ရစ်ချက် ဇော်ဂါ

ဝီကီပီးဒီးယား မှ

ဂျာမန်ဖခင်၊ ရုရှားမိခင် တို့ကနေ ရုရှားပြည် အဇာဘိုင်ဂျန်နယ်၊ ဘာကူမြို့မှာ ဖွားမြင်ခဲ့ပါတယ်။ ဂျာမနီပြည်မှာ ပညာသင်ကြား ခဲ့ပါတယ်။ ပထမကမ္ဘာစစ်မှာ ဂျာမန်စစ်တပ်မှာ စစ်မှုထမ်းခဲ့ပြီး စစ်ပြီးချိန်မှာ ကွန်မြူနစ်ဝါဒကို ယုံကြည်က်ခံလာခဲ့တယ်။ ရုရှားပြည်ကို လျှို့ဝှက်ကူးပြောင်းနေထိုင်ပြီး ဆိုဗီယက်နိုင်ငံသားတယောက် ဖြစ်လာခဲ့တယ်။ ဂျာမနီမှာ ဟစ်တလာရဲ့ နာဇီပါတီ အာဏာရလာတဲ့အခါ ပြည်တွင်းကို တိတ်တဆိတ် ပြန်ဝင်လာပြီး ဂျာမန်သတင်းစာဆရာတယောက် အသွင်ယူပြီး ဂျပန်ပြည်၊ တိုကျိုမြို့ကို ရောက်လာခဲ့တယ်။ တိုကျိုမှာ ဂျပန်ကွန်မြူနစ်တွေနဲ့ ချိတ်ဆက်မိပြီး ဆိုဗီယက်ရုရှားအတွက် သူလျှိုလုပ်ငန်းတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တယ်။ ရုရှားအရှေ့ဖျား ဆိုက်ဘီးရီးယားဒေသအပေါ် ဂျပန်တို့ရဲ့ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်၊ လှုပ်ရှားမှု တွေကို ထောက်လှမ်းဖော်ထုတ် သတင်းပို့ပေးနိုင်ခဲ့တယ်။ ဆိုဗီယက်ရုရှားကို နာဇီဂျာမနီက ကျူးကျော်တိုက်ခိုက်မယ့် နေ့ရက်အတိအကျကို အချိန်မီ သတင်းပေးပို့နိုင်ခဲ့ပေမယ့် ဆိုဗီယက်ခေါင်းဆောင် စတာလင်က လျစ်လျှူရှုခဲ့လို့ ရုရှားပြည်ဟာ စစ်အစမှာ မရှုမလှ အထိနာခဲ့ရတယ်။ ဂျပန်က ရုရှားကို မတိုက်တော့ဘဲ အမေရိကန်နဲ့သာ စစ်ပွဲဆင်နွှဲတော့မယ့် အဖိုးတန်သတင်းကို အချိန်မီ ပို့နိုင်ခဲ့လို့ ရုရှားအရှေ့ဖျား ဆိုက်ဘီးရီးယားဒေသက ဆိုဗီယက်အရန်တပ်မတော်တွေကို မော်စကိုမြို့တော် စစ်မျက်နှာဆီ ရွှေ့ပြောင်းနိုင်ခဲ့ပြီး ဆောင်းရာသီ တန်ပြန်ထိုးစစ်ဆင်နွှဲလို့ အမိရုရှားပြည်ကို ကယ်တင်နိုင်ခဲ့တယ်။ နောက်တော့ ဂျပန်ထောက်လှမ်းရေးရဲ့ အဖမ်းခံရပြီး သူလျှိုလုပ်မှုနဲ့ သေဒဏ်ပေးခံရတယ်လို့ ပြောကြသလို၊ ဆိုဗီယက်ရုရှားနဲ့ ဂျပန် အပေးအယူလုပ် လွတ်မြောက်ခဲ့တယ်လို့လည်း ကောလဟာလတွေ ထွက်ပေါ်ခဲ့တယ်။