မြန်မာနိုင်ငံဆေးကောင်စီ

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံဆေးကောင်စီကို ၁၉၅၇ ခုနှစ်၊ မြန်မာနိုင်ငံတော် ဆေးဘက်ဆိုင်ရာအက်ဥပဒေ အရ စတင်ဖွဲ့စည်းခဲ့သည်။ [၁][၂] ၁၉၅၇ ခုနှစ်၊ မြန်မာနိုင်ငံတော် ဆေးဘက်ဆိုင်ရာအက်ဥပဒေကို ရုပ်သိမ်းပြီးနောက် မြန်မာနိုင်ငံဆေးကောင်စီနှင့် အလုပ်အမှုဆောင်အဖွဲ့ကို ၂၀၁၅ ခုနှစ်၊ ဧပြီလ ၉ ရက်တွင် ပြဋ္ဌာန်းသည့် မြန်မာနိုင်ငံဆေးကောင်စီဥပဒေ အရ ဖွဲ့စည်းထားသည်။ [၃]

မြန်မာနိုင်ငံဆေးကောင်စီ
အတိုကောက်MMC
ဌာနချုပ်၁၂၃၊ နတ်မောက်လမ်းဗဟန်းမြိုနယ်
ဝက်ဘ်ဆိုဒ်https://www.myanmarmedicalcouncil.org.mm/


ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

နာယကအဖွဲ့[ပြင်ဆင်ရန်]

နာယကအဖွဲ့တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဝါရင့်အငြိမ်းစားဆေးပညာရှင်နှစ်ဦးဖြင့် ဖွဲ့စည်းထားပြီး ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းပေးသည်။ [၄]

ကောင်စီ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံဆေးကောင်စီကို နာယကအဖွဲ့က ဖွဲ့စည်းပြီး ၆၅ ဦးထက်မပိုသော အောက်ပါ ပုဂ္ဂိုလ်များ ပါဝင်သည်။ [၅] ကောင်စီ၏သက်တမ်းသည် စတင်ဖွဲ့စည်းသည့်နေ့မှစ၍ လေးနှစ် ဖြစ်သည်။ အခန်း ၃၊​ မြန်မာနိုင်ငံဆေးကောင်စီ ဖွဲ့စည်းခြင်း၊ ပုဒ်မ (၁၀) အပုဒ်ခွဲ (က)၊ မြန်မာနိုင်ငံဆေးကောင်စီဥပဒေ</ref>

  1. ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန
  2. ညွှန်ကြားရေးမှူးချုပ်၊ ကုသရေးဦးစီးဌာန
  3. ညွှန်ကြားရေးမှူးချုပ်၊ ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲ ရေးဦးစီးဌာန
  4. ညွှန်ကြားရေးမှူးချုပ်၊ ဆေးသုတေသနဦးစီးဌာန
  5. ညွှန်ကြားရေးမှူးချုပ်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန
  6. အဆင့်မြင့်အရာရှိကြီးတစ်ဦး၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)
  7. တစ်ဆယ်ဦးထက်မပိုသော ဆေးတက္ကသိုလ်ပါမောက္ခချုပ်များ
  8. မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်နှစ်ဦး
  9. မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်နှစ်ဦး
  10. ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူးများ
  11. ဆေးတက္ကသိုလ်များမှ ဥပဒေရေးရာဆေးပညာဌာန ဝါရင့်ပါမောက္ခဌာနမှူးတစ်ဦး
  12. ကောင်စီ၏လုပ်ငန်းများတွင် စိတ်ပါဝင်စား၍ အများပြည်သူ၏ ယုံကြည်လေးစားမှုကို ရရှိသော အငြိမ်းစားဆရာဝန်ကြီးခုနစ်ဦး
  13. ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မှတ်ပုံတင် ဆရာဝန်များက ရွေးချယ်တင်မြှောက်သော နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် မှတ်ပုံတင်ဆရာဝန်တစ်ဦးစီ
  14. အများပြည်သူက ယုံကြည်လေးစားသော ဆရာဝန်မဟုတ်သည့် ပုဂ္ဂိုလ်နှစ်ဦး

အလုပ်အမှုဆောင်အဖွဲ့[ပြင်ဆင်ရန်]

ကောင်စီဝင်များအနက်မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတို့ကို ရွေးချယ်ထားပြီးသော ကောင်စီဝင်များ၏ ဆန္ဒမဲဖြင့် ရွေးချယ်တင်မြှောက်သည်။ [၆] အလုပ်အမှုဆောင်အဖွဲ့ကို နာယကအဖွဲ့က ဖွဲ့စည်းပြီး အောက်ပါပုဂ္ဂိုလ်များ ပါဝင်သည်။ [၇]

  1. ကောင်စီဥက္ကဋ္ဌ
  2. ကောင်စီဒုတိယဥက္ကဋ္ဌ
  3. ကောင်စီဝင် (၁၀) ဦး
  4. ကောင်စီအတွင်းရေးမှူး
  5. ကောင်စီတွဲဖက်အတွင်းရေးမှူး
  6. ကောင်စီဘဏ္ဍာရေးမှူး

အလုပ်အမှုဆောင်အဖွဲ့ (၂၀၁၆-၂၀၂၀)[ပြင်ဆင်ရန်]

ဒေါက်တာမြင့်ထွေး၊​ ဝန်ကြီး၊​ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နာယက
ပါမောက္ခသိန်းညွန့် နာယက
ပါမောက္ခမောင်မောင်ဝင့် နာယက
ပါမောက္ခဆင်မြူရယ်ကျော်လှ ဥက္ကဋ္ဌ
ပါမောက္ခခင်မောင်အေး ဒုတိယဥက္ကဋ္ဌ
ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အဖွဲ့ဝင်
ညွှန်ကြားရေးမှူးချုပ်၊ ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲ ရေးဦးစီးဌာန အဖွဲ့ဝင်
အဆင့်မြင့်အရာရှိကြီး၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အဖွဲ့ဝင်
ပါမောက္ခချုပ်၊​ ဆေးတက္ကသိုလ် (၁) ရန်ကုန် အဖွဲ့ဝင်
ပါမောက္ခချုပ်၊​ ဆေးတက္ကသိုလ် (၂) ရန်ကုန် အဖွဲ့ဝင်
ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ အဖွဲ့ဝင်
ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆရာဝန်အသင်း အဖွဲ့ဝင်
ပါမောက္ခမြသိန်းဟန် အဖွဲ့ဝင်
ပါမောက္ခအေးမောင်ဟန် အဖွဲ့ဝင်
ပါမောက္ခရဲမြ အဖွဲ့ဝင်
ပါမောက္ခနေဝင်း အဖွဲ့ဝင်
ပါမောက္ခအေးအောင် အဖွဲ့ဝင်
ဒေါက်တာတင်ညွန့် ဘဏ္ဍာရေးမှူး
ပါမောက္ခကြူကြူသင်း အတွင်းရေးမှူး
ဒေါက်တာဝေမြင့် တွဲဖက်အတွင်းရေးမှူး

[၈]

အထူးဆေးကုသခွင့်လိုင်စင်[ပြင်ဆင်ရန်]

မြန်မာနိုင်ငံဆေးကောင်စီသည် မြန်မာနိုင်ငံသား ဆရာဝန်များအား အထူးဆေးကုသခွင့်လိုင်စင် (Specialist Licence) ၂၀၁၈ ခုနှစ်တွင် စတင်ထုတ်ပေးခဲ့သည်။ ယင်းလိုင်စင်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင် အထူးကုဆရာဝန်အဖြစ် ခန့်အပ်ခံရပြီးသူများ၊ ကာကွယ်ရေးဝန်ကြီးဌာန ဆေးဝန်ထမ်းတပ်ဖွဲ့တွင် ပါရဂူအဖြစ်ခန့်အပ်ခံရပြီးသူများ၊ ဆေးပညာမဟာသိပ္ပံဘွဲ့ရရှိပြီးနောက် သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများ၏ ကြီးကြပ်မှုအောက်တွင် အနည်းဆုံး၂ နှစ်တာဝန်ထမ်းဆောင်ပြီးကြောင်း အထောက်အထားပြနိုင်သောဆရာဝန်များကို ထုတ်ပေးသည်။ [၉]


COVID-19 ကပ်ရောဂါနှင့် လိုင်စင်သက်တမ်းကြေး ကင်းလွတ်ခွင့်ပြုခြင်း[ပြင်ဆင်ရန်]

မြန်မာနိုင်ငံဆေးကောင်စီသည် COVID-19 ရောဂါရှာဖွေကုသပေးရာတွင် ရှေ့တန်းမှ စွမ်းစွမ်းတမံ ကြိုးပန်းဆောင်ရွက်ပေးနေသော ဆရာဝန်များကို ဂုဏ်ပြုသည့်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဖွန်လ ၃၀ ရက်နေ့အတွင်း အထွေထွေဆေးကုသခွင့်လိုင်စင်နှင့် အထူးဆေးကုခွင့်လိုင်စင် သက်တမ်းကြေး ၁ နှစ်စာကို ကင်းလွတ်ခွင့်ပြုခဲ့သည်။ [၁၀]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁၉၅၇ ခုနှစ်၊ မြန်မာနိုင်ငံတော် ဆေးဘက်ဆိုင်ရာအက်ဥပဒေ
  2. https://www.myanmarmedicalcouncil.org.mm/
  3. မြန်မာနိုင်ငံဆေးကောင်စီဥပဒေ
  4. အခန်း ၃၊​ မြန်မာနိုင်ငံဆေးကောင်စီ ဖွဲ့စည်းခြင်း၊ ပုဒ်မ (၅)၊ မြန်မာနိုင်ငံဆေးကောင်စီဥပဒေ
  5. အခန်း ၃၊​ မြန်မာနိုင်ငံဆေးကောင်စီ ဖွဲ့စည်းခြင်း၊ ပုဒ်မ (၆) အပုဒ်ခွဲ (က)၊ မြန်မာနိုင်ငံဆေးကောင်စီဥပဒေ]
  6. အခန်း ၃၊​ မြန်မာနိုင်ငံဆေးကောင်စီ ဖွဲ့စည်းခြင်း၊ ပုဒ်မ (၇)၊ မြန်မာနိုင်ငံဆေးကောင်စီဥပဒေ
  7. အခန်း ၃၊​ မြန်မာနိုင်ငံဆေးကောင်စီ ဖွဲ့စည်းခြင်း၊ ပုဒ်မ (၈) အပုဒ်ခွဲ (က)၊ မြန်မာနိုင်ငံဆေးကောင်စီဥပဒေ
  8. Members of the Executive Committee (2016-2020), Myanmar Medical Council
  9. မြန်မာဆရာဝန်များအတွက် အထူးဆေးကုသခွင့်လိုင်စင် စတင်ထုတ်ပေးမည်၊ 7Day News[လင့်ခ်သေ]
  10. မြန်မာနိုင်ငံဆေးကောင်စီကြေညာချက်၊ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၁ ရက်[လင့်ခ်သေ]