မယ်ရီမယ်လွန်

ဝီကီပီးဒီးယား မှ
Mary Mallon
A Caucasoid woman with dark hair is lying in a hospital bed; she is looking at the camera, pictured from her mid-torso through the wall behind her head.
Mallon in 1909
မွေးဖွား(1869-09-23)စက်တင်ဘာ ၂၃၊ ၁၈၆၉
Cookstown, County Tyrone, Ireland
ကွယ်လွန်နိုဝင်ဘာ ၁၁၊ ၁၉၃၈(1938-11-11) (အသက် ၆၉)
Riverside Hospital, North Brother Island, New York, U.S.
ထာဝရ နားခိုရာနေရာSaint Raymond's Cemetery, The Bronx, New York, U.S.
နိုင်ငံလူမျိုးIrish
အခြား အမည်များ
  • Mary Brown
  • "Typhoid Mary"
အလုပ်အကိုင်Cook
ကျော်ကြားမှုအရင်းခံAsymptomatic carrier of typhoid fever

မယ်ရီ မယ်လွန် (Mary Mallon) (စက်တင်ဘာလ ၂၃၊ ၁၈၆၉ -နိုဝင်ဘာလ ၁၁၊ ၁၉၃၈) အား တိုက်ဖွိုက်မယ်ရီ (Typhoid Mary) ဟုလည်း အများသိကြသည့် အိုင်းရစ်ဇာတိဖွား ထမင်းချက်အမျိုးသမီးတစ်ဦးသည် လူပေါင်း ၅၁ဦးအား အူရောင်ငန်းဖျား အဖျားရောဂါ ကူးစက်စေခဲ့ပြီး ယင်းကူးစက်ခံရသူများအတွင်းမှ ၃ဦး သေဆုံးခဲ့ရသည်ဟု ဆိုကြသည့်အပြင် အမေရိကန် ပြည်ထောင်စု၏ ပထမဆုံး အချိုးမညီရောဂါကူးစက်စေသူ(Asymptomatic carrier) အဖြစ် သတ်မှတ်ကြသည်။ ချက်ပြုတ်သူတစ်ယောက်အဖြစ်ပင် ဆက်လက် လုပ်ကိုင်လို့သော သူမ၏ခေါင်းမာသည့်ဆန္ဒကြောင့် အခြားသူများအား ရောဂါကူးစက်စေကာ တာဝန်ရှိသူများက မယ်ရီအား နှစ်ကြိမ်တိုင်တိုင်အဓမ္မ  ထိန်းသိမ်းခဲ့ပြီး သူမသေဆုံးချိန်ထိ ဆယ်စုနှစ် ၃ခုကြာအောင် သီးခြားခွဲကာနေထိုင်စေခဲ့သည်။

အစောပိုင်းဘဝ[ပြင်ဆင်ရန်]

မယ်ရီ မယ်လွန်အား ၁၈၆၉ခုနှစ် ကော့စတောင်းမြို့ ကော့တီးတိုင်ရွန်း ယခုအခေါ် အိုင်ယာလန်မြောက်ပိုင်းတွင် မွေးဖွားခဲ့သည်။ ၁၈၈၃ သို့ ၁၈၈၄ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ၎င်း၏အဒေါ်နှင့် အတူခတ္တနေထိုင်ပြီး နောက်ပိုင်းတွင် ဂုဏ်ကြီးရှင် မိသား စုများအား စားတော်ဆက်ရသည့် အလုပ်လုပ်ကိုင်ခဲ့သည်။[၁][၂][၃]

အလုပ်အကိုင်[ပြင်ဆင်ရန်]

၁၉၀၀ ခုနှစ်မှ ၁၉၀၇ခုနှစ်တိုင်အောင် နယူးယောက်မြို့အတွင်းရှိ မိသားစုခုနှစ်စု၏ ချက်ပြုတ်သူအဖြစ်လုပ်ကိုင်ခဲ့သည်။ ၁၉၀၀ခုနှစ် နယူးယောက်မြို့၊ မမရိုနက် ရှိ အလုပ်ရှင်၏အိမ်တွင် သူမအလုပ်လုပ်ကိုင်ပြီး နှစ်ပတ်အကြာတွင်တိုက်ဖွိုက်ရောဂါ စတင် ဖြစ်ပေါ်လာခဲ့သည်။ ၁၉၀၁ ခုနှစ်တွင် မဟတ္တန်မြို့သို့ ပြောင်းရွှေ့အခြေချနေထိုင်ခဲ့သည်၊ ထိုမြို့ရှိ သူမအလုပ်လုပ်ကိုင်ခဲ့သော အိမ်ရှိ မိသားစုဝင်များတွင်လည်း ဝမ်းပျက်ဝမ်းလျှောခြင်း နှင့် အဖျားတတ်ခြင်းစသည့်လက္ခဏာများ ဖြစ်ပေါ်လာစေခဲ့ပြီး ခဝါသည်တယောက်၏အသက် ဆုံးရှုံးရသည်အထိဖြစ်ပေါ်ခဲ့သည်။ ထို့နောက် ရှေ့နေတ‌ေယာက်ထံတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး ထိုမိသားစုဝင် ၈ယောက်ခံဖျားနာမှုစတင်ခံစားလာချိန်တွင် မယ်လွန်တယောက် အလုပ်ထွက်ပြန်လေသည်။

စုံစမ်းစစ်ဆေးရေး[ပြင်ဆင်ရန်]

၁၉၀၆ခုနှစ် ဩဂုတ်လတွင် လောင်းဘေးရှိ ဝွိုင်းစတား ပင်လယ်အော်တွင် အလုပ်သစ်ရရှိပြီး နှစ်ပတ်အတွင်း အလုပ်ရှင်မိသားစု ၁၁ ယောက်ရှိသည့်အနက် ၁၀ယောက်အား ဆေးရုံတတ်စေရသည့် တိုက်ဖွိုက်ရောဂါဖြစ်ပွားလာစေခဲ့သည်။ မယ်လွန်အလုပ်သစ်တခုပြောင်းလေသည်။ သို့သော်လည်း ထိုကဲ့သို့ပင် အခြား မိသားစု ၃စုအား အဖျားရောဂါထပ်မံဖြစ်ပွားစေပြန်သည်။ ယင်းနောက် နယူးယောက်မြို့ ဘဏ်အလုပ်သမား၊ လူချမ်းသာတစ်ဦးဖြစ်သည့် ချားလတ်စ် ဝေါရန်အိမ်တွင် ထမင်းချက်အဖြစ် ထပ်မံလုပ်ကိုင်ခဲ့သည်။ အွိုင်းစတားကမ်းခြေရှိ အိမ်တအိမ်အား ဝေါရန်ငှားရမ်းနေထိုင်ချိန် ၁၉၀၆ ခုနှစ်တွင် မယ်လွန်အား အတူလိုက်ပါနေထိုင်စေခဲ့သည်။ ဩဂုတ်လ ၇ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့အထိ မိသားစုဝင် ၁၁ယောက်အနက် ၆ယောက်အား တိုက်ဖွိုက်ဖြစ်ပွားစေခဲ့သည်။ ထိုအွိုင်းစတားကမ်‌းခြေတွင် ဆေးကုသနေသော ဆရာဝန် ၃ဦး၏အဆိုအရ ရောဂါသည် ပုံမှန်မဟုတ် ထူးခြားနေသည်ဟု ဆိုသည်။ မည်သို့ပင်ဖြစ်စေ မယ်လွန်သည် အခြား မိသားစုတွင် ထပ်မံအလုပ်လုပ်ကိုင်ပြီး ထိုရောဂါဖြစ်ပွားမှုသည်လည်း သူမနှင့်အတူ ထပ်ချက်မကွာလိုက်ပါလာခဲလေသည်။ ၁၉၀၆ နောင်းပိုင်းအ‌ေရာက်တွင် မိသားစုတစ်ခုမှ ရောဂါပိုးသုတေသီ ဂျော့ဆိုပါး ဆိုသူအား ငှားရမ်း စုံစမ်းစစ်ဆေးစေ၏။ ၁၉၀၇ခုနှစ် ဂျွန်လ ၁၅ရက်နေ့တွင် ဆိုးပါး၏ စစ်ဆေးမှုရလဒ်အား အမေရိကန်ဆေးပညာအဖွဲ့အစည်း၏ ဂျာနယ်တွင် ပုံနှိပ်ဖော်ပြခဲ့သည်။ ထိုသူက မယ်လွန်သည် ရောဂါဖြစ်ပွားမှု၏ အရင်းအမြစ်အဖြစ်ယုံကြည်ပြီး အောက်ပါအတိုင်းရေးသားဖော်ပြခဲ့သည်။

"ဩဂုတ်လ ၄ရက်နေ့တွင် မိသားစုတစ်ခုက ချက်ပြုတ်သူအသစ်တစ်ဦးအား ပြောင်းလဲငှားရမ်းခဲ့သည်ကိုတွေ့ရသည်။ ယင်းဖြစ်စဉ်မှာ ရောဂါဖြစ်ပွားမှုမဖြစ်ပေါ်မီ ၃ပတ်အလိုခန့်ကဖြစ်သည်။ ချက်ပြုတ်သူအသစ် မယ်လွန်သည် ၎င်းမိသားစုတွင် ခတ္တခဏသာ လုပ်ကိုင်ခဲ့ပြီး ရောဂါဖြစ်ပွားမှုဖြစ်ပြီး ၃ပတ်အကြာ၌ မိသားစုအား စွန့်ခွာခဲ့သည်။ မယ်လွန်အား အိုင်းရစ်အမျိုးသမီး တစ်ဦးဖြစ်ကာ၊ အသက် ၄၀ခန့်ရှိပြီးဖြစ်၍ အရက်ရှည်ရှည်၊ ခန္ဓာတောင့်တောင့် နှင့် လူလွတ်တစ်ဦးဖြစ်သည်ဟု စုံစမ်းသိရှိရသည်။ သူမအားကြည့်ရသည်မှာ ကျန်းမာရေးကောင်းမွန်၏။"

ငွေကြေးချမ်းသာသော မိသားစုတွင် ဤတိုက်ဖွိုက်ရောဂါ မည်သို့မည်ပုံဖြစ်ရသည်ကို ဆိုပါ အံ့ဩမိသည်။ ထို့နောက် အူရောင်ငန်းဖျားရောဂါသည် ကျန်းမာရေးနှင့်မညီညွတ်သော ပတ်ဝန်းကျင်တွင် ပေါ်ပေါက်လာနိုင်သည်ကို လေ့လာတွေ့ရှိခဲ့သည်။ ထိုမျှမကသေးပဲ ဆိုပါးက ထိုကျန်းမာရေးအလွန်ကောင်းမွန်သောအိုင်းရစ်အမျိုးသမီးသည် ရောဂါဖြစ်ပွားခဲ့သည့်ဖြစ်စဉ်တိုင်းတွင်ပါဝင်ပတ်သက်နေသည်ကို ရှာ‌ေဖွတွေ့ရှိခဲ့သည်။ သို့သော်လည်း ရောဂါဖြစ်ပွားပြီးတိုင်း ထွက်ခွာသွားလေ့ရှိပြီး မည်သည့်နေရာသို့သွားမည်ဖြစ်ကြောင်းအား ပြောပြလေ့မရှိသော ယင်းအမျိုးသမီးကို မည်သည့်နေရာတွင် ရှိသည်ဟု အတတ်ပြောရန်ကား ခက်ခဲလေသည်။ Avenue ဥယျာဉ်ရှိ မိုးပျံတိုက်တစ်ခုတွင် ဖြစ်ပွားခဲ့သည့်ရောဂါပြန့်ပွားမှုတစ်ခုတွင် မယ်လွန်သည် ချက်ပြုတ်သူတစ်ဦးဖြစ်သည်ဟု ဆိုပါး သိခဲ့ရသည်။ ယင်းနေအိမ်ရှိ မိသားစုအတွင်းမှ သမီးဖြစ်သူသည် အူရောင်ငန်းဖျားကြောင့် သေဆုံးခဲ့ရကာ အစေခံနှစ်ဦးကိုလည်း ဆေးရုံတက်ရောက်ကုသစေခဲ့ရသည်။ ဆိုပါးသည် အူရောင်ငန်းဖျားရောဂါ ပြန့်ပွားမှုအတွင်း သူမ၏ဖြစ်နိုင်ချေရှိသောကဏ္ဍအား လေ့လာရန် မယ်လွန်အား ချဉ်းကပ်ခဲ့သည်။ ထိုသို့ချဉ်းကပ်ကာ သူမ၏ ကျဉ်ကြီးနှင့် ကျဉ်ငယ်နမူနာအား စစ်ဆေးရန်တောင်းဆိုခဲ့သော်လည်း အပြင်းအထန်ငြင်းဆိုခံခဲ့ရသည့်အပြင် အသားခုတ်ဓားမကြီးဖြင့်ပင်လိုက်လံခုတ်လေသည်။ မယ်ရီ၏ နမူနာပေးရန်ငြင်းဆိုခံခဲ့ရသော်လည်း မယ်လွန်၏ လုပ်သက်သက်တမ်း ၅နှစ်အတွင်းရှိသမိုင်းကြောင်းအားလေ့လာရန်ဆုံးဖြတ်ခဲ့သည်။ ဆိုပါး တွေ့ရှိခဲ့သည်မှာ မယ်လွန်အား ငှားရမ်းခဲ့သည့် မိသားစု ရှစ်ခုအတွင်း မိသားစုခုနှစ်ခုက တိုက်ဖွိုက်ရောဂါဖြစ်ပွားခဲ့ဖူးကြောင်းဆိုကြသည်။ နောက်တကြိမ် မယ်လွန်ဆီသို့ အလည်အပတ်သွားခဲ့ပြီး ဤတကြိမ်တွင် အခြားဆရာဝန်တဦးကိုလည်း အပါခေါ်ဆောင်သွားသော်လည်း ဆိုပါးတယောက် လက်လျှော့ပြန်ခဲ့ရပြန်သည်။ နောက်ပိုင်း မယ်လွန်ဆေးရုံတတ်ရောက်ကုသနေချိန်တွင် ဆိုပါးက သူမအကြောင်းစာအုပ်ရေးသားထုပ်ဝေ၍ ချီးမြှင့်ငွေအားလုံးပေးမည်ဟု ကမ်းလှမ်းခဲ့သည်။ သူမသည်ဒေါသတကြီးဖြင့်သူ၏အဆိုပြုချက်ကိုငြင်းပယ်ခဲ့ပြီး ဆိုပါး ထွက်ခွာချိန်ထိရေချိုးခန်းထဲ၌ သူမကိုယ်သူမသော့ခတ်ထားခဲ့သည်။

ပထမအကြိမ် ထိန်းသိမ်းခြင်း (1907–1910)[ပြင်ဆင်ရန်]

ဆေးရုံကုတင်ပေါ်ရှိ မယ်ရီ (အရှေ့ဆုံးလူ)

နယူးယောက်မြို့ ကျန်းမာရေးအထောက်တော်မှ သူမအား ရောဂါသယ်ဆောင်သူအဖြစ်သတ်မှတ်သည်။ မဟာနယူးယောက်ချာတာ၏ ပုဒ်မ ၁၁၆၉ နှင့် ၁၁၇၀ အရ ပြည်သူ့ကျန်းမာရေးအားလခြိမ်းခြောက်သူအဖြစ် သူမအား ဖမ်းဆီးခဲ့ပြီး အချက်အပြုများမလုပ်မီ တကြိမ်တခါမျှ လက်ဆေးခြင်းမရှိကြောင်းဝန်ခံစေခဲ့သည်။ ထိုအချိန်က Germ theory of Disease (ပိုးမွှားများအစရောဂါများသီအိုရီ)သဘောတရားကို အပြည့်အဝလက်မခံသေးသောကြောင့် ဤသို့လက်မဆေးခြင်းမှာ မထူးဆန်းချေ။ ထို့နောက် North Brother ကျွန်းရှိ ဆေးခန်းတစ်ခုတွင် သုံးနှစ်ခန့်မျှတဦးတည်းသီးခြားနေစေခဲ့သည်။ ထိုသို့ ထိန်းသိမ်းခံထားရချိန်အတွင်း ကျင်ကြီးကျင်ငယ်နမူနာအား အတင်းအဓမ္မတောင်းဆိုစစ်ဆေးလေရာ သူမသည်းခြေအတွင်းတွင် တိုက်ဖွိုက်ဘက်တီးရီးယားမြောက်မြားစွာရှိနေသည်ကို တွေ့ရှိရလေသည်။ အာဏာပိုင်များက သူမ၏သည်းခြေအား ထုတ်ပစ်ရန်အကြံပေးသော်လည်း သူမကိုယ်သူမ ရောဂါသယ်ဆောင်သူအဖြစ်မယုံကြည်၍ ထုတ်ပစ်ရန်ငြင်းဆိုခဲ့သည်။ ထို့အပြင် ချက်ပြုတ်သည့်အလုပ်အား စွန့်ပစ်ရန်လည်းဆန္ဒမရှိချေ။ မည်သို့ပင်ဆိုစေကာမူ မီဒီယာများက မယ်လွန်အပေါ် အာရုံစိုက်လာကြပြီး ၁၉၀၈ခုနှစ်ထုတ် Journal of the American Medical Association ဂျာနယ်တွင် "တိုက်ဖွိုက်မယ်ရီ" ဟုရေးသားဖော်ပြခဲ့ကြသည်။ နောက်ပိုင်း ဖတ်စာအုပ်များတွင် အူရောင်ငန်းဖျားရောဂါအကြောင်းရေးသားရာ၌ တိုက်ဖွိုက်မယ်ရီအဖြစ်ထပ်မံဖော်ပြခံရပြန်သေးသည်။ နောက်ဆုံး၌ နယူးယောက်မြို့ ကျန်းမာရေးကော်မရှင်နာ Eugene H. Porter မှ ရောဂါသည်ဆောင်သူများအား ထိန်းသိမ်းထားရန်မလိုအပ်တော့ကြောင်း မယ်လွန်အား ချက်ပြုတ်သည့်လုပ်ငန်း ထပ်မံမလုပ်ပဲ အခြားသူများအား ရောဂါကူးပြန့်နှံ့မှုအား တားဆီးရန်အတွက်အကြောင်းပြချက်ကောင်းသည့်အစီအစဉ်များရှိပါက လွတ်လပ်ခွင့်ပေးမည်ဟု ဆုံးဖြတ်ခဲ့သည်။

လွှတ်ပေးခြင်းနှင့် ဒုတိယံပိထိန်းသိမ်းခြင်း (1915–1938)[ပြင်ဆင်ရန်]

ဖေဖော်ဝါရီလ ၁၉ရက် ၁၉၁၀ခုနှစ်တွင် မယ်ရီမှ အခြားအလုပ် ပြောင်းလဲလုပ်ကိုင်ရန်ပြင်ဆင်ပြီး ဖြစ်ကြောင်း၊ ထို့အပြင် သူမလွတ်‌မြေက်ချိန်တွင်  သူမနှင့်ထိတွေဆက်ဆံသူများအား ရောဂါကူစက်ခြင်းကိုကြိုတင်ကာကွယ်ရန်အတွက် သန့်ရှင်းမှုအားအလေးထားမည်ဖြစ်ကြောင်းကို ကျမ်းသစ္စာကြိမ်ဆို၍ ကတိပေးအာမခံမည်ဟု ပြောဆိုလက်ခံခဲ့သည်။ ထို့နောက်သူမအား ထိန်းသိမ်းခြင်းမှ လွတ်မြောက်စေပြီး နေထိုင်ရာသို့ပြန်စေ၏။ သူမလွတ်မြောက်လာပြီးနောက် အဝတ်လျှော် ခဝါသည်တယောက်အဖြစ် အလုပ်ရပြီးသော်လည်း ဝင်ငွေမှာထမင်းချက်အလုပ်ထက် လုပ်ခလစာ နည်းလေသည်။ အဝတ်လျှော်အဖြစ် နှစ်အတော်ကြာလုပ်ကိုင်ခဲ့သော်လည်းအဆင်မပြေသောကြောင့် သူမ၏နာမည်ကို မယ်ရီဘရောင်း ဟုပြောင်းလဲကာ ကျန်းမာရေးအာဏာပိုင်များ တိကျပြတ်သားစွာသတ်မှတ်ထားသည့် ကျန်းမာရေးလမ်းညွှန်ချကများအား ဖောက်ဖျက်ကာ ထမင်းချက်သမအဖြစ် ထပ်မံလုပ်ကိုင်လေပြန်သည်။ နောက်ထပ် ငါးနှစ်ခန့်အလုပ် ထပ်မံလုပ်ကိုင်ပြီး သူမအလုပ်လုပ်သည့် နေရာတိုင်းတွင် တိုက်ဖွိုက်ရောဂါဖြစ်လေသည်။ သူမသည်လည်းအလုပ်အကိုင်မကြာခနပြောင်းလဲနေမှုများကြောင့် ဆိုပါးလည်း ရှာဖွေရန်မဖြစ်နိုင်တော့ချေ။ ၁၉၁၅ခုနှစ်တွင်  နယူးယောက်ရှိ စလုန်းအမျိုးသမီးဆေးရုံတွင် မယ်ရီစတင်လိုက်သည့် ရောဂါဖြစ်ပွားမှုကြီးစတင်လေသည်။  လူပေါင်း၂၅ယောက် ရောဂါကူးစက်ခံရပြီး ၂ဦးသေဆုံးခဲ့သည်။ သူမလည်းအခြားနေရာသို့ ထွက်ခွာသွားခဲ့ပြန်သည်။ သို့သော် ဤတကြိမ်တွင် ရဲများက ခြေရာခံနိုင်ခဲ့ပြီး လောင်းအိုင်လန် ကျွန်းရှိ သူမ မိတ်ဆွေအတွက် အစားအသောက်များ သူသွာချိန်တွင် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။ သူမအားထိန်းသိမ်းပြီးနောက် ၁၉၁၅ မတ်လ၂၇ ရက်နေ့တွင် နော့ဘရားသားကျွန်းတွင် သီးခြားခွဲကာထိန်းသိမ်းထားရန်ခေါ်ဆောင်လာခဲ့သည်။ ယင်းအခြေအနေ အချိန်ထိ သူမသည်းခြေအား ထုပ်ပစ်ရန် ငြင်းဆိုနေသေးသည်။

မယ်လွန်အား သူမ၏ဘဝနေဝင်ချိန် နှစ်ပေါင်း ၂၃နှစ်ကြာအောင် ဆက်လက်ထိန်းသိမ်းထားခဲ့ကြသည်။ သူမလည်း မီဒီယာများ၏စုံစမ်းမြေးမြန်းခန်ူများတွင်မကြာခနဖော်ပြခန်းရပြီးအတန်ငယ် လူသိများခဲ့ရသည်။ ထိုမီဒီယာများအား သူမထံမှရေပင်လက်မခံရန်ပြောကြလေသည်။ နောက်ပိုင်း မယ်လွန်လည်း ထိုကျွန်းပေါ်ရှိဓာတ်ခွဲခန်းတစ်ခုတွင်အလုပ် လုပ်ကိုင်ခွင့်ရရှိကာ ဘူးဆေးရသည့်လုပ်ငန်းတွင် စက်ပြင်တယောက်အဖြစ်လုပ်ကိုင်ခဲ့သည်။

တိုက်ဖွိုက်မယ်ရီကဲ့သို့ မပြုမိစေရန်သတိပေးထားသော ပို့စတာကားချပ်

သေဆုံးခြင်း[ပြင်ဆင်ရန်]

မယ်ရီမယ်လွန်သည် ရေးဘာဆိုက်ဆေးရုံရှိ ထိန်းသိမ်းရေးစခန်းတွင် အထိန်းသိမ်းခံရခဲ့သည်။ မသေဆုံးမီ ၆နှစ်ခန့်က လေသင်တုန်းဖြတ်၍ အကြောသေခဲ့ရသည်။ နိုဝင်ဘာလ ၁၁ရက် ၁၉၃၈ခုနှစ်တွင် နျူမိုးနီးယားအဆုတ်ယောင်ရောဂါကြောင့် အသက်၆၉နှစ်တွင်ကွယ်လွန်အနိစ္စရောက်ရရှာသည်။ သေဆုံးပြီးချိန်တွင် သူမ၏သည်းခြေအားစစ်ဆေးစေရာ တိုက်ဖွိုက်ဗက်တီးရီးယားများ ရှိခဲ့ကြောင်းသက်သေပြရန်အတွက် လွန်ခဲ့သည့် ဆယ်စုနှစ်၃ခုတည်းကရှာဖွေနေခဲ့ရကြောင်အတည်ပြုပြောဆိုပြီး ယနေ့တွင်သက်သေသာဓကဖြင့်တွေ့ရှိခဲ့သည်။  မည်သို့ပင်ဆိုစေ သူမသေဆုံးပြီးနောက် လျှို့ဝှက်ကြံစဉ်မှုတစ်ခုကို အများပြည်သူ၏ ထင်မြင်ချက်များအားအေးဆေးတည်ငြိမ်ရန်အတွက် ဂျော့ဆိုပါး ရေးသားခဲ့သည်မှာ  "အလောင်းအားခွဲစိတ်စစ်ဆေးမှုမရှိခဲ့ပါ" အခြားသုတေသီများအားကိုကားပြောဆိုခဲ့သည်ဟု အခိုင်အမာပြောဆိုခဲ့သည်။ မယ်လွန်၏အလောင်းအား မီးဂြင်္ိုလ်၍ အရိုးပြာအား စိန့်ရေမွန်းသချိုင်္င်းတွင်မြှုပ်နံစေသည်။

အမွေအနှစ်[ပြင်ဆင်ရန်]

မယ်လွန်ကြောင့် ရောဂါကူးစက်ခံရသူများအတွင်းမှ သေဆုံးသူအရေအတွက် အတိအကျမသိရသော်လည်း အနည်းဆုံး သုံးယောက်ခန့် သေဆုံးခဲ့ရသည်။ ထိုသေဆုံးရခြင်း၏အကြောင်းအရင်းများမှ မယ်လွန်၏ အမည်ပြောင်းလဲအသုံးပြုခြင်း၊ ပူးပေါင်းဆောင်ရွက်ရန်ငြင်းဆိုခြင်းများကြောင့်ဖြစ်သည်။ အချို့ပညာရှင်များမက သူဆုံးသူအရေအတွက်သည် ၅၀ ခန့်မျှရှိမည်ဟုခန့်မှန်းသည်။ ၂၀ရာစုနှစ်၏ ပထမ၂၅နှစ်အတွင်းအခြား ကျန်းမာသော အူရောင်ငန်းဖျားရောဂါသည်ဆောင်သူများအဖြစ် အီတလီလူမျိုးရွှေ့ပြောင်းနေထိုင်သူ တိုနီ လာဘယ်လာ အား လူဦး‌ေရ ၁၀၀ (၅ဦးသေဆုံး) အားကူးစက်စေသူအဖြစ်မှတ်ယူပြီး အခြားတယောက်မှာ လူဦးရေ ၃၆ ဦး(၂ဦးသေ) အားကူးစက်စေသူ စားသောက်ဆိုင်နှင့်မုန့်တိုက်ပိုင်ရှင် အယ်ဖုန်း ကိုတေးလ် တို့ဖြစ်ကြသည်။[၄] ယနေ့ခေတ်တွင် တိုက်ဖွိုက်မယ်ရီဆိုသည့် စကားစုအား ရောဂါ သို့မဟုတ် အခြားမလိုလားအပ်သောအရာတစ်ခုခုကို သိလျက်ဖြစ်စေ မသိသည်ဖြစ်စေ ပြန့်ပွားဖြစ်ပေါ်စေသောသူအား ရည်ညွှန်းအသုံးပြုသည့် နှုတ်ဆုံစကားလုံးဖြစ်လာခဲ့သည်။[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. Cliff၊ Andrew; Smallman-Raynor၊ Matthew (2013)။ Oxford Textbook of Infectious Disease Control: A Geographical Analysis from Medieval Quarantine to Global Eradication။ Oxford University Press။ p. 86။ ISBN 978-0-199-59661-4
  2. Walzer Leavitt၊ Judith (1996)။ Typhoid Mary: Captive to the Public's Health။ Putnam Publishing Group။ ISBN 978-0807021026
  3. Kenny၊ Kevin (2014)။ The American Irish: A History။ Routledge။ p. 187။ ISBN 978-1-317-88916-8
  4. Epidemiology (March 2001)။ March 3, 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  5. Dictionary Reference Website: Typhoid Mary။ Dictionary.reference.com။ 2020-03-23 တွင် ပြန်စစ်ပြီး။