ဘရီမန်မြို့
ပုံပန်းသွင်ပြင်
ဘရီမန်မြို့သည် ဂျာမနီနိုင်ငံ အနောက်မြောက်ပိုင်းတွင် ရှိသော ဟန်းဆတစ်မြို့ တစ်မြို့ ဖြစ်သည်။ ကူးသန်းရောင်းဝယ်ရေး နှင့် ကုန်ထုတ်လုပ်ငန်းဆိုင်ရာ မြို့တစ်မြို့ ဖြစ်ပြီး အဓိက ဆိပ်ကမ်းမြို့ တစ်မြို့လည်း ဖြစ်သည်။ ဝီဆာမြစ်ပေါ်တွင် တည်ရှိပြီး လူဦးရေ ၂.၄ သန်း ရှိသော ဘရီမန်-အိုးလ်ဒန်ဘာ့ခ် မက်ထရိုပိုလစ်တန် ဒေသ၏ တစိတ်တပိုင်း ဖြစ်သည်။ ဘရီမန်သည် ဂျာမနီမြောက်ပိုင်းတွင် ဒုတိယမြောက် လူဦးရေ အများဆုံး မြို့ဖြစ်ပြီး ဂျာမနီနိုင်ငံတွင် ဒသမမြောက် လူဦးရေ အများဆုံးမြို့ ဖြစ်သည်။
ဘရီမန်မြို့သည် မြောက်ပင်လယ်ရှိ ဝီဆာမြစ်ဝမှ ၃၇မိုင် (၆၀ ကီလိုမီတာ) အကွာခန့်တွင်ရှိသည်။