ဘရာဇီး အမျိုးသားပြတိုက်

ဝီကီပီးဒီးယား မှ
ဘရာဇီး အမျိုးသားပြတိုက်
တည်ထောင်ခြင်း၁၈၁၈ (၂၀၆ နှစ် အကြာက) (၁၈၁၈)
တည်နေရာQuinta da Boa Vista ရီယို ဒီ ဂျီးနေးရိုးမြို့ဘရာဇီးနိုင်ငံ
ကိုဩဒိနိတ်22°54′21″S 43°13′34″W / 22.90583°S 43.22611°W / -22.90583; -43.22611ကိုဩဒိနိတ်: 22°54′21″S 43°13′34″W / 22.90583°S 43.22611°W / -22.90583; -43.22611
အမျိုးအစားသဘာဝသမိုင်း၊ ရှေးဟောင်းသုတေသန
စုဆောင်းပစ္စည်း အရေအတွက်သန်း ၂၀ ခန့် (၂၀၁၈ မီးလောင်မှု မတိုင်မီ)[၁]
လည်ပတ်သူများ၁၅၀,၀၀၀ ခန့် (၂၀၁၇)[၂]
ညွှန်ကြားရေးမှူးAlexander Kellner
ဝက်ဘ်ဆိုဒ်www.museunacional.ufrj.br

အမျိုးသားပြတိုက် (ပေါ်တူဂီ: Museu Nacional) သည် ဘရာဇီးနိုင်ငံရှိ သက်တမ်းအရင့်ဆုံး သိပ္ပံဆိုင်ရာ အဖွဲ့အစည်းဖြစ်ပြီး အမေရိကတိုက်တွင် မနုဿဗေဒ နှင့် သဘာဝသမိုင်းဆိုင်ရာ ပြတိုက်များတွင် အကြီးဆုံး ဖြစ်သည်။ ပြတိုက်သည် ရီယို ဒီ ဂျီးနေးရိုးမြို့တွင် တည်ရှိသော Quinta da Boa Vista တွင် တည်ရှိသော Paço de São Cristóvão (စိန့်ခရစ္စတိုဖာ၏ နန်းတော်) တွင် ဖြစ်သည်။ ၁၈၉၂ ခုနှစ်တွင် ပြတိုက်အဖြစ်အသုံးမပြုမီက ထိုနန်းတော်ကို ၁၈၀၈ မှ ၁၈၂၁ ခုနှစ်အကြားတွင် ပေါ်တူဂီတော်ဝင်မိသားစု၏ အိမ်တော်အဖြစ်လည်းကောင်း၊ ၁၈၂၂ မှ ၁၈၈၉ ခုနှစ်အကြားတွင် ဘရာဇီးအင်ပါယာမိသားစု၏ အိမ်တော်အဖြစ်လည်းကောင်း အသုံးပြုခဲ့ပြီး ၁၈၈၉ မှ ၁၈၉၁ ခုနှစ်အထိ သမ္မတစနစ် တိုင်းပြုပြည်ပြုလွှတ်တော်အဖြစ်လည်းကောင်း အသုံးပြုခဲ့သည်။ အဆောက်အအုံကို ၁၉၃၈ ခုနှစ်တွင် ဘရာဇီးအမျိုးသားအမွေအနှစ်အဖြစ် သတ်မှတ်ခဲ့သည်။[၃]

၂၀၁၈ ခုနှစ် စက်တင်ဘာလ မတိုင်မီအထိ အမျိုးသားပြတိုက်တွင် ပစ္စည်းပေါင်း သန်း ၂၀ ကျော်ကို စုဆောင်းထားရှိခဲ့ပြီး ဘရာဇီးနိုင်ငံနှင့် ပတ်သက်သော သဘာဝသမိုင်းနှင့် မနုဿဗေဒဆိုင်ရာ အရေးပါသော ပစ္စည်းများ၊ မှတ်တမ်းများအပြင် ကမ္ဘာအနှံ့မှ ပစ္စည်းများ ဖြစ်ကြသည်။ ရာစုနှစ် နှစ်နှစ်အတွင်း တူးဖော်မှုများ၊ ရှာဖွေတွေ့ရှိမှုများ၊ လှူဒါန်းမှုများ၊ လဲလှယ်မှုများတို့ဖြင့် ရရှိလာသော ပစ္စည်းများကို အဓိကမဏ္ဍိုင်ကြီး ခုနစ်ခုအဖြစ် ဘူမိဗေဒနိခါတကဗေဒ၊ ရုက္ခဗေဒ၊ သတ္တဗေဒ၊ ဇီဝမနုဿဗေဒ၊ ရှေးဟောင်းသုတေသနပညာနှင့် လူမျိုးဗေဒ ဟူ၍ ခွဲခြားထားသည်။ ပြတိုက်သည် ဘရာဇီးနိုင်ငံရှိ သိပ္ပံစာကြည့်တိုက်ကြီးများတွင် ပါဝင်ပြီး စာအုပ်ပေါင်း ၄၇၀,၀၀၀ နှင့် ရှားပါး ဖန်တီးမှုလက်ရာပေါင်း ၂,၄၀၀ ကို စုဆောင်းထားရှိခဲ့သည်။

ပြတိုက်အဖြစ် အသုံးပြုထားသော နန်းတော်သည် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ညအချိန်တွင် လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် ပျက်စီးခဲ့ရသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Museus em Números, Vol. 1Instituto Brasileiro de Museus – IBRAM။ 29 October 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  2. 200 Anos do Museu Nacional။ Associação Amigos do Museu Nacional။ 8 July 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  3. "Museu Nacional – UFRJ" (in pt) . Museus do Rio. Retrieved on 15 February 2017.  Archived 15 February 2017 at the Wayback Machine. မော်ကွန်းတင်ပြီးမိတ္တူ။ 15 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 September 2018 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]