ရော့ဒ် စတူးဝပ်

ဝီကီပီးဒီးယား မှ
ဆာ
ရော့ဒ် စတူးဝပ်
CBE
၁၉၇၆ နိုဝင်ဘာလ အော့စလိုမြို့ ၌ ဖျော်ဖြေတင်ဆက်နေသော စတူးဝပ်
ကိုယ်ရေး အချက်အလက်များ
အမည်ရင်းရော့ဒရစ် ဒေးဗစ် စတူးဝပ်
အခြားအမည်များ"Rod the Mod"
မွေးဖွား (1945-01-10) ၁၀ ဇန်နဝါရီ၊ ၁၉၄၅ (အသက် ၇၉)
အင်္ဂလန် လန်ဒန်မြို့, ဟိုင်းဂေးတ် ဆင်ခြေဖုံးအရပ်
ဂီတဟန်
  • ရော့ခ်
  • ပေါ့ပ်
  • blue-eyed soul
  • ဘလူးစ် ရော့ခ်
  • ဖို့ခ် ရော့ခ်
  • ဆော့ဖ် ရော့ခ်
အလုပ်အကိုင်
  • အဆိုတော်-တေးရေး
  • ဂီတပညာရှင်
  • တေးသီချင်း ထုတ်လုပ်သူ
တူရိယာအသံ
တက်ကြွသည့်နှစ်များ၁၉၆၁ – လက်ရှိ
တေးသံသွင်း ကုမ္ပဏီ
  • Mercury
  • Warner Bros.
  • J Records
  • Universal Music Group
  • Capitol
ပူးတွဲ ပါဝင်မှု
  • Faces
  • The Jeff Beck Group
  • Shotgun Express
  • Steampacket

ဆာ ရော့ဒရစ် ဒေးဗစ် စတျူးဝပ် (us အသံထွက်: စတူးဝပ်) (အင်္ဂလိပ်: Sir Roderick David Stewart) (မွေးဖွား : ၁၉၄၅-ဇန်နဝါရီ-၁၀[၁]) သည် ဗြိတိသျှလူမျိုး ရော့ခ်အဆိုတော် နှင့် တေးရေးသူတစ်ဦးဖြစ်သည်။ လန်ဒန်၌ မွေးဖွား ကြီးပြင်းလာခဲ့ပြီး စကော့ နှင့် အင်္ဂလိပ် မျိုးရိုးမှဆင်းသက်လာသည်။ စတူးဝပ်သည် ကမ္ဘာအနှံ့ တေးသီချင်းအချပ်ရေ သန်း(၁၂၀)ကျော်ရောင်းချရမှုကြောင့် တေးသီချင်း/အခွေ ရောင်းအားအကောင်းဆုံးအနုပညာရှင်များအနက် တစ်ဦးလည်းဖြစ်သည်။ [၂] ၎င်း၏တေးသီချင်းခွေ (၁၀)ခွေသည် ယူကေ တေးအယ်လ်ဘမ် ဇယား၌ အဆင့်(၁)ရရှိခဲ့ကာ ယူကေ အောင်မြင်သောတေးသီချင်းများ ဇယား ၌ပါဝင်ခဲ့သော သီချင်းအပုဒ်ရေ (၆၂)ပုဒ်မှ (၃၁)ပုဒ်သည် ထိပ်တန်းသီချင်း (၁၀)၌ ပါခဲ့ပြီး ထိုအထဲက ခြောက်ပုဒ်မှာ အဆင့်(၁)ရရှိခဲ့လေသည်။[၃] အမေရိကတွင်လည်း ၎င်း၏ သီချင်း (၁၆)ပုဒ်သည် ထိပ်တန်း(၁၀)ပုဒ်စာရင်းတွင် ပါရှိခဲ့ကာ လေးပုဒ်မှာ ဘီလ်ဘော့ဒ်ဇယား ရေပန်းစားသီချင်း (၁၀၀)တွင် ပါဝင်ခဲ့သည်။ ၂၀၁၆ ဘုရင်မကြီး၏မွေးနေ့ဂုဏ်ပြုမှုပွဲတွင် စတူးဝပ်အား ဂီတနှင့် အလှူအတန်းများဆောင်ရွက်ခဲ့မှုကြောင့် သူကောင်းပြုခြင်းခံရသည်။[၄]

၎င်း၏ထင်ရှားသော လည်ချောင်းသံ ရှတတဖြင့် စတူးဝပ်သည် ၁၉၆၀နှောင်းပိုင်းနှင့် ၁၉၇၀ အစောပိုင်း နှစ်များ၌ The Jeff Beck Group နှင့် Faces တီးဝိုင်းများနှင့် အတူ ထင်ပေါ်လာခဲ့သည်။ သို့သော် ၎င်း၏ ဂီတလုပ်ငန်းမှာ ၁၉၆၂မှ စတင်သည်ဟု ဆိုနိုင်သည်။ ထိုအချိန်တွင် စတူးဝပ်သည် ဘာဂျာ(တူရိယာ) တစ်လုံးဆွဲ၍ တီးမှုတ်ရင်း လမ်းသွားလမ်းလာများထံမှ ပိုက်ဆံတောင်းခံသည့် အလုပ်ကို လုပ်ကိုင်ခဲ့သည်။ ၁၉၆၃ အောက်တိုဘာတွင် The Dimensions သို့ ဘာဂျာမှုတ်သူ၊ အချိန်ပိုင်းအဆိုတော်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့၏ ။ ၁၉၆၄တွင် Long John Baldry နှင့် All Stars တီးဝိုင်သို့ ဝင်ရောက်ခဲ့သည်။ ဩဂုတ်လ၌ စတူးဝပ်သည် တစ်ကိုယ်တော်(သီဆိုသူ) စာချုပ်ကို ချုပ်ဆို၍ အောက်တိုဘာ၌ မင်္ဂလာနံနက်ခင်းပါ ကျောင်းသူလေးရေ (Good Morning Little Schoolgirl) ဆိုသည့် ပထမဆုံးသီချင်းကို ဖြန့်ချိခဲ့သည်။ အဖွဲ့လုပ်ငန်းနှင့်အတူတကွ တစ်ကိုယ်တော်လုပ်ငန်းကိုလည်း ဆက်လက်လုပ်ကိုင်ခဲ့ပြီး ၎င်း၏ ပထမဆုံးအခွေ မိုးကာအဟောင်းလေးက ယုံကြည်ကိုးစားလို့ရပါလိမ့်မယ် (An Old Raincoat Won't Ever Let You Down) သီချင်းကို၁၉၆၉ တွင်ဖြန့်ချိသည်။ ၎င်း၏ အစောပိုင်းအခွေများတွင် ရော့ခ်၊ ဖို့ခ်ရော့ခ်၊ ဆိုးလ်ဂီတများ ပေါင်းစပ်ပါဝင်ခဲ့သည်။[၅][၆]

၁၉၇၀ နောက်ဆုံးနှစ်များမှသည် ၁၉၉၀ နှစ်များဆီအထိ စတူးဝပ်၏ ဂီတဟန်သည် နယူးဝေ့ဗ်ပုံစံ၊ ဆော့ဖ်ရော့ခ်/middle-of-the-road ပုံစံအရည်အသွေးများ ပါရှိပြီး သက္ကရာဇ် (၂၀၀၀)နှစ်များတွင် ကြီးကျယ်သော အမေရိက သီချင်းစာအုပ် (Great American Songbook)ကို ဘာသာပြန်ထားသော အောင်မြင်သည့် တေးသီချင်းအယ်လ်ဘမ်များ ကို ထုတ်ဝေခဲ့သည်။ ၁၉၉၄၌ စတူးဝပ်သည် သမိုင်းတွင် အကြီးမားဆုံးဖြစ်သည့် ပထမဆုံး အခမဲ့ ရော့ခ်ဂီတပွဲကြီးတစ်ခုကို ဆောင်ရွက်ခဲ့သည်။ ထိုပွဲကို ရီယို ဒီ ဂျီးနေးရိုးမြို့၌ ကျင်းပခဲ့၍ လူ (၃.၅)သန်းရှေ့တွင် ဖျော်ဖြေတင်ဆက်ခဲ့သည်။[၇]

၂၀၀၈ ဘီလ်ဘော့ဒ် (မဂ္ဂဇင်း)က ဘီလ်ဘော့၏ သမိုင်းတစ်လျှောက် လူကြိုက်အများဆုံး အဆိုတော် (၁၀၀)တွင် အဆင့်(၁၇)ဖြင့် သတ်မှတ်ခဲ့သည်။[၈] ဂရမ်မီ နှင့် ဘရစ် ဆုရှင်တစ်ဦးဖြစ်ကာ Q မဂ္ဂဇင်း၏ ထိပ်တန်းအဆိုတော် (၁၀၀)တွင် အဆင့်(၃၃)အဖြစ်လည်းကောင်း[၉] ရိုးလင်းစတုန်း မဂ္ဂဇင်း၏ အကြီးကျယ်ဆုံးသောဆိုတော် (၁၀၀)တွင် အဆင့် (၅၉) အဖြစ်လည်းကောင်း မဲပေးရွေးချယ်ခံရသည်။ [၁၀] တစ်ကိုယ်တော် အနုပညာရှင်အဖြစ် ၁၉၉၄၌ ရော့ခ်အန်ရိုးလ်ဂုဏ်ပြုချီးမြှောက်မှု (Rock and Roll Hall of Fame)၊ ၂၀၀၆တွင် ယူကေဂီတ ဂုဏ်ပြုချီးမြှောက်မှု (UK Music Hall of Fame) စသည့် ဂုဏ်ပြုမှုများရရှိခဲ့သည်။ ၂၀၁၂ တွင် အမေရိက ရော့ခ်အန်ရိုးလ်ဂုဏ်ပြုချီးမြှောက်မှု (Rock and Roll Hall of Fame) သို့ ဒုတိယအကြိမ် Faces တီးဝိုင်းအဖွဲ့ဝင်အနေဖြင့် ထပ်မံချီးမြင့်ခြင်းခံခဲ့ရသည်။[၁၁][၁၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Walsh၊ John။ "The Saturday Profile: Rod Stewart, Rock Star: Do ya still think I'm sexy?"၊ The Independent၊ 23 October 2011။ 26 November 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 23 May 2019။ 
  2. "Rod Stewart's Lucky 13; Legendary Singer Gets Nominated for His 13th Grammy Award"၊ Business Wire၊ December 4, 2003။ 17 September 2019 တွင် ပြန်စစ်ပြီး 
  3. UK Top 40 Hit Database (Rod Stewart)။ Everyhit.com။ 12 October 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 September 2014 တွင် ပြန်စစ်ပြီး။
  4. London Gazette|issue=61608 |supp=y|page=B2|date=11 June 2016
  5. Eder, Bruce။ Truth: Review။ 1 May 2009 တွင် ပြန်စစ်ပြီး။
  6. Erlewine, Stephen ThomasFaces: Biography။ 1 May 2009 တွင် ပြန်စစ်ပြီး။
  7. BBC World Service – Witness, The Biggest Rock Concert EverBBC။ 7 March 2016 တွင် ပြန်စစ်ပြီး။
  8. "Billboard Hot 100 Chart 50th Anniversary"၊ Billboard။ 1 October 2010 တွင် ပြန်စစ်ပြီး။ Archived from the original on 29 September 2010။ 
  9. The Music That Changed The World Q Magazine – 3 Special Editions Jan, Feb, March 2004။ Rocklistmusic.co.uk။ 28 September 2014 တွင် ပြန်စစ်ပြီး။
  10. 100 Greatest Singers of All Time: Rod StewartRolling Stone (3 December 2010)။ 23 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 September 2014 တွင် ပြန်စစ်ပြီး။
  11. Rod Stewart: Inducted in 1994 – The Rock and Roll Hall of Fame and Museum။ Rockhall.com။ 28 September 2014 တွင် ပြန်စစ်ပြီး။
  12. Rod Stewart: 'I'll Definitely Make Myself Available' for a Faces ReunionRolling Stone (7 December 2011)။ 5 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 September 2014 တွင် ပြန်စစ်ပြီး။