မိုက်ပန့်စ်

ဝီကီပီးဒီးယား မှ
မိုက်ပန့်စ်
ပွဲဝင်ပုံစံဖြင့် မိုက်ပန့်စ် (၂၀၁၇)
၄၈ ဦးမြောက် အမေရိကန်ပြည်ထောင်စု၏ ဒုတိယသမ္မတ
တာဝန်သက်တမ်း
၂၀၁၇ ဇန်နဝါရီ ၂၀ – ၂၀၂၁ ဇန်နဝါရီ ၂၀
သမ္မတဒေါ်နယ်ထရမ့်
ယခင်လူဂျိုး ဘိုက်ဒန်
အိမ်ဖြူတော် ကိုရိုဗိုင်းရပ်စ် အထူးတာဝန်အဖွဲ့ ဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၀၂၀ ဖေဖော်ဝါရီ ၂၆
သမ္မတဒေါ်နယ်ထရမ့်
ယခင်လူAlex Azar
အင်ဒီယာနာ ပြည်နယ်အုပ်ချုပ်ရေးမှူး (၅၀ဦး မြောက်)
တာဝန်သက်တမ်း
၂၀၁၃ ဇန်နဝါရီ ၁၄ – ၂၀၁၇ ဇန်နဝါရီ ၉
LieutenantSue Ellspermann
Eric Holcomb
ယခင်လူMitch Daniels
ဆက်ခံသူEric Holcomb
ရစ်ပါဘလစ်ကန်ပါတီ ညီလာခံ သဘာပတိ
တာဝန်သက်တမ်း
၂၀၀၉ ဇန်နဝါရီ ၃ – ၂၀၁၁ ဇန်နဝါရီ ၃
လက်ထောက်Cathy McMorris Rodgers
ခေါင်းဆောင်John Boehner
ယခင်လူAdam Putnam
ဆက်ခံသူJeb Hensarling
အင်ဒီယာနာပြည်နယ်မှ
အောက်လွှတ်တော် အမတ်
တာဝန်သက်တမ်း
၂၀၀၁ ဇန်နဝါရီ ၃ – ၂၀၁၃ ဇန်နဝါရီ ၃
ယခင်လူDavid M. McIntosh
ဆက်ခံသူLuke Messer
မဲဆန္ဒနယ်Indiana's 2nd congressional district (2001–2003)
Indiana's 6th congressional district (2003–2013)
ကိုယ်ရေး အချက်အလက်များ
မွေးဖွားMichael Richard Pence
(1959-06-07) ဇွန် ၇၊ ၁၉၅၉ (အသက် ၆၄)
အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာ၊ ကိုလံဘတ်စ် (ကလမ်းဘာ့စ်)
နိုင်ငံရေးပါတီရစ်ပါဘလစ်ကန်ပါတီ (၁၉၈၃- လက်ရှိ)
အခြား
နိုင်ငံရေးလွှမ်းမိုးမှု
ဒီမိုကရက်တစ်ပါတီ (၁၉၈၃ မတိုင်မီ)[၁]
ကြင်ဖော်(များ)Karen Batten (လက်ထပ် 1985)
သားသမီး၃ ဦး
ဆွေမျိုးသားချင်းGreg Pence (ညီအကို)
နေထိုင်ရာဒုတိယသမ္မတ စံအိမ် (Number One Observatory Circle
ပညာရေးဟန်းနိုဗာကောလိပ် (ဘီအေ)
အင်ဒီယာနာပါလစ်မြို့၊ အင်ဒီယာနာတက္ကသိုလ် (JD)
အလုပ်အကိုင်
  • နိုင်ငံရေးသမား
  • ရှေ့နေ
  • ရုပ်သံ တင်ဆက်သူ/ဟောပြောဆွေးနွေးသူ
လက်မှတ်
ဝက်ဘ်ဆိုဒ်Official website

မိုက်ကယ် ရစ်ချဒ် ပန့်စ် (အင်္ဂလိပ်: Michael Richard Pence) သည် အမေရိကန် နိုင်ငံရေးသမားနှင့် ရှေ့နေတစ်ဦးဖြစ်၍ ၂၀၁၇ မှစ၍ ၄၈ ဦးမြောက် အမေရိကန်နိုင်ငံ၏ ဒုတိယသမ္မတနှင့် ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ၂၀၁၃ မှ ၂၀၁၇ အထိ အင်ဒီယားနားပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။[၂] ၂၀၀၁ မှ ၂၀၁၃ ကာလအတွင်း အမေရိကန် အောက်လွှတ်တော် အမတ်အဖြစ် ၁၂ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့သည်။

အင်ဒီယားနားပြည်နယ်ကိုလံဘတ်မြို့တွင် မွေးဖွားကြီးပြင်းခဲ့၍ ဟန်းနိုဗာကောလိပ်မှ ဘွဲ့ရရှိခဲ့သည်။ လွှတ်ဂတ်တော်အမတ်အဖြစ် ၁၉၈၈-၉၀ တွင် ဝင်ရောက်ရန် မအောင်မြင်ခဲ့ပြီးနောက် ၁၉၉၄-၉၉ ၌ ကွန်ဆာဗေးတစ် ရေဒီယိုနှင့် ရုပ်မြင်သံကြားတွင် ရုပ်သံအစီစဉ်မှူးဖြစ်လာခဲ့သည်။ အင်ဒီယာနာပြည်နယ်၏ ဒုတိယ မဲဆန္ဒနယ်ကို က်ုယ်စားပြုကာ ၂၀၀၀ တွင် လွှန်တော်အမတ်အဖြစ် ရွေးချယ်ခံရလေသည်။ ၂၀၀၁ မှ ၂၀၁၃ အထိ ယင်းပြည်နယ်၏ ဆဋ္ဌမမောက် မဲဆန္ဒနယ်ကို ကိုယ်စားပြုပြီး အောက်လွှတ်တော်တွင် ရွေးချယ်ခံခဲ့ရသည်။ /၀၀၉ မှ ၂၀၁၁ အတွင်း ရစ်ပါဘလစ်ကန်ပါတီ ညီလာခံ၏ သဘာပတိအဖြစ် ထမ်းဆောင်ခဲ့သည်။[၃] ပန့်စ်က မိမိကိုယ်ကို "စည်းစနစ်ကျသော ကွန်ဆာဗေးတစ်ဝါဒီ" အဖြစ် ဖော်ပြခဲ့ကာ "လက်ဖက်ရည်ဝိုင်း လှုပ်ရှားမှု" (Tea Party movement) မှုကို ထောက်ခံသူဖြစ်ပြီး[၄] ထိုအဖွဲ့၌"၎င်းသည် ခရစ်ယာန်ဘာသာဝင်၊ ကွန်ဆာဗေးတစ်ဝါဒီနှင့် ရစ်ပါဘလစ်ကန်တစ်ဦး ဖြစ်သည်" ဟူ၍ ဆိုခဲ့သည်။[၅]

၂၀၁၆ ဇူလိုင်တွင် အင်ဒီယာနာ အုပ်ချုပ်ရေးမှူး စည်းရုံးလှုံဆော်မှုကို ရပ်နားကာ ထိုစဉ်က ရစ်ပါဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်၏ ရွေးချယ်လိုက်သော ဒုတိယသမ္မတလောင်းဖြစ်လာခဲ့သည်။ ၂၀၁၇ ဇန်နဝါရီ ၂၀ တွင် အမေရိကန်ပြည်ထောင်စု၏ ဒုတိယ သမ္မတအဖြစ် စတင်ထမ်းဆောင်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Next VP: 10 things to know about Indiana Gov. Mike PenceIndyStar (November 9, 2016)။ December 4, 2016 တွင် ပြန်စစ်ပြီး။
  2. Former Indiana Governors။ 2020-09-10 တွင် ပြန်စစ်ပြီး။
  3. Groppe၊ Maureen။ "U.S. Rep. Mike Pence of Indiana to get House GOP's No. 3 leadership job"၊ November 19, 2008။ 
  4. Hulse၊ Carl။ "Mike Pence Emerging as a Commanding Figure in Trump Administration"၊ November 11, 2016။ 
  5. "5 faith facts on "Mike Pence: A 'born-again, evangelical Catholic"၊ July 15, 2016။  Also published the same date in the National Catholic Reporter.