36°16′15.4″N 136°53′54.8″E / 36.270944°N 136.898556°E / 36.270944; 136.898556
CountryJapan
RegionChūbu
PrefectureGifu
DistrictŌno
အစိုးရ
 • MayorShigeru Narihara
ဧရိယာ
 • စုစုပေါင်း၃၅၆.၆၄ စတုရန်းကီလိုမီတာ (၁၃၇.၇၀ စတုရန်းမိုင်)
လူဦးရေ (January 1, 2019)
 • စုစုပေါင်း၁၆၃၀
 • သိပ်သည်းမှု၄.၆/km (၁၂/sq mi)
အချိန်ဇုန်Japan Standard Time (UTC+9)
City symbols 
- TreeSiebold's beech
- FlowerRhododendron
Phone number05769-6-1311
Address517 Hatogaya, Shirakawa-mura, Ōno-gun, Gifu-ken501-5692
ဝက်ဘ်ဆိုဒ်တရားဝင် ဝက်ဘ်ဆိုဒ် (in ဂျပန်)
Gasshō-zukuri - traditionally thatched houses in Shirakawa-go

ရှိရခဝရွာ သည် (白川村, Shirakawa-mura) ဂျပန်နိုင်ငံ၊ ဂိဖုစီရင်စု၊ အိုးနိုခရိုင်တွင် တည်ရှိသည့် ရွာတစ်ရွာ ဖြစ်သည်။ ရှိရခဝဂိုး၏ သမိုင်းဝင်ရွာတစ်ရွာ ဖြစ်သည်။ ရွာငယ်လေးတစ်ရွာဖြစ်ပြီး ရိုးရာအတိုင်းတည်ရှိနေသည့် ကျေးရွာရှိ အိမ်များသည် ဂက်ရှောဇုခုရိ ဟု သိကြသည့် ပုံစံဖြင့် တည်ဆောက်ထားသည်။ တိုယာမစီရင်စုရှိ ဂိုခယာမရွာနှင့်အတူပင် ဤရွာသည့်လည်း ယူနက်စကိုကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါဝင်သည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့၌ ကျေးရွာရှိ ခန့်မှန်းလူဦးရေသည် ၁၆၃၀ ဦးရှိပြီး အိမ်ထောင်စု ၅၈၈ စု ရှိသည်။ လူဦးရေသိပ်သည်းဆသည် တစ်စတုရန်းကီလိုမီတာလျှင် ၄.၆ ဦး ဖြစ်သည်။ ကျေးရွာ၏ စုစုပေါင်းဧရိယာသည် ၃၅၆.၅၅ စတုရန်းကီလိုမီတာ (၁၃၇.၆၆ စတုရန်းမိုင်) ဖြစ်သည်။

ပထဝီသွင်ပြင်[ပြင်ဆင်ရန်]

ရှိရခဝရွာသည် တောင်ပေါ်ရွာတစ်ရွာ ဖြစ်သည်။ ဂိဖုစီရင်စု၏ မြောက်ဘက်တွင် တည်ရှိသည်။ Ryōhaku တောင်တန်းများတွင်အိရှိခဝစီရင်စုနှင့် တိုယာမစီရင်စုတို့နှင့် နယ်နိမိတ်ချင်း ဆက်စပ်နေသည်။ ဟခုဆန်တောင်၏ အမြင့်ဆုံးနေရာသည် ၂၁၇၂ မီတာ (၇၁၂၆ ပေ) ရှိသည်။ ကျေးရွာ၏ ဧရိယာ ၉၅.၇ ရာခိုင်နှုန်းသည် တောတောင်များ ဖြစ်ကြသည်။ ကျေးရွာ၏ နက်ရှိုင်းသည့်နေရာများသည် ထူးခြားသည်။ တောင်များအကြားမှ ရှောမြစ် (Shō ) သည် စီးဆင်းနေပြီး မြောက်ဘက်ရှိ တိုယာမစီရင်စု၊ နန်းတိုမြို့သို့ စီးဆင်းသည်။ လူအများစုသည် မြစ်၏ လွင်ပြင်တွင် နေထိုင်ကြသည်။ ဟိဒတူးမြောင်း ဖွင့်လှစ်ပြီးကတည်းက ရှိရခဝမှ တခယာမမြို့သို့ မိနစ် ၅၀ အတွင်းနှင့် တိုယာမရှိ နန်းတိုမြို့သို့ တစ်နာရီမျှသာ ကြာမြင့်သည်။ ဟိုးယခင်က တခယာမသို့ သွားလာရန် ကြာမြင့်ချိန်နှင့် နှိုင်းယှဉ်ပါက သုံးနာရီခန့်ပိုမိုမြန်ဆန်လာခြင်း ဖြစ်သည်။

အနီးအနားရှိ မြို့များ[ပြင်ဆင်ရန်]

ရာသီဥတု[ပြင်ဆင်ရန်]

ရှိရခဝရွာသည် စိုထိုင်းသည့် ရာသီဥတုရှိသည်။ ရာသီဥတုသည် လေးမျိုးလေးစား မတူကွဲပြားလျက်ရှိသည်။ ရှိရခဝကို ဂျပန်နိုင်ငံရှိ နှင်းအထူထပ်ဆုံးသော နေရာအဖြစ် သတ်မှတ်ထားကြသည်။ နှစ်စဉ် ပျှမ်းမျှနှင်းကျသည့်ပမာဏသည် ၁၀ မီတာ (၄၁၅.၄ လက်မ) ရှိသည်။ နှင်းများသည် ဆက်တိုက်ဆိုသလိုပင် များပြားစွာကျဆင်းသည့်အတွက်ကြောင့် ထူထပ်သည့်အမိုးများဖြင့် တည်ဆောက်ထားသည့် အိမ်ဖြစ်သည့် gasshō-zukuri (合掌造り) အိမ်များကို တည်ဆောက်ကြရသည်။ ဟခုဆန်အမျိုးသားဥယျဉ်တောင်တန်းသည် ရှိရခဝရွာ၏ နောက်ခံအနေဖြင့် တည်ရှိနေပြီး ထိုနေရာများသည် ခရီးသွားများအား အဓိကဆွဲဆောင်ရာ နေရာဖြစ်သည်။

Shirakawa, Japan (1981–2010) အတွက် ရာသီဥတု အချက်အလက်များ
ဇန်နဝါရီ ဖေဖော်ဝါရီ မတ် ဧပြီ မေ ဇွန် ဇူလိုင် ဩဂုတ် စက်တင်ဘာ အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာ နှစ်
ပျမ်းမျှ အမြင့်ဆုံး အပူချိန် °C (°F) 2.9
(37.2)
3.5
(38.3)
7.8
(46)
15.6
(60.1)
21.4
(70.5)
24.7
(76.5)
27.9
(82.2)
29.6
(85.3)
24.8
(76.6)
18.9
(66)
12.7
(54.9)
6.0
(42.8)
16.3
(61.3)
နေ့စဉ် ပျမ်းမျှ °C (°F) −1.1
(30)
−0.9
(30.4)
2.2
(36)
8.8
(47.8)
14.6
(58.3)
18.7
(65.7)
22.4
(72.3)
23.5
(74.3)
19.1
(66.4)
12.7
(54.9)
6.8
(44.2)
1.6
(34.9)
10.7
(51.3)
ပျမ်းမျှ အနိမ့်ဆုံး အပူချိန် °C (°F) −4.7
(23.5)
−5.2
(22.6)
−2.5
(27.5)
2.7
(36.9)
8.3
(46.9)
13.8
(56.8)
18.1
(64.6)
19.0
(66.2)
15.0
(59)
8.2
(46.8)
2.3
(36.1)
−2.0
(28.4)
6.1
(43)
ပျမ်းမျှ ရွာကျခြင်း mm (inches) 275.1
(10.831)
213.3
(8.398)
195.0
(7.677)
143.1
(5.634)
139.9
(5.508)
203.5
(8.012)
280.4
(11.039)
165.1
(6.5)
223.1
(8.783)
148.3
(5.839)
200.5
(7.894)
249.8
(9.835)
၂၄၃၇.၁
(၉၅.၉၅)
ပျမ်းမျှ ဆီးနှင်းကျဆင်းမှု cm (inches) 356
(140.2)
271
(106.7)
162
(63.8)
23
(9.1)
1
(0.4)
0
(0)
0
(0)
0
(0)
0
(0)
0
(0)
23
(9.1)
212
(83.5)
၁၀၅၅
(၄၁၅.၄)
Mean monthly sunshine hours 54.7 76.2 116.0 163.3 177.8 145.6 148.3 171.6 118.0 112.9 83.4 61.6 ၁၄၂၆.၇
Source: Japan Meteorological Agency[၁]

လူမှုပထဝီဝင်[ပြင်ဆင်ရန်]

ဂျပန်နိုင်ငံရှိ လူဦးရေအချက်အလက်အရ ရှိရာခဝသည် လွန်ခဲ့သည့် နှစ် ၄၀ ကျော်မှစ၍ လူဦးရေကျဆင်းလာသည်။[၂]

Census Year Population
1970 2,525
1980 2,132
1990 1,892
2000 2,151
2010 1,733
2020 1,630

သမိုင်း[ပြင်ဆင်ရန်]

ရှိရခဝရွာ၏ ဧရိယာပတ်လည်သည် မူလဟိဒနယ်မြေ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ မဲဂျိခေတ်ကြိုပြုပြင်မှုများပြုလုပ်စဉ်ကာလအတွင်း၌ ထိုဧရိယာကို ဂိဖုစီရင်စု၊ အိုးနိုခရိုင်အတွင်းသို့ ထည့်သွင်းခဲ့သည်။ ရှိရခဝရွာအဖြစ် ၁၉၈၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် မြို့ပြတည်ဆောက်မှုစနစ်နှင့်အတူ စတင်ဖြစ်ပေါ်လာခဲ့သည်။

စီးပွားရေး[ပြင်ဆင်ရန်]

ဒေသစီးပွားရေးသည် ရာသီအလိုက်ခရီးသွားလုပ်ငန်းအပေါ်တွင် များစွာမှီခိုလျက်ရှိသည်။ ဂက်ရှော-ဇုခုရိရွာများကို ကြည့်ရှုရန် လာရောက်လည်ပတ်ကြသည့် ခရီးသွားများထံမှ ရရှိသည့် ဝင်ငွေများကြောင့် ကျေးရွာ၏ ငွေရေးကြေးရေးအခြေအနေသည် ကြီးမားစွာတိုးတက်လာခဲ့သည်။ ကျေးရွာသည် UNESCO နေရာတစ်ခုဖြစ်လာသည့်အခါတွင် ခရီးသွားသူဦးရေသည် ပိုမို၍ပင် များပြားလာခဲ့သည်။ သို့သော်လည်း ခရီးသွားများပြားလာမှု၏ ရလဒ်နေဖြင့် ထိုဒေသဧရိယာတွင် ညစ်ညမ်းမှုများ ဖြစ်ပေါ်လာခဲ့သည်။ ဒေသခံများ၏ နေအိမ်များသည်လည်း အဆောင်များအဖြစ်သို့ ပြောင်းလဲသွားခြင်း၊ လက်ဆောင်ပစ္စည်းဆိုင်များနှင့် ကားပါကင်နေရာများ စသည်တို့လည်း ဖြစ်ပေါ်လာခဲ့ပြီး ၎င်းတို့သည် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဟူသည့် ဂုဏ်ပုဒ်ကို ခြိမ်းခြောက်လျက်ရှိသည်။ ထို့အပြင် ဒေသ၏ ရိုးသားသည့် ကျွေးမွေးပြုစုတတ်သည့် အစဉ်အလာနှင့် ဂျပန်တို့၏ အခြေခံနေထိုင်မှုပုံစံများကိုလည်း ခြိမ်းခြောက်လျက်ရှိသည်။

ပညာရေး[ပြင်ဆင်ရန်]

ရှိရခဝသည် မူလတန်းနှင့်အလယ်တန်းကျောင်းကို ပေါင်းထားသည့် ကျောင်းတစ်ကျောင်းတည်ရှိကာ ကျေးရွာအုပ်ချုပ်ရေးအပိုင်းက စီမံခန့်ခွဲလျက်ရှိသည်။ အထက်တန်းကျောင်းမှာမူ မရှိပေ။

ပို့ဆောင်ဆက်သွယ်ရေး[ပြင်ဆင်ရန်]

ရထားလမ်း[ပြင်ဆင်ရန်]

  • ရှိရခဝရွာတွင် ခရီးသွားများအတွက် ရထားဝန်ဆောင်မှု မရှိပေ။

ကားလမ်း[ပြင်ဆင်ရန်]

ညီအစ်မမြို့များ[ပြင်ဆင်ရန်]

  • အယ်ဘာရိုဘယ်လို၊ အပူလီယာ၊ အီတလီနိုင်ငံ - ၃ မတ်လ ၂၀၀၅ ကတည်းက။

ဒေသရှိ အထင်ကရနေရာများ[ပြင်ဆင်ရန်]

  • ယူနက်စကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင်နယ်မြေအဖြစ် ပုံစံပြောင်းထားသည့် ရှိရခဝဂိုးနှင့် ဂိုခယာမ စသည့် သမိုင်းဝင်ကျေးရွာများ
    • ဝခဲဒအိမ် - ဒေသ၌ အကြီးဆုံးသော ဂက်ရှော - ဇုခုရိ
  • ရှိရခဝဂိုးဟိရဆဲရေပူစမ်း (နိုင်ငံတော်၏ ပြုပြင်ထူထောင်ရေးရေပူစမ်းအဖြစ် ပြောင်းလဲပြုပြင်ထားသည်)
  • မိဘိုရိုတမံ၊ မိဘိုရိုကန်
  • ဟိဒတူးမြောင်း
  • ဟခုဆန်းရင်းဒိုး (တောင်တက်လမ်း)
  • အမအုတောင်တက်လမ်း (天生峠, Amau tōge), သစ်ရွက်များ၏ အရောင်များကြောင့် ကျော်ကြားသည်။ မိနစ် ၃၀ ခြေဖြင့် သွားပါက ခိုးဆိုးစိမ့်မြေဒေသ ရှိသည်။ ထိုနေရာသည်လည်း ထင်ရှားသည်။
  • ရှိရခဝဟချိမန်ကျောင်းတော် - နှစ်စဉ် အောက်တိုဘာ ၁၄-၁၅ ရက်များတွင် ဒိုဘုရိုခုပွဲတော်ကို ကျင်းပကြသည်။ ဇိဂိုရိဇခဲဖြင့် ထင်ရှားသည်။

ရုပ်ပုံများ[ပြင်ဆင်ရန်]

ထင်ရှားမှုများ[ပြင်ဆင်ရန်]

ရောက်ရှိနိုင်မှု[ပြင်ဆင်ရန်]

  • Kaetsunō Bus

ကုမ္ပဏီမှ ပြေးဆွဲသည့် ရှင်းတခအိုခဘူတာမှ တခအိုခဘူတာ (တိုယာမ) အထိ ကမ္ဘာ့ယဉ်ကျေးမှုနယ်မြေဘတ်စကား ရှိသည်။

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]