ဖရန့်တ်စ် ဘက်ကင်ဘောင်ဝါ

ဝီကီပီးဒီးယား မှ
ဖရန့်တ်စ် ဘက်ကင်ဘောင်ဝါ
၂၀၁၉၌ တွေ့ရစဉ်
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံ ဖရန့်တ်စ် အန်တွန်း ဘက်ကင်ဘောင်ဝါ
မွေးသက္ကရာဇ် (1945-09-11) ၁၁ စက်တင်ဘာ၊ ၁၉၄၅ (အသက် ၇၈)
မွေးရပ်ဇာတိ မြူးနစ်မြို့၊ မဟာမိတ်တပ်များ သိမ်းယူထားသော ဂျာမနီ
အရပ်အမြင့် ၁.၈၁ m (၅ ft ၁၁  in)
ကစားသည့်နေရာ နောက်တန်း
လူငယ်ဘဝကလပ်များ
၁၉၅၁–၁၉၅၉ SC München von 1906
၁၉၅၉–၁၉၆၄ ဘိုင်ယန်း အငယ်တန်း အသင်း
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
၁၉၆၄–၁၉၇၇ ဘိုင်ယန်း မြူးနစ်အသင်း ၄၂၇ (၆၀)
၁၉၇၇–၁၉၈၀ နယူးယော့ခ် ကောဇ်မော့စ် ၈၀ (၁၇)
၁၉၈၀–၁၉၈၂ Hamburger SV ၂၈ (၀)
၁၉၈၃ နယူးယော့ခ် ကောဇ်မော့စ် ၂၅ (၂)
စုစုပေါင်း ၅၆၀ (၇၉)
နိုင်ငံကိုယ်စားပြုအသင်း
၁၉၆၄ အနောက်ဂျာမနီ လူငယ်အသင်း (၃)
၁၉၆၅ အနောက်ဂျာမနီ အသင်း(ခ) (၀)
၁၉၆၅–၁၉၇၇ အနောက်ဂျာမနီ ၁၀၃ (၁၄)
အုပ်ချုပ်ခဲ့သော အသင်းများ
၁၉၈၄–၁၉၉၀ အနောက်ဂျာမနီ
၁၉၉၀–၁၉၉၁ Marseille
၁၉၉၃–၁၉၉၄ ဘိုင်ယန်း မြူးနစ်အသင်း
၁၉၉၆ ဘိုင်ယန်း မြူးနစ်အသင်း

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်သည်။

† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

ဖရန့်တ်စ် အန်တွန်း ဘက်ကင်ဘောင်ဝါ (ဂျာမန်: Franz Anton Beckenbauer; ၁၉၄၅ စက်တင်ဘာ ၁၁ မွေးဖွား) သည် ဂျာမန် ဘောလုံးသမားနှင့် နည်းပြဟောင်း တစ်ဦးဖြစ်သည်။ ငယ်ရွယ်စဉ်ကစားသမားဘဝက ဂျာမန်လို ဒယ် ကိုင်းဆာ (Der Kaiser - ဧကရာဇ်) ဟူ၍ အမည်ပြောင်ကို ၎င်း၏ ကွင်းထဲ၌ ကြော့ရှင်းသောဟန်၊ လွှမ်းမိုးနိုင်စွမ်း၊ အုပ်ချုပ်နိုင်မှု တို့ကြောင့်ရခဲ့ကာ ၎င်း၏ပထမအမည် ဖရန့်တ်စ် သည် ဩစတြီးရီးယား ပြည့်ရှင်မင်းများနှင့်ပတ်သက်၍ ဆင်တူယိုးမှား အမည်ဖြစ်၏။ ဘောလုံးအားကစားသမိုင်းတစ်လျှောက်တွင် အကြီးကျယ်ဆုံးသော ကစားသမားများထဲမှ တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ကြသည်။[၁][၂] အလယ်တန်းလူအဖြစ် စတင်ပွဲထွက်ကစားခဲ့သူ စွယ်စုံရကစားသမား ဘင်ကင်ဘောင်ဝါသည် ဗဟိုခံစစ်မှူးအဖြစ် ကျော်ကြားလာခဲ့သည်။ ခေတ်သစ် 'နောက်ပိုင်း ခုခံကာကွယ်သူ'ဆိုသည့် ကဏ္ဍကို ဖန်တီးသူအဖြစ်လည်း မကြာခဏဆိုသလို ဂုဏ်ပြုမှတ်တမ်းတင်ကြသည်။[၃] ဥရောပ၏ တစ်နှစ်တာ အကောင်းဆုံးကစားသမားအဖြစ် နှစ်ကြိမ်ရွေးချယ်ခံခဲ့ရပြီး အနောက်ဂျာမနီ ဘောလုံးအသင်းအတွက် (၁၀၃) ပွဲကစားခဲ့၍ ဖီဖာ ကမ္ဘာ့ဖလား သုံးကြိမ်၊ ဥရောပဖလား နှစ်ကြိမ် ဆွတ်ခူးခဲ့သည်။ ကသားသမားဘဝနှင့် မန်နေဂျာဘဝနှစ်ခုစလုံး၌ ကမ္ဘာ့ဖလားရခဲ့သော ဘရာဇီးသား 'မာယျူး ဇဂါလူ' (Mário Zagallo) နှင့် ပြင်သစ်သား ဂျီဂျီး ဒေရှော်န် (ဒီဂျီး ဒေရှော်န်) (Didier Deschamps) တို့နှင့်အတူ ထိုသို့အောင်မြင်ခဲ့သော ပုဂ္ဂိုလ်သုံးဦးအနက် တစ်ဦးအပါအဝင် ဖြစ်လေသည်။ ၁၉၇၄-ကမ္ဘာ့ဖလားတွင် အသင်းခေါင်းဆောင်အဖြစ် ဖလားမြှောက်နိုင်ခဲ့ကာ ၁၉၉၀တွင်လည်း နည်းပြအဖြစ် ထပ်ကျော့အောင်မြင်မှု ရရှိခဲ့သည်။[၄] နိုင်ငံတကာ အဆင့်အတန်းအနေဖြင့် ကမ္ဘာ့ဖလားနှင့် ဥရောပဖလားကို ရယူခဲ့သော ပထမဆုံး အသင်းခေါင်းဆောင်လည်းဖြစ်ကာ ဥရောပချန်ပီယံလိဂ် ကိုလည်း ခေါင်းဆောင်အဖြစ် ရရှိခဲ့သူခည်းဖြစ်သည်။ ၁၉၉၈တွင် '၂၀ရာစု၏ ကမ္ဘာ့အသင်း' ၊ ၂၀၀၂တွင် ဖီဖာ ကမ္ဘာ့ဖလား အိပ်မက်အသင်း ၂၀၀၄တွင် သက်ရှိထင်ရှား ကြီးကျယ်သော ကစားသမား 'ဖီဖာ (၁၀၀)' စသည်တို့တွင် ပါဝင်ခဲ့သည်။[၅][၆]

ကလပ်အဆင့်အနေဖြင့် ဘိုင်ယန်း မြူးနစ် နှင့်အတူ ၁၉၆၇တွင် UEFA Cup Winners' Cup (ယခု ယူရိုပါလိဂ်) နှင့် ချန်ပီယံလိဂ်ကို သုံးနှစ်ဆက်တိုက်(၁၉၇၄-၇၆) ရရှိခဲ့သည်။ အသင်းခေါင်းဆောင်အဖြစ် ဥရောပချန်ပီယံလိဂ်ကို သုံးကြိမ်ရရှိသောသူဖြစ်သည်။ ဘိုင်ယန်း၏ အသင်းနည်းပြဖြစ်လာကာ နောက်ပိုင်းတွင် အသင်းဥက္ကဋ္ဌအဖြစ် လည်းထမ်းဆောင်ခဲ့သည်။ အမေရိကန်ကလပ် 'နယူးယော့ခ် ကော့ဇ်မောစ်' တွင် နှစ်ရာသီနည်းပြခဲ့ပြီး အမေရိကန် 'အမျိုးသားဘောလုံး ထင်ရှားကျော်ကြားသူများ ဂုဏ်ပြုမှု' သို့ ထည့်သွင်းလြင်းခံရသည်။

ဘက်ကင်ဘောင်ဝါသည် ဂျာမနီအသင်းကို ၂၀၀၆ ကမ္ဘာ့ဖလား လက်ခံကျင်းပရန် အောင်မြင်သည့်ဘကြိုးပမ်းမှုများပြုလုပ်ပေးခဲ့ပြီး ပွဲကျင်းပကော်မတီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ ရုပ်သံမီဒီယာ 'Sky Deutschland' ၏ ပညာရှင်အဖြစ် ဆောင်ရွက်ပြီး 'ဘစ်လ်တ်' (Bild) ဆိုက်သေး သတင်းစာပတွက် (၃၄) နှစ်တာ ပင်တိုင်ဆောင်းပါးရှင်အဖြစ်လည်း လုပ်ဆောင်ခဲ့သည်။ ရုပ်သံမီဒီယာ ပညာရှင်နှင့် ဆောင်းပါးရှင်အဖြစ် ၂၀၁၆ အထိ လုပ်ဆောင်ခြင်းဖြစ်သည်။[၇]

၂၀၁၆ ဩဂုတ်လတွင် ဘက်ကင်ဘောင်ဝါကို ၂၀၀၆ ကမ္ဘာ့ဖလား၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ငွေကြေးလိမ်လည်မှု၊ ငွေဖြူငွေမဲပြုလုပ်မှုဖြင့် စစ်ဆေးရန် ကြေညာခဲ့ပေသည်။[၈]

ကိုးကား[ပြင်ဆင်ရန်]

  1. Der Kaiser, the brains behind GermanyFIFA။ 9 April 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 July 2009 တွင် ပြန်စစ်ပြီး။
  2. Lawton၊ James။ "Franz Beckenbauer: The Kaiser"၊ The Independent၊ 3 June 2006။ 24 July 2009 တွင် ပြန်စစ်ပြီး။ Archived from the original on 27 February 2010။ 
  3. Franz Beckenbauer bio။ ifhof.com – International Football Hall of Fame။ 29 March 2008 တွင် ပြန်စစ်ပြီး။
  4. West၊ Jenna (15 July 2018)။ "Didier Deschamps Becomes Third to Win World Cup as Player and Manager"Sports Illustrated16 July 2018 တွင် ပြန်စစ်ပြီး
  5. "Pele's list of the greatest"၊ BBC Sport၊ 4 March 2004။ 16 November 2013 တွင် ပြန်စစ်ပြီး 
  6. Leme de Arruda၊ Marcelo (24 July 2014)။ World All-Time Teams။ RSSSF။ 27 July 2014 တွင် ပြန်စစ်ပြီး။
  7. "Franz sagt Servus" (in German)၊ 20 December 2016။ 
  8. Franz Beckenbauer investigated for corruption over 2006 World Cup - BBC News။ 1 September 2016 တွင် ပြန်စစ်ပြီး။