မဟာတိဿထေရ် (စေတိယတောင်)

ဝီကီပီးဒီးယား မှ

မဟာတိဿထေရ် သည် မြတ်စွာဘုရား၏ သာသာနာတော်တွင် အာသဝေါကင်းကွာ၍ ရဟန္တာဖြစ်သွားခဲ့သည့် ဗုဒ္ဓဝင်ရဟန်းတစ်ပါး ဖြစ်သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မဟာတိဿထေရ်သည် စေတိယတောင်တွင် သီတင်းသုံးနေထိုင်တော်မူ၏။ တိဿထေရ်သည် ခန္ဓာကိုယ်၏ ကောဋ္ဌသတို့ကို အစဉ်တစိုက်သုံးသပ်လျက်ရှိရာမှ သတ္တဝါဟူသည့် အမှတ်ကင်းကွာခဲ့လေသည်။ ထို့နောက်တွင် အရဟတ္တဖိုလ်သို့ တက်နေရာက်နိုင်မည့် ကမ္မဋ္ဌာန်းကို သင်ကြားလေ့ကျင့်ထားသည်။

တစ်နေ့သောအခါ တိဿထေရ်သည် အနုရာဓမြို့သို့ ဆွမ်းခံဝင်၏။ ထိုအချိန်တွင် တောရွာတစ်ရွာမှ ယောက်ျားဖြစ်သူနှင့် စကားများရန်ဖြစ်ကာ မိဘအိမ်သို့ ပြန်လာသည့် အမျိုးသမီးနှင့် တွေ့လေသည်။ ထိုအခါ အမျိုးသမီးသည် ရာဂစိတ်ဖြစ်ကာ ပြင်းစွာအော်၍ ရယ်လေသည်။ မထေရ်သည် မျက်လွှာချ၍ သွားနေရာမှ ရယ်သံကြောင့် ကြည့်လိုက်ရာ အမျိုးသမီး၏ သွားရိုးတို့ကို မြင်၍ ရှေးအခါက လေ့လာခဲ့သည့် အရိုးစုအမှတ်နှင့် အောက်မေ့ဆင်ခြင်ရာ ထိုနေရာတွင်ပင် ရဟန္တာ ဖြစ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ဆရာဦးကြည် (သစ္စာ ဒီပက ကမ္မဋ္ဌာနာ စရိယ) (နိုဝင်ဘာ ၂၀၀၆)။ မဟာသတိပဋ္ဌာန်အဖွင့်ကျမ်း။ ရန်ကုန်: ဦးကျော်ဟင်း (၁၀၉၁၀)၊ ယုံကြည်ချက်စာပေ။ pp. ၅၇၊ ၅၈၊ ၅၉။