မြန်မာအသင်း၏ အာရှအားကစားပြိုင်ပွဲရလဒ်

ဝီကီပီးဒီးယား မှ
အာရှအားကစားပြိုင်ပွဲ မှ မြန်မာနိုင်ငံ အသင်း
မြန်မာနိုင်ငံအလံ
IOC ကုဒ်MYA
NOCမြန်မာနိုင်ငံ အိုလံပစ်ကော်မတီ
ဆုတံဆိပ်များ
အဆင့် 24th
ရွှေ
၁၆
ငွေ
၃၁
ကြေး
၅၅
စုစုပေါင်း
၁၀၂
နွေရာသီ ပြိုင်ပွဲများ

မြန်မာနိုင်ငံသည် အာရှ အားကစားပြိုင်ပွဲများတွင် စတင်ကျင်းပခဲ့သည့် ၁၉၅၁ နယူးဒေလီပွဲတော်မှ စတင်၍ နှစ်စဉ်နီးပါး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၁၉၈၆ ဆိုးလ်ပွဲတော်ကိုမူ နိုင်ငံရေးအရ သပိတ်မှောက်သည့် အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေ။

မြန်မာနိုင်ငံသည် အာရှ အိုလံပစ်ကောင်စီ၏ အရှေ့တောင်အာရှအပိုင်းတွင် ပါဝင်သည်။မြန်မာသည် အာရှအိုလံပစ်ကောင်စီ၏ ယခင်အဖွဲ့ဖြစ်သော အာရှအားကစားအဖွဲ့ချုပ်၏ မူလ ၅နိုင်ငံတွင် ပါဝင်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၄၈ လန်ဒန်အိုလံပစ်အတွင်းတွင် အာရှတိုက်နိုင်ငံများအားလုံး ပါဝင်သည့် အားကစားပြိုင်ပွဲတစ်ခု ကျင်းပနိုင်ရန် အစပြုဆွေးနွေးခဲ့ကြသည်။ အိန္ဒိယနိုင်ငံက အာရှတိုက်မှ အမျိုးသားအိုလံပစ်ကော်မတီများ၏ ကိုယ်စားလှယ်များကို ဖိတ်ကြားကာ အာရှ ပြေးခုန်ပစ် အဖွဲ့ချုပ် တည်ထောင်နိုင်ရေး မူကြမ်းကို လန်ဒန်မြို့တွင် ဆွေးနွေးခဲ့ကြသည်။ ၁၉၄၉ခုနှစ် ဖေဖော်ဝါရီ ၁၂ရက်နေ့ ၁၃ရက်နေ့များတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ဖွဲ့စည်းခဲ့ကြပြီး အာရှအားကစားပြိုင်ပွဲကို စတင်ကျင်းပရန် စီစဉ်ခဲ့ကြသည်။ အားကစားပြိုင်ပွဲ၏ ပဋိဉာဉ် ကို အတည်ပြုခဲ့သော တိုင်းပြည်များမှာ အာဖဂန်နစ္စတန်မြန်မာအိန္ဒိယပါကစ္စတန်နှင့် ဖိလစ်ပိုင်တို့ ဖြစ်ကြသည်။ ထို့နောက် ၁၉၅၁ခုနှစ်တွင် ပထမဆုံးပွဲတော်ကို စတင်ကျင်းပခဲ့ရာ မြန်မာအားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

၁၉၈၆ခုနှစ်တွင် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့၌ ကျင်းပသော အားကစားပွဲအား တရုတ်နိုင်ငံမှလွဲ၍ ဆိုရှယ်လစ်နှင့် ကွန်မြူနစ်နိုင်ငံများက သပိတ်မှောက်ခဲ့ကြသည်။ ထိုနိုင်ငံများတွင် မြန်မာနိုင်ငံလည်း ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံသည် ၁၉၈၆ ဆိုးလ်ပွဲတော် မှလွဲ၍ ကျန်ပွဲတော်အားလုံးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[၁][၂][၃][၄]

အာရှ အိုလံပစ်ကောင်စီ၏ အဖွဲ့ဝင်[ပြင်ဆင်ရန်]

မြန်မာအိုလံပစ်ကော်မတီသည် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၏ အသိအမှတ်ပြုခြင်း ခံရသည့် အဖွဲ့ဝင်ဖြစ်သဖြင့် အာရှအိုလံပစ်ကောင်စီ၏ အရှေ့တောင်ပိုင်းဇုန်မှ အဖွဲ့ဝင်လည်းဖြစ်သည်။

အာရှ အိုလံပစ်ကောင်စီသည် အားကစားပြိုင်ပွဲကြီး (၅)ခုအား ကျင်းပလေ့ရှိသည်။ ၎င်းတို့မှာ အာရှ နွေရာသီ အားကစားပြိုင်ပွဲ (အာရှ အားကစားပြိုင်ပွဲ)၊ အာရှ ဆောင်းရာသီ အားကစားပြိုင်ပွဲ၊ အာရှ ရုံတွင်း အားကစားပြိုင်ပွဲ၊ အာရှ သဲသောင်ပြင် အားကစားပြိုင်ပွဲ၊ အာရှ လူငယ်အားကစားပြိုင်ပွဲ တို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံသည် ထိုပြိုင်ပွဲအားလုံးသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်။ မြန်မာနိုင်ငံသည် ​ဆောင်းရာသီပြိုင်ပွဲသို့ ဝင်​ရောက်ယှဉ်ပြိုင်ခြင်းမရှိ​ပေ။

အာရှအားကစားပြိုင်ပွဲ[ပြင်ဆင်ရန်]

[၅]

အကြိမ် ပွဲတော် ခုနှစ် အိမ်ရှင်နိုင်ငံ အဖွဲ့ဝင်အရေအတွက် ရွှေ ငွေ ကြေး စုစု​ပေါင်း အဆင့်
အုပ်ချုပ်သူ ကစားသမားအ​ရေအတွက် စုစု​ပေါင်
ကျား
၁၉၅၁ အာရှ အားကစားပြိုင်ပွဲ ၁၉၅၁  အိန္ဒိယ
၁၉၅၄ အာရှ အားကစားပြိုင်ပွဲ ၁၉၅၄  ဖိလစ်ပိုင်
၁၉၅၈ အာရှ အားကစားပြိုင်ပွဲ ၁၉၅၈  ဂျပန်
၁၉၆၂ အာရှ အားကစားပြိုင်ပွဲ ၁၉၆၂  အင်ဒိုနီးရှား ၁၀
၁၉၆၆ အာရှ အားကစားပြိုင်ပွဲ ၁၉၆၆  ထိုင်း ၁၂
၁၉၇၀ အာရှ အားကစားပြိုင်ပွဲ ၁၉၇၀  ထိုင်း ၁၂
၁၉၇၄ အာရှ အားကစားပြိုင်ပွဲ ၁၉၇၄  အီရန် ၁၄
၁၉၇၈ အာရှ အားကစားပြိုင်ပွဲ ၁၉၇၈  ထိုင်း ၁၆
၁၉၈၂ အာရှ အားကစားပြိုင်ပွဲ ၁၉၈၂  အိန္ဒိယ
၁၀ ၁၉၈၆ အာရှ အားကစားပြိုင်ပွဲ ၁၉၈၆  တောင်ကိုရီးယား
ဝင်​ရောက်ယှဉ်ပြိုင်ခြင်းမရှိ
၁၁ ၁၉၉၀ အာရှ အားကစားပြိုင်ပွဲ ၁၉၉၀  တရုတ် ၁၈ ၁၂ ၂၇ ၅၇ ၂၁
၁၂ ၁၉၉၄ အာရှ အားကစားပြိုင်ပွဲ ၁၉၉၄  ဂျပန် ၂၄ ၄၁ ၁၅ ၈၀ ၂၉
၁၃ ၁၉၉၈ အာရှ အားကစားပြိုင်ပွဲ ၁၉၉၈  ထိုင်း ၂၀ ၂၁ ၂၉ ၇၀ ၁၁ ၂၀
၁၄ ၂၀၀၂ အာရှ အားကစားပြိုင်ပွဲ ၂၀၀၂  တောင်ကိုရီးယား ၃၁ ၃၂ ၃၁ ၉၃ ၁၂ ၂၃
၁၅ ၂၀၀၆ အာရှ အားကစားပြိုင်ပွဲ ၂၀၀၆  ကာတာ ၄၆ ၂၆ ၁၄ ၈၆ ၁၁ ၂၇
၁၆ ၂၀၁၀ အာရှ အားကစားပြိုင်ပွဲ ၂၀၁၀  တရုတ် ၃၅ ၅၇ ၁၄ ၇၁ ၁၀ ၂၂
၁၇ ၂၀၁၄ အာရှ အားကစားပြိုင်ပွဲ ၂၀၁၄  တောင်ကိုရီးယား ၂၀
၁၈ ၂၀၁၈ အာရှ အားကစားပြိုင်ပွဲ ၂၀၁၈  အင်ဒိုနီးရှား ၃၅
၁၉ ၂၀၂၂ အာရှ အားကစားပြိုင်ပွဲ ၂၀၂၂  တရုတ် ကျင်းပရန်ရှိသည့်ပွဲ

အာရှရုံတွင်းအားကစားပြိုင်ပွဲ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အာရှ ရုံတွင်း အားကစားပြိုင်ပွဲ

မြန်မာနိုင်ငံသည် ၂၀၀၅၊ ၂၀၀၇၊ ၂၀၀၉ အာရှရုံတွင်း အားကစားပွဲတိုင်းကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ []၂၀၀၇ အာရှ ရုံတွင်း အားကစားပြိုင်ပွဲ|၂၀၀၇ မကာအိုပွဲတော်]] တွင်သာ ငွေတံဆိပ် (၂)ဆု ရရှိခဲ့သည်။

အကြိမ် ပွဲတော် ခုနှစ် အိမ်ရှင်နိုင်ငံ ရွှေ ငွေ ကြေး စုစုပေါင်း အဆင့်
၂၀၀၅ အာရှ ရုံတွင်း အားကစားပြိုင်ပွဲ ၂၀၀၅  ထိုင်း
၂၀၀၇ အာရှ ရုံတွင်း အားကစားပြိုင်ပွဲ ၂၀၀၇  မကာအို ၂၁
၂၀၀၉ အာရှ ရုံတွင်း အားကစားပြိုင်ပွဲ ၂၀၀၉  ဗီယက်နမ်
စုစုပေါင်း
၃၁

အာရှသဲသောင်ပြင်အားကစားပွဲ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံအသင်းသည် ၂၀၀၈ခုနှစ် ပထမအကြိမ် ပြိုင်ပွဲစ၍ သဲသောင်ပြင်အားကစားပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထိုပွဲတွင် ရွှေ(၂)ခုအပါအဝင် ဆုတံဆိပ် (၅)ခုကို ရရှိခဲ့ကာ အဆင့် (၉)တွင် ရပ်တည်ခဲ့သည်။

အကြိမ် ပွဲတော် ခုနှစ် အိမ်ရှင်နိုင်ငံ ရွှေ ငွေ ကြေး စုစုပေါင်း အဆင့်
၂၀၀၈ အာရှ သဲသောင်ပြင် အားကစားပြိုင်ပွဲ ၂၀၀၈  အင်ဒိုနီးရှား
၂၀၁၀ အာရှ သဲသောင်ပြင် အားကစားပြိုင်ပွဲ ၂၀၁၀  အိုမန် ၁၇
၂၀၁၂ အာရှ သဲသောင်ပြင် အားကစားပြိုင်ပွဲ ၂၀၁၂  တရုတ် ဝင်​ရောက်ယှဉ်ပြိုင်ခြင်းမရှိ
၂၀၁၄ အာရှ သဲသောင်ပြင် အားကစားပြိုင်ပွဲ ၂၀၁၄  ထိုင်း ၃၁
၂၀၁၆ အာရှ သဲသောင်ပြင် အားကစားပြိုင်ပွဲ ၂၀၁၆  ဗီယက်နမ် ၁၁ ၁၃
စုစုပေါင်း
၁၁ ၂၁ ၂၁

အာရှ ကိုယ်ခံပညာ အားကစားပြိုင်ပွဲ[ပြင်ဆင်ရန်]

၂၀၀၉ခုနှစ်တွင် ပထမဆုံးနှင့် နောက်ဆုံးအကြိမ်ကျင်းပသော အာရှ ကိုယ်ခံပညာ အားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ငွေတံဆိပ် (၁)ခု၊ ကြေးတံဆိပ် (၁)ခု၊ စုစုပေါင်းဆုတံဆိပ် (၂)ခု ရရှိခဲ့သည်။ ထိုပြိုင်ပွဲသည် အာရှရုံတွင်းအားကစားပြိုင်ပွဲနှင့် ဆက်လက်ပူးပေါင်း၍ အာရှ ရုံတွင်း - ကိုယ်ခံပညာ အားကစားပြိုင်ပွဲအဖြစ် ဆက်လက် ကျင်းပခဲ့သည်။

အာရှ လူငယ် အားကစားပြိုင်ပွဲ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံအသင်းသည် အာရှ လူငယ် အားကစားပြိုင်ပွဲသို့ အကြိမ်တိုင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ၂၀၀၉ပြိုင်ပွဲတွင် ကြေးတံဆိပ်တစ်ခု ရရှိခဲ့သည်။

အကြိမ် ပွဲတော် ခုနှစ် အိမ်ရှင်နိုင်ငံ ရွှေ ငွေ ကြေး စုစုပေါင်း အဆင့်
၂၀၀၉ အာရှ လူငယ် အားကစားပြိုင်ပွဲ ၂၀၀၉  စင်ကာပူ ၂၁
၂၀၁၃ အာရှ လူငယ် အားကစားပြိုင်ပွဲ ၂၀၁၃  တရုတ်
စုစု​ပေါင်း
၂၉

ကိုးကား[ပြင်ဆင်ရန်]

  1. The First Asian Games Championships will be held in March 1951 at New Delhi။ la84foundation.org. LA84 Foundation။
  2. Council – OCA History။ ocasia.org. Olympic Council of Asia။ 16 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  3. Achievements in International Sport Meets – Achievements so far received by the Myanmar Athletes From the Asian Games။ mosports.gov.mm. Minister of Sports (Myanmar Government)။ 5 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 February 2022 တွင် ပြန်စစ်ပြီး။
  4. Asian Games – Asian Games medal count။ ocasia.org. Olympic Council of Asia။ 1 February 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  5. အာရှအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မှုအခြေအနေ။ 16 January 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 February 2022 တွင် ပြန်စစ်ပြီး။